<div style='background-color: none transparent;'></div>

Home » » မြန်မာပြည်တွင် ပြည့်တန်ဆာ ရှိသည်......သို့သော်....

မြန်မာပြည်တွင် ပြည့်တန်ဆာ ရှိသည်......သို့သော်....


01 AUGUST 2013 | BY SHADE JOURNAL

မြန်မာပြည်တွင် ပြည့်တန်ဆာ ရှိသည်......သို့သော်....ပြည်ကြီး တန်ဆာဆိုသည့် အသုံးအသုံးနှင့် ပြည့်တန်ဆာ ဆိုသည်ကို ဘုရားရှင် လက်ထက် ကတည်းက သုံးလာခဲ့ကြောင်း သိရသည်။ သို့သော်လည်း ယခုခေတ်ကာလ ကမ္ဘာတစ်ဝှမ်းတွင် ခန္ဓာကိုယ်ရင်း၍ စီးပွားရှာဖွေ သူတိုင်းသည် ပြည့်တန်ဆာဟု မဆိုနိုင်၊ ထိုစဉ်က ထုတ်ဖော်သော စာများတွင် ပြည့်တန်ဆာတို့ တတ်ကျွမ်းအပ်သော အတတ်သိပ္ပံများကို တတ်ကျွမ်းဖို့ရာ မလွယ်ကူပေ၊ ထိုခေတ်က အနုပညာကလာ အတတ် ၁၈ ရပ်ကို တတ်ကျွမ်းပါမှသာ ပြည့်တန်ဆာဖြစ်နိုင်ခွင့် ရှိသောကြောင့်ပင်၊ ထို့အပြင် မွေးရာပါသည့် ရုပ်ဆင်း အင်္ဂါမှာလည်း သတ်မှတ်စံနှုန်းပြည့်မီ ပါမှ၊ ထို့ကြောင့် ယခုရေးမည့် စာ၏ ခေါင်းစဉ်ကို " မြန်မာပြည်တွင် ပြည့်တန်ဆာ ရှိသည်" ဆိုသည့်နောက်တွင် သို့သော် ဟု တပ်လိုက်ရခြင်း ဖြစ်ပေသည်။ အမှန်စင်စစ် ထိုအမည်နာမကို နားဝင်ပီယံ ဖြစ်စေဖို့ ယဉ်ကျေးသော အသုံးအနှုန်းဖြင့် ရေးသားခေါ် ဝေါ်နေခြင်းပင်၊ ထိုထိုသော အနုပညာကလာ အတတ် ၁၈ ရပ် တတ်ကျွမ်းသူမှသာ ပြည့်တန်ဆာအရာပေး၍ အရည်အချင်းမပြည့်မီ သူများကို သုတ်သင်ဖမ်းဆီးပါက " ပြည့်တန်ဆာ ကင်းစင်မြန်မာပြည် " ဖြစ်နေမည်မှာ သေချာသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အပြောအဆိုတွင် ဒဲ့ပြော၍ ပြောစကားတိုင်းတွင် စေတနာအပြည့်အဝ ပါသည်၊ ထို့ကြောင့် ပြောစကား ကြမ်းသည်၊ ထိုကြမ်းသောစကားသည် မှန်နေ၏၊ ဗိုလ်ချုပ်အောင်ဆန်းက တိုင်ပြည်လွှတ်လပ်ရေးနှင့် ပတ်သက်၍ အနှီမိန်းမတို့ကို စံပြု၍ " ဖာနိုင်ငံကြီး ဖြစ်သွားလိမ့်မယ် " ဟုဆိုခဲ့ဖူးသည်မှာ အားလုံးအသိပင်၊ ပြောချင်သည်က အသုံးအနှုန်းကိုပါ၊ ဟိုလူလာမျက်နှာ ချိုသွေးရ၊ ဒီလူ လာမျက်နှာချို သွေးရ ကာမျှနှင့် 'ဖာ'ဟု သုံးနှုန်းခဲ့ခြင်းပင်၊ မှန်ပေသည်၊ တကယ်တော့ အတတ်ပညာမပါပဲ ခန္ဓာကိုယ် ရင်း၍ စီးပွားရှာသူကို (မရိုသေစကား) 'ဖာသယ်' ဟုသာခေါ်ထိုက် ပေသည်။ ပြည့် တန်ဆာဆိုသော ဘွဲ့ထူးဂုဏ်ဒြပ်နှင့် လုံးဝမအပ်စပ်နိုင်ပေ၊ သို့သော်ဟု ဆိုထား ဘိသကဲ့သို့ ယဉ်ကျေးမှုအရ ပြည့်တန်ဆာဟုသာ နာမ်းစားသုံးမှသာ အဆင်ပြေမည်ဖြစ်သော ကြောင့်ပင်။
သော့ဂလောက် ရှိလျှင် တရားဝင်သော့တံ ရှိရပါလိမ့်မည်၊ လျှပ်စစ် ဓာတ်ဖြစ်ဖို့ရာ တွင်လည်း အဖိုအမ ဓာတ်ပေါင်းမှသာ လျှပ်စစ်ဓာတ် ထွက်ပေါ်လာတတ်ခြင်းမှာ လောကဓမ္မတာပင်ဖြစ်၏၊ ထို့ကြောင့် မိမိတို့ မြန်မာပြည်တွင် ပြည့်တန်ဆာ မရှိပါဟု မည်သူကငြင်းနိုင်မည် နည်း၊ ရန်ကုန် ကဲ့သို့သောမြို့ကြီး၏ အချက်အချာ သိမ်ကြီးဈေးအနီး တစ်ဝှိုက်တွင် ညနေစောင်းသည်နှင့် တွေ့နေရသူများလည်းမနည်း၊ မန္တလေးမြို့ ကျုံးပတ်ဝန်းကျင်နှင့် လူစည်ကားရာလမ်းမထက်တွင် နေ့ခင်းမရှောင်တွေ့နေရသည်များကလည်းမနည်း၊ ထို့အပြင် တရား ဝင်သလား၊ မဝင်သလားလည်းမသိ၊ မည်သူတွေ မည်သို့ပိုင်နိုင်၍ ယခုထိသက်တမ်းရှည်စွာ ဖွင့်ထားနိုင်သော နိုက်ကလပ်များကိုလည်း ရန်ကုန်သိမ်ကြီးဈေးဝန်ကျင်တွင် သက်သေထူလျက်ရှိနေသည်။
နိုက်ကလပ် ဆိုသော်ငြား ဝင်ကြေး သုံးထောင်လား၊လေးထောင် လားမသိတော့၊ ထိုဝင်ကြေးပေးကာ ဝင်ရသည်၊ အထဲရောက်သည်နှင့် ဝိတ်တာကဘီယာသံဗူးတစ်ဗူး(သို့) ဝီစကီ (ဘာဝီစကီမှန်းမသိ ၂ပက် မျှရှိမည်)ကို ကလပ်မှပြန်လည် ဧည့်ခံကြောင်း ပြောမည်၊ နှစ်သက်ရာ ရွေးချယ်နိုင်မည်၊ ဘီယာနှင့်ဝီစကီ သာမက ထိုထို ကလပ်ထဲတွင် အရွယ် စုံ အမျိုးစုံပြည့်တန်ဆာများကိုလည်း ရွေးချယ်နိုင်မည်၊ ထိုသို့ သော ကလပ်တွင် ၆၀ ကျော် ၇၀ လောက်ရှိမည့် အမျိုးသမီးများ ဥဒဟို သွားလာနေကြသည်၊ များမှများ၊ ကလပ်သို့ လာသူများမှာ ဥရောပ၊ အာရှ စသော လူမျိုးခြားအမျိုးမျိုးတွေသာများသည်၊ ဤသည်မှာ " မြန်မာပြည်တွင် ပြည့်တန်ဆာ ရှိသည်"ဆိုသော ခေါင်းစည်းကိုသက်သေ ပြုနေခြင်းပင်။ ဥရောပနိုင်ငံများနှင့်ပြည့်တန်ဆာ ဥရောပနိုင်ငံများတွင် ဖိုမဆက်ဆံရေး ကိစ္စများမှာ သူတို့ ယဉ်ကျေးမှုနှင့်တွက်ဆလျှင် မည်သို့မှ အရေးမကြီးချေ၊ အိမ်ထောင်ပြု သည့် ကိစ္စကိုပင်ကြည့်နိုင်သည်၊ ကလေး သုံးလေးယောက်ရနေ ပါလျက် အိမ်ထောင်ပြုရန်ကိစ္စ စည်းစားချင်မှစဉ်းစားမည်၊ သမီးရည်း စားမဖြစ်မီ အတွဲဖော်မှာပင် လင်မယားကိစ္စပြီးနေကြသည်၊သို့သော် လည်း ထိုသို့သော နိုင်ငံများတွင်လည်း ပြည့်တန်ဆာရှိမြဲ၊ရှိဆဲပင်။ ထိုင်းနိုငံနှင့်ပြည့်တန်ဆာ ဂြိုဟ်တုစလောင်းတွင် ရှိသော ထိုင်းရုပ်သံလိုင်းများတွင် နိုင်ငံ တကာ ခရီးသွားဧည့်သည်များအတွက် ပြည့်တန်ဆာကြော်ငြာပေး နေသော ရုပ်သံလိုင်းများပါရှိသည်။ အတွင်းခံအင်္ကျီနှင့် ထိုင်းအမျိုး သမီးလေးများ၏ ကိုယ်ဟန်ပြပုံများနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ် များကိုဖော်ပြထားသည်မှာ အဆိုပါနိုင်ငံ၏ မီးခိုးတိတ်စက်ရုံ၏ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းတစ်ခုကိုမြင်နေရပေသည်။
ဂျပန်နိုင်ငံနှင့် ပြည့်တန်ဆာ
ဂျပန်နိုင်ငံတွင် ပြည့်တန်ဆာများကို လမ်းမပေါ်တွင်တွေ့နိုင်ရခဲ လေသည်၊ တစ်နေ့တာ အတွက် အစားအသောက် မီနူးကို စားသောက် ဆိုင်ကကြေညာ သကဲ့သို့ မိမိအိမ်၏ စာပို့သေတ္တာတွင် မိမိနေသော မြို့မှပြည့်တန်ဆာ လုပ်ကိုင်မည့်သူ၏ လက်ကမ်းကြော်ငြာကိုတွေ့နိုင် ပါသည်၊ ထိုလက်ကမ်းကြော်ငြာကို ရောင်စုံရိုက်နှိပ်ထားပြီး ပြည့်တန်ဆာ လုပ်မည့် သူ၏ ပုံကိုလည်းဖော်ပြကာ တစ်နာရီ ဈေးနှုန်း၊ နာရီဝက် ဈေး နှုန်းဖြင့်ပျော်ပါး နိုင်ကြောင်း ပါရှိသည်၊ ထို့အပြင် နေ့စဉ်ထုတ် သတင်းစာ များတွင်လည်း ဓာတ်ပုံနှင့်တကွ ဖုန်းနံပါတ်၊ ဈေးနှုန်းတို့ ပါရှိသည်၊ ထိုသို့ပျော်ပါးရန် ဟိုတယ်များမှာလည်း သီးသန့်ရှိကြ၏၊
ဂျပန်နိုင်ငံနှင့် မိန်းမလျာပြည့်တန်ဆာ
အိုဆာကာ တာဝါအနီးတွင် အပြာကားများ သီးသန့်ပြသော ရုပ်ရှင်ရုံများရှိသည်။ ထိုရုပ်ရှင်ရုံများအနီးတွင် မန္တလေးလမ်းမအချို့၌ ရပ်နေကြသောပြည့်တန်ဆာများကဲ့သို့ညနေစောင်းသည်နှင့် ဟိုတစ်စ သည်တစ်စ ပေါများလှသည်။ မေးကြည့်သောအခါတွင် မိန်းကလေး များမဟုတ်ပဲ မိန်းမလျာများဖြစ်ကြောင်းသိရသည်၊ မိန်းမလျာပြည့် တန်ဆာများကလည်း ဈေးကွက်ဝင်နေကြပါသည်၊ အသက် ၁၈ ဝန်းကျင်မှ အသက် ၆၀ဝန်းကျင်အထိ မိန်းမလျာများကိုတွေရသည်၊ သူတို့က မိန်းကလေးအစစ်များထက်ဈေးပိုကြောင်းသိရသည်၊ မိမိတို့ မှာ အိုဆာကာတာဝါပေါ်သို့တက်ပြီး အပြန်တွင် စောစောကတွေ့ရ သော မိန်းမလျာများ တစ်ယောက်တစ်လေသာတွေ့ရတော့သည်၊ ကျန်သည်မှာလည်း ၆၀ ဝန်းကျင်ရှိသော သက်ကြီးမိန်းမလျာများ သာ၊ မိုးချုပ်ညဥ့်နက်လျင် ကျန်သူများလည်းအလုပ်ဖြစ်ကြောင်းသိ ယောကျာ်းများကခေါ်ဆောင်သွားကြခြင်းဖြစ်ကြောင်းသိရသည်။
ဂျပန်နိုင်ငံနှင့်ယောကျာ်းပြည့်တန်ဆာ
ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ မြေအောက်မြို့တော်သို့ မြေအောက် ရထားစီး၍ရောက်ခဲ့သည်၊ အမျိုးသမီး ပြည့်တန်ဆာများအပြင် ကုတ်အင်္ကျီအနက်ရောင် စတိုင်လ်ကျကျနှင့် လမ်းထောင့်များတွင် ရပ်နေသော အသက်ငယ်ရွယ်သော အမျိုးသားများကိုတွေ့ခဲ့ရသည်၊ မေးကြည့်သောအခါထိုအမျိုးသားလေးများမှာယောကျာ်းပြည့်တန်ဆာ ဖြစ်ကြောင်းသိရသည်၊ သူတို့ကိုအထီးကျန်ဖြစ်နေသောအမျိုးသမီး များက အခကြေးငွေပေး၍ပျော်ပါးရကြောင်းသိရသည်။
မြန်မာပြည်တွင်လည်း အမျိုးသမီးပြည့်တန်ဆာတင်မကပဲ ကြေးစားအမျိုးသားများ ရှိကြောင်း လွန်ခဲ့သော ၁၀ နှစ်ဝန်ကျင်က တည်းက ကြားသိခဲ့ရ ဖူးသည်၊ ထိုအချိန်က ရန်ကုန် သိမ်ကြီးဈေး ဂုံးကျော် တံတားပေါ်တွင် ' ခွက်မှောက်ခွက်လှန် ' ဟုကြားဖူးသည်၊ အမျိုးသားများ ကတံတားပေါ်တွင်မှောက်ထားသော ခွက်ကို အမျိုးသမီး တစ်ဦးက ခွက်လှန်သွားလျှင် ဈေးစကားပြောရုံဟု သိရ၏၊ ယခုအခါ တွင် ခေတ်ကာလပြောင်းလဲ၍ အမျိုးသားများက ' နှင်းဆီအထာ' ဟု သိနေရပြန် ပါသည်၊ အမျိုးသား ကိုင်ဆောင်ထားသော နှင်းဆီ ပန်းကို ယူကြည့်သည်နှင့် ဇာတ်လမ်းစကြောင်း သိရပြန်ပါသည်။ မည်သို့ပင် ဆိုစေကာမူ ထိုထိုကိစ္စများကို သာမာန်ပြည်သူတစ်ဦး ကသိနေပါလျက် အုပ်ချုပ်သူများကပဲ တရားမဝင်သောနည်းဖြင့် တရာဝင်ခွင့်ပြုထားသည်လားဟုတွေးစရာပင်၊ စောစောက ဆိုသကဲ့ သို့ ယောကျာ်းရောမိန်မများပါ ' ပြည့်တန်ဆာ'တော့ မဖြစ်နိုင်ချေ၊ ယောကျာ်းပျက်၊ မိန်းမပျက်များဟု ဆိုချင်သည်၊ ထို့ကြောင့် " မြန်မာပြည် တွင် ပြည့်တန်ဆာရှိသည်၊ သို့သော် ..."ဟု ဆိုလိုက်ရ ပေသည်။

အေးချမ်းမွန်................
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map