<div style='background-color: none transparent;'></div>

Home » » မိန်းကလေးအကြောင်းလည်းတင်ဦးမယ်.

မိန်းကလေးအကြောင်းလည်းတင်ဦးမယ်.


မိန်းကလေးအကြောင်းလည်းတင်ဦးမယ်..
 တော်ကြာ ဘက်လိုက်တယ်ဖြစ်မှာစိုးလို့...
ဒါပေမယ့် အောက်ကစာမဖတ်ခင် ဒီစာကိုအရင်ဆုံး ဖတ်ပေးပါလို့ တောင်းဆိုပါတယ်။ 
 အောက်ကစာကိုဖတ်ပြီး "ဟင့်.. သူကရော ဘာမို့လို့လဲ"ဆိုတဲ့အတွေးမျိုးဝင်သွားခဲ့ရင်.. ဟုတ်ကဲ့.. နိုင်းနိုင်းစနေ ဘာမှမဟုတ်ပါ.. သာမန်မိန်းကလေးထဲက သာမန်မိန်းကလေးတစ်ယောက်ပါ။ ခြောက်ပစ်ကင်းသူတစ်ယောက် မဟုတ်ပါ။ သာမန်လူများလုပ်တတ်တဲ့အရာတွေကို နိုင်းနိုင်းစနေလည်း လုပ်တတ်ပါတယ်.. နည်းနည်းလုပ်တာနဲ့ များများလုပ်တာပဲ ကွာပါတယ်။ အောက်မှာရေးထားတဲ့ စာတွေက နိုင်းနိုင်းစနေကို တိုက်ရိုက်ရည်ညွှန်းပါတယ်။ အပျင်းပြေဖတ်ဖို့ မျှဝေပါတယ်။ တခြားလူပုံသုံးရင်လည်း တခြားလူကို ထိခိုက်မိမှာစိုးလို့ နိုင်းနိုင်းစနေရဲ့ဟိုးငယ်ငယ်တုန်းကပုံကိုပဲ သုံးထားပါတယ်။ မျက်နှာမြင် ရိုက်ချင်ပါစေ..
 
(၁) အတင်းပြောသောမိန်းမ
BMWကုမ္ပဏီမှထုတ်သောကားများကို ယောက်ျားများကြိုက်ကြသော်လည်း BMW (Big Mouth Women)မိန်းကလေးများကိုတော့ လန့်တတ်ကြသည်။ ထိုမိန်းကလေးမျိုးသည် တစ်အိမ်တက်ဆင်းဖြင့် အတင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့သောသူဖြစ်သည်။ တစ်ခါတရံ သူမပြောသော စကားများသည် အမှန်ဖြစ်ကြောင်း ယောက်ျားသားများကို သူမအားထောက်ခံရန် မဲဆွယ်တတ်သေးသည်။ တချို့ ယောက်ျားလေးများက မထောက်ခံလျှင် သူမသာ အမှန်ဖြစ်ကြောင်း ငြင်းချက်များထုတ်တတ်သေးသည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ပြုမိပါက ယောက္ခမနှင့် ချွေးမတို့၏စစ်ပွဲ စတင်ခြင်းပင်ဖြစ်သည်။ ၄င်းအပြင် ဆွေမျိုးသားချင်း သူငယ်ချင်းများကပါ စက်ကွင်း မလွတ်နိုင်တော့ချေ။ အတင်းပြောတတ်သော မမှန်မကန် စကားပြောတတ်သော မိန်းကလေးများကို ယောက်ျားလေးများသာမက မိန်းကလေးများလည်း ဝေးဝေးရှောင်နိုင်ရမည်။ သူမ၏ မမှန်မကန်ပြောသော စကားလေပွေထဲတွင် ဝင်မပါမိအောင် သတိထားရမည်ဖြစ်သည်။

(၂)စကားများသောမိန်းမ
ထိုမိန်းကလေးမျိုးသည် စကားပြောရတွင် မိမိပြောချင်ရာ ဇွတ်ပြောတတ်သည် ၊ စဉ်းစားဆင်ခြင်မှု နည်းသည်။ မပြောသင့်သော စကားကို အချိန်အခါမဟုတ် မပြောထိုက်သောလူကို ပြောတတ်သည်။ ဆွေမျိုးသားချင်း သူငယ်ချင်းများကြားတွင် အထင်လွဲစရာဖြစ်အောင် ပြောခြင်း၊ သူတစ်ပါး သိက္ခာကျအောင်၊ လေးစားမှုလျော့အောင်ပြောခြင်းများ ပြုလုပ်တတ်သည်။ ကိုယ့်ကိုယ်ကို သွက်လက်ချက်ချာသည်ဟု အထင်ကြီးနေတတ်သူဖြစ်သည်။

(၃) ခိုင်းနှိုင်းတတ်သောမိန်းမ
ထိုမိန်းကလေးမျိုးသည် စိတ်အနှောင့်အယှက် အပေးဆုံးမိန်းကလေးဖြစ်သည်။ ဘယ်အရာမဆို နှိုင်းယဉ်နေတတ်သည်။ တစ်ခြားမိန်းကလေး၏ ရည်းစား(သို့) ယောက်ျားကို နှိုင်းယှဉ်ကြည့်ပြီး ကိုယ့်ချစ်သူ(သို့) ကိုယ့်ယောက်ျားကို အသုံးမကျသောယောက်ျားဟု လက်ညိုးထိုးပြီး ဆဲတတ်သော မိန်းကလေးမျိုးဖြစ်သည်။ တကယ်တမ်းဆိုရလျှင် အသုံးဝင်သောယောက်ျားကို သူမ ရွေးချယ်သင့်ပြီး ထိုအသုံးမဝင်သော ရည်းစား(သို့) ယောက်ျားအတွက် စိတ်မတိုနေသင့်ပေ။ တစ်ခြားသူနှင့် နှိုင်းယဉ်ပြီး ဆဲနေစရာမလိုပေ။ မိမိ ရွေးယူထားသောကြောင့် မိမိကိုယ်သာလျှင် အပြစ်တင်ရမည်ဖြစ်သည်။ လူတိုင်းတွင် အရည်အချင်းတစ်ခုစီ ရှိတတ်ကြသည်။ ယောက်ျားလေးတစ်ယောက် မိမိကိုယ်ကို ယုံကြည်မှုနည်းသွားအောင် တစ်ခြားလူနှင့် ခိုင်းနှိုင်းပြီး မဆဲသင့်ပေ။ ထိုယောက်ျားလေးအတွက် ကံမကောင်းဆုံးအရာ အသုံးမကျဆုံး အရာမှာ ထိုမိန်းကလေးမျိုးကို ရွေးမိခြင်းပင်ဖြစ်သည်။


(၄) နှုတ်ကြမ်းသောမိန်းမ
စကားပြောကြမ်းသော မိန်းကလေးမျိုးသည် လုပ်ငန်းခွင်တွင်ဖြစ်စေ၊ ပတ်ဝန်းကျင်တွင်ဖြစ်စေ ဆက်ဆံရခက်သောမိန်းမဟု နာမည်ကြီးတတ်သည်။ ပစ္စည်းတစ်ခုသွားဝယ်သည်ဖြစ်စေ၊ အစားသွားစားသည်ဖြစ်စေ ဆိုင်ဝန်ထမ်းနှင့်ရန်ဖြစ်ခဲ့ရမှ ကျေနပ်သော မိန်းကလေးမျိုးဖြစ်သည်။ ယောက်ျားလေးများက ထိုမိန်းကလေးမျိုးနှင့် အတူအပြင်ထွက်မိလျှင် ရှက်လွန်း၍ မျက်နှာဖွက်ထားစရာမရှိအောင် ဖြစ်တတ်သောကြောင့် သူမနှင့် မရင်းနှီးသလိုဟန်ဆောင်က ခပ်လှမ်းလှမ်းတွင် နေချင်ကြသည်။ ထစ်ခနဲဆိုရန်ဖြစ်ချင်သော နှုတ်ကြမ်းသော မိန်းကလေးမျိုးကို လက်ထပ်ပြီး မိဘနှင့်အတူနေရမည့်ပုံရိပ်ကို မြင်ယောင်ဖူးပါသလား။ ထိုမိန်းကလေးမျိုးကို ရွေးချယ်မည့်အစား သူမလောက် အသုံးမဝင်သော၊ တုံးအသော၊ သာမန်သော မိန်းကလေးမျိုးကိုသာ ယောက်ျားလေးအများစုက ရွေးချယ်မည်ပင်။

(၅) သဝန်တိုလွယ်သောမိန်းမ
ထိုမိန်းကလေးမျိုးသည် မိမိကိုယ်ကို ယုံကြည်မှုနည်းသလို တစ်ပါးသူကိုလည်း မယုံကြည်သော မိန်းကလေးဖြစ်သည်။ ယောက်ျားလေး အသက်ရှူမချောင် နိုင်လောက်အောင် ချုပ်ချယ်တတ်သော မိန်းကလေးမျိုးလည်းဖြစ်သည်။ သံသယစိတ်ဝင်လာလျှင် ရှင်းပြတာကိုနားထောင်မနေဘဲ သဝန်တို စိတ်ကောက်ဖို့က ပထမပင်။ သူမ၏ရည်းစား(သို့) ယောက်ျား၏ သူငယ်ချင်းများကိုလည်း မိမိရည်းစားနှင့် အပေါင်းအသင်းမလုပ်ရန် ပြောတတ်သောကြောင့် သူငယ်ချင်းများက ထိုမိန်းမမျိုးနှင့်ပတ်သက်သော ယောက်ျားလေးကိုပါ ရှောင်လာတတ်ကြသည်။ ထိုအခါ ယောက်ျားလေးမှာ အကျဉ်းချထားသလို ခံစားရသော်လည်း မိန်းကလေးမှာမှု ပျော်ရွှင်နေတတ်သည်။ လူဆိုသည်မှာ အဖွဲ့အစည်း အသိုင်းအဝန်းနှင့်နေသော အမျိုးဖြစ်သည်။ အသက်ရှူရန် နေရာလေးတစ်ခု ချန်မထားဘဲ ချုပ်ချယ်တတ်သော ထိုမိန်းကလေးမျိုးကို ယောက်ျားလေးများက ရှောင်ချင်ကြသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map