<div style='background-color: none transparent;'></div>

Home » » ရန်အောင်၊ မေသန်းနု၊ စိုးမြတ်သူဇာနှင့် မေသဉ္ဇာဦးတို့ ပူးပေါင်း၍ ဧည့်ခံပွဲ အမျိုးမျိုးအတွက် စီစဉ်ပေးမည့် ဆိုင်ဖွင့်လှစ်

ရန်အောင်၊ မေသန်းနု၊ စိုးမြတ်သူဇာနှင့် မေသဉ္ဇာဦးတို့ ပူးပေါင်း၍ ဧည့်ခံပွဲ အမျိုးမျိုးအတွက် စီစဉ်ပေးမည့် ဆိုင်ဖွင့်လှစ်

အကယ်ဒမီ ရုပ်ရှင် အနုပညာရှင်ကြီးများ ဖြစ်ကြသော အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ မေသဉ္ဇာဦးနှင့် မြင့်မြတ်ဦး (Goal Hotel)၊ ဦးလှဌေး (MD, ရှမ်းရိုးမ ခရီးသွားလုပ်ငန်း)၊ ဦးချိုကြီး(MD,Super Star Model Agency)နှင့် သရုပ်ဆောင် ဇွဲထန်တို့ အကျိုးတူ ပူးပေါင်းပြီး Royal Stars Gift Shop & Event Plannerဆိုင်ကို ၂၇-၇-၂၀၁၃ ရက်က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ရန်ရှင်းလမ်း၊ ရွှေအုန်းပင်အိမ်ရာ၊ တိုက် ၃၉ အမှတ်-၂ ၌ ဖွင့်လှစ်ခဲ့သည်။
ယင်းဆိုင်အနေဖြင့် စေ့စပ် လက်ထပ်မင်္ဂလာ အခမ်းအနား၊ ရှင်ပြုနားသ အခမ်းအနား၊ ကုမ္ပဏီ ဖွင့်ပွဲ၊ ဧည့်ခံပွဲ အမျိုးမျိုး၊ ဂိမ်းအစီအစဉ်များ စီစဉ်ပေးခြင်း၊ စေ့စပ်၊ လက်ထပ် လက်စွပ် အော်ဒါ ပြုလုပ်ပေးခြင်း၊ Package အလိုက် စီစဉ်ပေးခြင်း၊ ပြည်တွင်းပြည်ပ ပွဲအမျိုးမျိုးအတွက် ရုပ်ရှင်ဂီတ၊ သဘင်၊ မော်ဒယ်လ်၊ Dancerနှင့် မြန်မာ့ရိုးရာ အကအလှများ စီစဉ် ဆောင်ရွက်ပေးခြင်း၊ မင်္ဂလာဆောင် အခမ်းအနားများ အတွက် လိုအပ်သော အခမ်းအနားမှူး၊ မင်္ဂလာဝတ်စုံ၊ မင်္ဂလာကား အလှဆင်ခြင်း၊ ဆံပင်၊ မိတ်ကပ် လက်ဝတ်ရတနာ၊ ဖိတ်စာနှင့် လက်ဆောင်ကမ်းရန် ပစ္စည်းအမျိုးမျိုး ဓာတ်ပုံ ဗီဒီယို၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ပန်းကုံး၊ ပန်းခြင်း၊ ပန်းစည်း အမျိုးမျိုး ဆောင်ရွက်ပေးခြင်း အပြင် မင်္ဂလာဇနီးမောင်နှံများ အတွက် ပြည်တွင်း ပြည်ပ ဟန်းနီးမွန်း ခရီးစဉ်များကိုလည်း စီစဉ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အကယ်ဒမီ စိုးမြတ်သူဇာက -'' မကြီးမှာက ဘာစီးပွားရေးမှ မရှိဘူး၊ ပိုက်ဆံရမယ့် ကိစ္စ ဆိုလို့ ရုပ်ရှင်ရိုက်တဲ့ အလုပ်ကိစ္စက လွဲလို့ ဘာမှလည်း မလုပ်တတ်ဘူး။ ဒါဒါကတော့ ပိုးထည်ဆိုင် ဖွင့်ထားတယ်။ စီးပွားရေးဆိုလို့ အခုမှ ပြုလုပ်ဖြစ်တာ။ ဒီအလုပ်ကလည်း ရေရှည်မှာ ဘယ်လို ဖြစ်လာမယ်ဆိုတာ မပြောတတ်ပါဘူး၊ မကြီး အသက်ကလည်း ကြီးလာပြီလေ။ ခေတ်ကာလ အခြေအနေအရ မလုပ်မဖြစ်လို့ လုပ်တာပါ ''ဟု ပြောကြားသည်။

ပြည်မြန်မာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map