<div style='background-color: none transparent;'></div>

Home » » စပါး၏ တွစ်တာအကောင့်သစ်တွင် ဘေးလ် မပါဝင်ခဲ့

စပါး၏ တွစ်တာအကောင့်သစ်တွင် ဘေးလ် မပါဝင်ခဲ့



တွစ်တာ အကောင့်သစ် လုပ်ခဲ့သည့် စပါးမှာ ရီးရဲလ်သို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်နေသည့် ဂါရတ်ဘေးလ်၏ပုံရိပ်ကို ဖယ်ရှားပစ်ခဲ့သည်။ စပါး၏ တွစ်တာ အကောင့်ဟောင်းတွင် ဘေးလ်နှင့် ဒမ့်ဆေးတို့ ပုံရိပ်များ အသုံးပြုခဲ့သော်လည်း ဆီယက်တယ်ဆောင်းဒါးသို့ ဒမ့်ဆေး ပြောင်းရွှေ့
ခဲ့ပြီးနောက် အကောင့်သစ် ပြုလုပ်ခဲ့သော စပါးမှာ ၎င်း၏ ပုံရိပ်ကို ဖယ်ရှားခဲ့ပြီး ဘေးလ်၏ ပုံရိပ်ကိုပါ အသုံးမပြုခဲ့ခြင်းဖြစ်သည်။

စပါး၏ တွစ်တာအကောင့်သစ်တွင် ဒမ်ဘီလီ၊ လန်နွန်တို့၏ ရုပ်ပုံများ အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယင်းအတွက်ကြောင့်ရီးရဲလ်သို့ ဘေးလ်
ရောက်တော့မည်ဟူသောသတင်းများ ပိုမိုထွက်ပေါ်လာခဲ့သည်။ ထို့အပြင် အင်္ဂလန် သတင်းစာများ၏ ရေးသားချက်အရ စပါးဥက္ကဋ္ဌ လီဗိုင်းနှင့် ရီးရဲလ် တာဝန်ရှိသူတို့မှာ အပြောင်းအရွှေ့အတွက် တစ်စိတ်တစ်ပိုင်း သဘောတူညီမှု ရခဲ့ပြီး ပေါင် ၈၇သန်းဖြင့် အပြောင်းအရွှေ့ ဖြစ်မည်ဟု သိရသည်။
http://yoyarlay.com/sport/football/37004-2013-08-06-16-39-31
ဇော်ထွန်း(ရိုးရာလေး)..................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map