သရုပ်ဆောင် မင်းသမီး တစ်ယောက်အဖြစ် ပရိသတ် အားပေးမှု တွေနဲ့ ကြိုးစားနေတဲ့ စိုးမြတ်သူဇာက
ဝတ္ထုတွေကိုလည်း ရေးတတ် သူပါ။ ဒီလို စာပေဘက်ကို ဝါသနာထုံ စွာ ရေးသားတဲ့ စိုးမြတ်သူဇာက အခု
အချိန် မှာတော့ ‘ရုပ်ရှင် မင်းသမီး’ ဆိုတဲ့ ဝတ္ထုကို ရေးဖြစ်နေတာနဲ့ ပတ်သက်ပြီး “စာနဲ့
ပတ်သက်ပြီး လောလောဆယ်မှာ ရေးနေတဲ့ ဝတ္ထုက မပြီးသေးဘူး။ အဲဒါ ကလည်း ၏
အချိန်ပေးပြီး ရေးရမယ်။ ကြာနေပြီလေ။ စာအုပ်နဲ့ ပတ်သက်ပြီး အစ ကတည်းက မကြီးက ဝတ္ထုရေးတဲ့
အလုပ်ကို ပရော်ဖက်ရှင် နယ်ကြီး လုပ်ခဲ့တာ မဟုတ်ဘူး။ ဝါသနာပါလို့၊ လုပ်ချင်လို့လုပ်တာ။ အခုအချိန်မှာ
အလုပ် တွေကလည်း များနေတော့ မရေးနိုင်ဘူး။
ဒါပေမဲ့မကြီး ‘ရုပ်ရှင် မင်းသမီး’ ဝတ္ထုကိုတော့ ပြီးအောင်ရေး မှာပါ။ မပြီး မှာပဲစိုး ရိမ်နေတာ။ ဒီ’ရုပ်ရှင်မင်း
သမီး’ဆိုတဲ့ ဝတ္ထုထဲမှာက ရုပ်ရှင် မင်းသမီး အကြောင်းတွေ ပဲ ရေးမှာ။ ရေးတဲ့ အကြောင်း ကလည်း
အကောင်းတွေပဲရေး ချင်တာ။ ဘာ ဖြစ်လို့လဲ ဆိုတော့ လူတိုင်းက ကိုယ့်ပေတံနဲ့ကိုယ် တိုင်းနေကြ တာ။
သူတို့ ဘက်ကကြည့်ရင် သူတို့ မှန်သလို ကိုယ့်ဘက် ကကြည့်ရင် လည်း ကိုယ်မှန် တာပဲ။ အားလုံးက
ကိုယ့် ခံစားချက်နဲ့ကိုယ် လုပ်နေကြတာလေ။
အဲဒါ လေးတွေကိုလည်း တင်ပြချင်တယ်။ ရုပ်ရှင် မင်းသမီးတွေရဲ့ ဘဝကိုလည်း ပြော ပြ ချင်တယ်။
အမြင်စောင်းတာတွေ ခံရတာတွေ၊ ကောင်းတဲ့ သူရှိသလို၊ မကောင်းတဲ့ သူတွေလည်းရှိ တယ်။
မကောင်းတဲ့ သူတွေကလည်း လောကမှာ ဘယ်သူကမှ မကောင်းတာ မဖြစ်ချင်ဘူး။ ကောင်း ချင်ကြတဲ့
သူတွေချည်းပဲ။ ကောင်းမယ်ထင်လို့ လုပ်ကြတာ။ လုပ်ပြီးမှ ကောင်းတာ၊ မကောင်းတာ
ဆိုတာဖြစ်ရတာလေ။ အဲဒါလေးေ တွကို နားလည်ပေးဖို့ပါပဲ။ ဘယ်သူကမှ ရည် ရွယ်ချက်ကြီး နဲ့တော့
မလုပ်ကြဘူး ထင်ပါတယ်။ ဒါလေးတွေ ရေးပြချင်တာ။ ပရိသတ်တွေ နည်းနည်းစိတ်လေးရှည်
ပြီး စောင့်ပေး ကြပါ” လို့ ပြောပြပါတယ်။
yoyarlay

0 comments:
Post a Comment