<div style='background-color: none transparent;'></div>

Home » » မနှစ်ကနေရာ ========

မနှစ်ကနေရာ ========



မုဆိုးနှစ်ယောက်သည် လေယာဉ်ငယ် တစ်စီးကို စင်းလုံးငှားပြီး အာဖရိက တောနက်ထဲသို့ အမဲပစ် ထွက်လာကြသည်

၂ ပတ်ခန့် ကြာသောအခါ ထိုလေယာဉ်ငယ်လေးသည် မုဆိုးနှစ်ယောက်အား ပြန်လာခေါ်လေသည် ။

မုဆိုးနှစ်ယောက်သည် သူတို့ ပစ်ထားသော သမင်ကြီး ၂ ကောင်အား လေယာဉ်ပေါ် တင်နေသည်ကို တွေ့သဖြင့် လေယာဉ်မှူးမှ ...

" ဟာ....မဖြစ်ဘူးလေဗျာ ... လေယာဉ်ပေါ်ကို ခင်ဗျားတို့ နှစ်ယောက်နဲ့ သမင်တစ်ကောင်နဲ့ပဲ တင်လို့ရမယ် ... ကျန်တစ်ကောင်ကိုတော့ ဒီအတိုင်း ထားခဲ့မှ ရမယ် ..."

ထိုအခါ မုဆိုးနှစ်ဦးမှ ....

" ရပါတယ်ဗျာ ... မနှစ်ကလဲ ဒီလိုလေယာဉ်မျိုးနဲ့ပဲ ပြန်တာပဲဗျ ... အဲဒီတုန်းက လေယာဉ်မှူးလည်း တင်ခဲ့တာပဲ ...ဗျ..."

လေယာဉ်မှူးလည်း ....

" ဒါဆိုလဲ ကောင်းပြီလေ ... မနှစ်က ရတယ်ဆိုရင် အခုလဲ ရမှာပေါ့ "

သို့နှင့် မုဆိုးနှစ်ယောက်မှ သမင် ၂ ကောင်အား လေယာဉ်ပေါ်သို့ တင်ဆောင်ပြီး ထွက်ခွာလာခဲ့ကြသည် ။

မကြာမီ... လေယာဉ်မှာ အလေးချိန် ပိုတင်လာသဖြင့် အမြင့်ကို ပျံတက်ရန် အခက်အခဲရှိလာသည် ။

နောက်ဆုံးတော့ တောင်ကုန်းတစ်ကုန်းကိုပင် ဖြတ်ကျော်ရန် မတတ်နိုင်တော့ပဲ လေယာဉ်မှာ ပျက်ကျသွားလေသည် ။

ထို့နောက်မှာတော့ မြေပြင်ပေါ်ရှိ လေယာဉ်ပျက်ထဲမှ မုဆိုးနှစ်ယောက် ထွက်လာပြီး မုဆိုးတစ်ယောက်က ....

" တို့ ဘယ်နေရာ ရောက်နေတာလဲကွ " ဟု မေးလိုက်သည် ။

နောက်မုဆိုး တစ်ယောက်လည်း အနီးပတ်ဝန်းကျင်ကို လျှောက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်မှာ....

" တို့...မနှစ်က ပျက်ကျတဲ့ နေရာနားလောက်မှာလို့ ထင်တာပဲ..ကွ..." တဲ့ ။ ။
 
 
 
Myawady News
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map