<div style='background-color: none transparent;'></div>

Home » » အင်္ဂလန်အတွက် ငါးနှစ်အတွင်း အဆိုးရွားဆုံး ကမ္ဘာ့အဆင့် သတ်မှတ်ချက်ဖြစ်လာ

အင်္ဂလန်အတွက် ငါးနှစ်အတွင်း အဆိုးရွားဆုံး ကမ္ဘာ့အဆင့် သတ်မှတ်ချက်ဖြစ်လာ



ဇူလိုင်လအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များကို ဖီဖာမှ ထုတ်ပြန်ခဲ့ရာတွင် တိုက်ကြီးများဖလား ချန်ပီယံ ဘရာဇီးမှာ
အဆင့် ၁၃ဆင့် မြင့်တက်လာခဲ့ပြီး အဆင့် ၉ နေရာတွင် ရပ်တည်ခဲ့သည်။ အဆင့် ၁နေရာတွင် စပိန်သာ ဆက်လက် ရပ်တည်ခဲ့ကာ အဆင့် ၂ နေရာ၌လည်း ယခင်လ ထုတ်ပြန်ချက်အတိုင်း ဂျာမနီသာ ရှိနေခဲ့သည်။

သို့သော် နာမည်ကျော် အင်္ဂလန်မှာ ငါးနှစ်အတွင်း အဆိုးရွားဆုံး ရပ်တည်မှုဖြစ်သည့် အဆင့် ၁၅ နေရာထိ ကျဆင်းခဲ့ပြီး ဘော့စနီးယား၊ အိုင်ဗရီကို့စ်၊ ဂရိတို့၏နောက်တွင် ရပ်တည်နေခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကိုလံဘီယာမှာ အဆင့် ၃နေရာထိ တက်လှမ်းလာနိုင်ခဲ့ပြီး ဘယ်ဂျီယံမှာလည်း ၎င်းတို့၏အသင်း သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ထိပ်သီး၁၀သင်း စာရင်းဝင်ခဲ့သည်။
http://yoyarlay.com/sport/football/36479-2013-07-04-18-13-24

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map