<div style='background-color: none transparent;'></div>

Home » » နားကိုက်ပြီး ငါးရက်အကြာတွင် သေဆုံးသွားသည့် ကလေးသုံးယောက်မိခင်

နားကိုက်ပြီး ငါးရက်အကြာတွင် သေဆုံးသွားသည့် ကလေးသုံးယောက်မိခင်

ဂရေဟမ်ဆိုတဲ့ အသက် ၃၆ နှစ် အရွယ် ကလေးသုံးယောက် မိခင်ဟာ နားကိုက်တာကြောင့် ဆေးရုံတက်ရာမှ ဆေးရုံတက်ပြီး ငါးရက်အကြာမှာ ဦးနှောက် အမြှေးပါးရောင် ရောဂါကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။ သူမ သေဆုံးသွားပြီးနောက် သူမရဲ့ ကျောက်ကပ်၊ အသည်း၊ မုန့်ချိုအိတ်နဲ့ အဆုတ်ကို လှူ ဒါန်းလိုက်တာကြောင့် တခြား လူလေးယောက်ရဲ့ အသက်ကို ကယ်တင်နိုင်တယ် လို့ သိရပါတယ်။ ဦးနှောက်နဲ့ အာရုံကြောမကို ၀န်းရံ ထားတဲ့ အမြှေးပါး ရောင်ရမ်းတာကို ဦးနှောက် အမြှေးပါးရောင် ရောဂါလို့ ခေါ်ပါ တယ်။ ဗြိတိန်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း လူပေါင်း ၃၄၀၀ ဟာ ဦးနှောက်အမြှေး ပါးရောင်ရောဂါဖြစ်ကြပြီး ရောဂါဖြစ်သူ ၁၀ ယောက်မှာ တစ်ယောက်နှုန်း သေဆုံးကာ လေးယောက်မှာ တစ်ယောက်နှုန်း မသန်စွမ်း ဖြစ်သွားကြတယ်လို့ သိရပါတယ်။ ရောဂါပိုး ၀င်ရောက်တာကြောင့် ဦးနှောက်အမြှေးပါး ရောင်ရမ်းပြီး အာရုံကြောနဲ့ ဦးနှောက် ပျက်စီးနိုင်ပါတယ်။ ကိုယ်အပူချိန် မြင့်တက်တာ၊ အလွန်အမင်း ခေါင်းကိုက်တာ၊ အန်တာ၊ ဇက်ကြောခိုင်တာ၊ အလင်းရောင် မကြည့်နိုင် တာ၊ အသက်ရှူ မြန်တာနဲ့ အဖုအပိမ့် ပေါက်တာလိုမျိုး လက္ခဏာတွေ ပြတတ်ပါတယ်။
ဘက်တီးရီးယားကြောင့် ဦးနှောက် အမြှေးပါးရောင် ရောဂါနဲ့ ဗိုင်းရပ်စ် ကြောင့် ဦးနှောက် အမြှေးရောင် ရောဂါဆိုပြီး အမျိုးအစား နှစ်မျိုး ရှိပါတယ်။ ဘက်တီးရီးယားကြောင့် ဖြစ်ခဲ့ရင် ရောဂါ အခြေအနေ ဆိုးရွားတတ်ပြီး အရေးပေါ် ကုသမှု ခံယူရပါမယ်။ ဆေးရုံတက်ဖို့ လိုအပ်ပြီး ပဋိဇီဝ ဆေးဝါးနဲ့ ကုသဖို့ လိုအပ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဟာ ပိုမို အဖြစ် များတတ်ပြီး တစ်ပတ်အတွင်း ပြန်လည် ပျောက်ကင်း သွားနိုင်ပါတယ်။ ဦးနှောက် အမြှေးပါးရောင် ရောဂါ ဟာ ရုတ်တရက် ဖြစ်ပေါ်လာတတ်ပြီး တုပ်ကွေးရောဂါနဲ့ မှားယွင်းတတ်တာ ကြောင့် ရောဂါကို သိရှိတာ နောက်ကျရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။

ပြည်မြန်မာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map