<div style='background-color: none transparent;'></div>

Home » » မြန်မာ အိုင်တီလူငယ်များအား အင်တာဗျူးမည်

မြန်မာ အိုင်တီလူငယ်များအား အင်တာဗျူးမည်



TechSpace Journal အွန်လိုင်းစာမျက်နှာကနေ ကဏ္ဍသစ် တစ်ခု ဖွင့်ချင် ပါတယ်။ ယင်းကတော့ အင်တာဗျူးပါ။

မြန်မာပြည်တင်မက ကမ္ဘာအရပ်ရပ်ရောက်နေပြီး အောင်မြင်လျက် ရှိတဲ့ မြန်မာနိုင်ငံသား - အိုင်တီ လောကရှိ (အသက် ၃၀ နှစ်အောက်) လူငယ်များကို ဦးစားပေးပြီး အင်တာဗျူးမယ့် အစီအစဉ် လေးပါ။

အင်တာဗျူး Sample ကို ဒီ လခ့်မှာ ဖတ်ရှု ကြည့်နိုင်ပါတယ်။

http://on.fb.me/18RHwbb

ရည်ရွယ်ချက်ကတော့ ယင်း အင်တာဗျူးကို ဖတ်ရှုပြီး မြန်မာလူငယ်များ ကြိုးစားချင်စိတ်၊ အတုယူလိုစိတ်များ ပေါက်သွားအောင်ပါ။ သူတို့ ဘယ်လို ကြိုးစားခဲ့တယ်။ ဘယ်လို အခက်အခဲတွေ ရှိတယ်၊ ဘယ်လောက် အောင်မြင် လာတယ် အစရှိသဖြင့် နောက် လူငယ်များကို သိစေဖို့ ဖြစ်ပါတယ်။ ဂျာနယ်မှာလည်း အဆင်ပြေရင် ယင်းအင်တာဗျူးကို အသုံးပြုသွားပါမယ်။

ကမ္ဘာအရပ်ရပ်မှာ ထူးချွန်ထက်မြတ်ပြီး အမှန်တကယ် အောင်မြင်နေတဲ့ အိုင်တီ ပရော်ဖက်ရှင်နယ်များ ရှိနေတယ်လို့ ကြားသိရပါတယ်။ နိုင်ငံတကာ အကြီးမားဆုံး Enterprise ကုမ္မဏီကြီးတွေမှာလည်း မြန်မာတွေ အများကြီး ရှိနေတယ်လို့ ကြားသိရပါတယ်။ ဝမ်းသာစရာပါ။ ယင်းပုဂ္ဂိုလ်များ အနေနဲ့ မြန်မာနိုင်ငံရှိ လူငယ်များ အတုယူ၊ ကြိုးစားကျင့်ကြံနိုင်ရန် နည်းလမ်များ၊ ဘဝအခက်အခဲများဟာ မျှဝေအကြံဥာဏ်ပေးဖို့ ဖိတ်ခေါ်လိုက် ပါတယ်။ မိမိ ပတ်ဝန်းကျင်မှာ ရှိနေရင်လည်း ဒီစာလေး Share ပေး နိုင်ပါတယ်။

Techspace Facebook Page Message သို့မဟုတ် aungkhamkyaw@gmaili.com ကို အီးမေးလ်ပို့ နိုင်ပါတယ်။

Aung Kham (TSJ team)

.
http://blog.techspace.com.mm/2013/07/blog-post_7151.html

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map