<div style='background-color: none transparent;'></div>

Home » » နယ်ရွှေအဝင်နည်း၍ ရန်ကုန်ရွှေရှား

နယ်ရွှေအဝင်နည်း၍ ရန်ကုန်ရွှေရှား



နယ်မှရွှေရိုင်းများ အဝင်နည်းသောကြောင့် ရန်ကုန်ရွှေဈေးကွက်အတွင်း အကယ်ဒမီ အခေါက်ရွှေ ရှားပါးလျက် ရှိကြောင်း ရွှေဘုံသာလမ်းရှိ အခေါက်ရွှေ အရောင်းအဝယ် ပြုလုပ်နေသော ရွှေ လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

“ပစ္စည်းက ရှေ့တစ်ပတ်ထဲမှာ ပိတ်ရက်တွေများတော့ ဝယ်အားတော့ရှိတယ်။ ဒါပေမဲ့ နယ်ဘက်ကပစ္စည်းတွေ ဒီကိုမဝင်ဘူး ဖြစ်နေတော့ ဈေးကွက်ထဲမှာ အကယ်ဒမီ အခေါက်ရွှေက ရှားနေတယ်” ဟု ၎င်းက ဆိုသည်။

လတ်တလော ရွှေဈေးကွက်အတွင်းကမ္ဘာ့ဈေးရော ပြည်တွင်းဈေးပါ ပြန် လည် မြင့်တက်လာသောကြောင့် အရောင်းအဝယ် အေးနေကာ လာမည့် ရက်သတ္တတစ်ပတ်တွင် ပိတ်ရက်များသောကြောင့် ပြည်တွင်းရွှေဈေး အနည်းငယ် ကျဆင်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း အလုပ်အမှုဆောင် ဦးအေးချိုက ပြောကြားသည်။

ဇူလိုင်လ ၁၇ ရက်နေ့တွင် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၂၉၀ ဒေါ်လာနှင့် ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၉၄,၅၀၀ ကျပ် ဖြစ်ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map