<div style='background-color: none transparent;'></div>

Home » » အာဂျင်တီးနားနိုင်ငံက ၂၅ နှစ်ကြာမှ ရေအောက်မှပြန်လည်ပေါ်ထွက်လာတဲ့ တစ္ဆေမြို့

အာဂျင်တီးနားနိုင်ငံက ၂၅ နှစ်ကြာမှ ရေအောက်မှပြန်လည်ပေါ်ထွက်လာတဲ့ တစ္ဆေမြို့


Epecuen လို့ခေါ်တဲ့မြို့ကလေးဟာ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ် မြို့နားမှာတည်ရှိပါတယ်။လှပတဲ့ကမ်းခြေနဲ့ ဆားအိုင်လေးတွေကြောင့် ထင်ရှားပြီး ခ၇ီးသွားများစွာ လာရောက်ကြပါတယ်။၁၉၂၀ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့မြို့လေးဟာ မြို့နေလူဦးရေ ၁၅၀၀ ကျော်ရှိပြီး ခရီးသွားရာသီမှာ ခရီးသည် ၂၀၀၀၀ လောက်လာရောက်လည်ပတ်ကြပါတယ်။ဒါပေမယ့် ၁၉၈၅ နိုဝင်ဘာ ၁၀ရက်မှာ မိုးသက်မုန်တိုင်းတိုက်ခတ်ပြီး ရေကြီးမှုတွေဖြစ်ပါတယ်။ရေမျက်နှာပြင်မြင့်တက်လာပြီး ၁၂ နာရီအတွင်းမှာ ရေဟာ ၁၀မီတာ ၃၃ ပေခန့်ရုတ်တရက် မြင့်တက်လာပါတယ်။ခရီးသွားတွေနဲ့ မြို့နေပြည်သူတွေဟာ ရေတွေတက်လာတဲ့အတွက် ဘာပစ္စည်းမှမယူနိုင်ပဲ စွန့်ခွာ ခဲ့၇ပါတယ်။သေဆုံးတဲ့သူတွေလဲ များပြားခဲ့ပါတယ်။ဒါပေမယ့် ကမ္ဘာကြိးပူနွေးလာမှုကြောင့် ၂၀၁၀ ခုနှစ်မှာ ဒီမြို့ပြန်ပေါ်လာခဲ့ပါတယ်။အခုအခါ ခရီးသွားတွေက ဒီမြို့ပျက်ကို လာရောက်ကြည့်ရှုကြပါတယ်။အိမ်တွေမှာ အခုထိ အသုံးအဆောင်ပစ္စည်းတွေရှိနေတုန်းပါ။လမ်းပေါ်မှာရပ်ထားတဲ့ကားတွေလဲ ရှိနေဆဲပါ။ညညဆို ငိုသံတွေလိုလို လူအရိပ်တွေလိုလိုကြားနေရဆဲ ဖြစ်ပြီး ကမ်းခြေမှာမီးပုံပွဲလုပ်နေတာကိုလဲ တွေ့မြင်နိုင်ပါတယ်။ Pablo Novak ဆိုသူဟာ ယခုလက်ရှိအဲဒီမှာနေထိုင်လျက်ရှိပြီး ခရီးသွားတွေကို လမ်းပြပေးသူတစ်ယောက်ပါ။ကဲ သွားလည်ကြည့်ကြမလား???

မောင်စိုင်း
(ကနောင်)

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map