<div style='background-color: none transparent;'></div>

Home » » နေ့စဉ် ဆေးလိပ်သောက်သူ ရှစ်သောင်းမှ တစ်သိန်း ရှိသည်ဟုဆို

နေ့စဉ် ဆေးလိပ်သောက်သူ ရှစ်သောင်းမှ တစ်သိန်း ရှိသည်ဟုဆို




မြန်မာ နိုင်ငံတွင် ဆေးလိပ်နှင့် မူးယစ်ဆေးဝါး ဆန့်ကျင်မှု လုပ်ငန်းများ လုပ်ဆောင် နေသော်လည်း လက်ရှိတွင် နေ့စဉ် ဆေးလိပ်သောက်သူ ရှစ်သောင်း မှ တစ်သိန်းအထိ ဆက်လက် ရှိနေသေးကြောင်း မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ဆွေဆွေဝင်း က ပြောကြားခဲ့သည်။

''မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပြည်သူတွေက ဆေးလိပ်သောက်တာ မကောင်းဘူး။ ရောဂါ ရတတ်တယ် ဆိုတာသိတယ်။ ဖြစ်တတ်တဲ့ ရောဂါ အကြောင်းတွေကိုလည်း သိတယ်။ ဒါပေမဲ့ သူတို့ တစ်တွေက ဆေးလိပ် သောက်တာကို စတိုင် တစ်ခုလို ထင်ပြီး သောက်နေကြတာ။ တချို့ လူတွေကတော့ တကယ်ကြိုက်လို့ သောက်ကြတာပေါ့။

ဒီလို ဆေးလိပ်သောက်ခြင်းကနေ ဖြစ်တတ်တဲ့ ရောဂါတွေက လူ့ခန္ဓာကိုယ်ရဲ့ ဆံဖျားကနေ ခြေဖျားအထိ ဖြစ် နိုင်တယ် ဆိုတာကို သိစေချင်ပါတယ်'' ဟု ပါမောက္ခ ဒေါက်တာ ဆွေဆွေဝင်း က ပြောကြားခဲ့သည်။

အဆိုပါ ဆေးလိပ် သောက်ခြင်း အပြင် ကွမ်းစားခြင်း၊ အရက် သောက်ခြင်းဖြင့်လည်း ခံတွင်းကင်ဆာ ရောဂါများ ဖြစ်ပွားနိုင်သည်။ ယင်းကင်ဆာ ရောဂါသည် ဆေးလိပ်၊ ကွမ်းယာနှင့် အရက်များတွင် ပါဝင်သော ကာဆီနိုဇင်းကြောင့် ဖြစ်ပြီး ၎င်းကာဆီနိုဇင်းတွင် မျိုးစိတ် ၈ဝ မှ ၁ဝဝ ရှိခြင်းကြောင့် အခြား ရောဂါများလည်း ဖြစ်ရန် အလွန် လွယ်ကူသည်။ မြန်မာ နိုင်ငံတွင် ဆေးလိပ်၊ ကွမ်းနှင့် အရက်များကြောင့် ခံတွင်း ကင်ဆာ ဖြစ်ပွားမှု ၉ဝ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ် သောက်သုံးမှု တိုက်ဖျက်ရေးကို အောက်တိုဘာ ၂၃ ရက်တွင် WHO(FCIC) နှင့် ပူးပေါင်းခဲ့ပြီး ၂ဝဝ၄ ခုနှစ် ဧပြီ ၂ဝ ရက်က စတင် ဆောင်ရွက်ခဲ့သည်။ ၂ဝဝ၆ ခုနှစ် မေလက ဆေးလိပ် သောက်သုံးသူ တားဆီးရေး ဥပဒေကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မြ၀တီ..............အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map