<div style='background-color: none transparent;'></div>

Home » » လက်ကိုင်ဖုန်း ဓါတ်ရောင်ခြည်သင့်မှု လျှော့ချနိုင်ရန်

လက်ကိုင်ဖုန်း ဓါတ်ရောင်ခြည်သင့်မှု လျှော့ချနိုင်ရန်



(၁) နည်းနည်းပြော၊ များများရိုက်
ဖုန်းကိုဦးခေါင်းနှင့် ဝေးဝေးထားလေ၊ ဓါတ်ရောင် ခြည်ခံရမှုနည်းလေ ဖြစ်သည်။ ပြောစရာကိစ္စအရေးမကြီး ပါက စာတိုစနစ် (SMS)ဖြင့် ရိုက်ပို့ပါ။
(၂) ဖုန်းပြောလျှင် တတ်နိုင်သလောက် အကျဉ်းချုံ့ပါ
တယ်လီဖုန်းကြာကြာ ပြောစရာရှိပါက ကြိုးဖုန်းနှင့် ပြောပါ။ လက်ကိုင်ဖုန်းအသုံးပြုပါက တတ်နိုင်သလောက် တိုတိုပြောပါ။
(၃) နားကျပ်သုံးပါ
မိမိတစ်ဦးတည်းရှိပါက စပီကာဖွင့်ပြောပါ။ လူကြား ထဲရောက်နေပါက နားကျပ်အသုံးပြုပါ။
(၄) ကလေးများအား လက်ကိုင်ဖုန်းမ သုံးပါစေနှင့်
ကလေးငယ်များ၏ ဦးခေါင်းခွံသည် လူကြီးများထက် ပါးလွှာပြီး ဦးနှောက်အာရုံကြောစနစ်မှာလည်း ဖွံ့ဖြိုး ဆဲပင်ဖြစ်ရာအရည်အသွေး နိမ့်ဖုန်းများ၏ဓါတ်ရောင်ခြည် ကြောင့် လူကြီးများခံစားရသည်ထက် ပိုမိုဆိုးရွားစွာဆိုးကျိုးဖြစ်စေတတ်သည်။ ကလေးငယ်များအား ကြိုးဖုန်းကိုတန်ဖိုးထားအသုံးပြုတတ်စေရန် သင်ကြားပေးပါ။
သီဟ
Source:RD
Health Updates Journal
Vol.2, No.25

အေးချမ်းမွန်

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map