<div style='background-color: none transparent;'></div>

Home » » ဂျနီဖာလိုပက်ဇ် Walk of fame ဆု ရရှိ

ဂျနီဖာလိုပက်ဇ် Walk of fame ဆု ရရှိ



အဆိုတော် ၊သရုပ်ဆောင် တစ်ဦးဖြစ်သူ ဂျနီဖာလိုပက်ဇ် ရဲ့ ဂီတလော က အောင်မြင်မှု များကြောင့် Holly wood Walk of fame မှ ဇွန် ၂ဝ ရက်က ဆုချီးမြှင့်ခဲ့ပါတယ်။ ဒီ အခမ်း အနားကို ဟောလီးဝုဒ်ရဲ့ W ဟိုတယ်လ်မှာ ကျင်းပခဲ့ရာ ဂျနီဖာလိုပက်ဇ်က “ကျွန်မ တကယ်ပျော်ပါတယ်။

ယုံ တောင်မယုံဘူး။ အိပ်မက်များ မက်နေ သလားလို့။ ဒါပေမဲ့ အပြင်မှာ တကယ်ဖြစ်နေ တယ်လို့” မျက်ရည် လည်ကာ ကျေးဇူး တင် စကား ဆိုပါ တယ်။ အသက် ၄၃ နှစ် အရွယ် ဂျနီဖာ က ၁၉၈၆ ခုနှစ် မှာ ‘My Little Girl’ ရုပ်ရှင် ဇာတ်ကား ဖြင့် သရုပ်ဆောင် လောကကို ဝင်ရောက်ခဲ့ပြီး ရုပ်ရှင် ဇာတ်ကား အများအပြား ရိုက်ကူးခဲ့ပါတယ်။ ဂီတလောက မှာ လည်း အောင်မြင်သူ တစ်ဦးဖြစ်ပြီး ဖက်ရှင် ဒီဇိုင်နာ၊ တီဗွီ အစီအစဉ်များရဲ့ ဒိုင်လူကြီး နေရာက ဆောင်ရွက်ခဲ့ပါတယ်။

Walk of fame ဆုချီးမြှင့်ပွဲ အခမ်း အနားကို ကယ်စပါစမတ်၊ ရက်ပါ အဆိုတော် မစ်ဘူးလ်၊ မင်းသမီးဂျိမ်း ဖောင်ဒါ၊ ‘American Idol’ ပရိုဂျူ ဆာနီဂယ်လစ်ရိုး အပြင် အနု ပညာရှင် များစွာ တက် ရောက်ခဲ့ပါတယ်။

Ref;UPI


အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map