<div style='background-color: none transparent;'></div>

Home » » ဝါရီ လူမျိုးများ၏ ဂူသင်္ချိုင်း ပီရူး နိုင်ငံတွင် တွေ့ရှိ

ဝါရီ လူမျိုးများ၏ ဂူသင်္ချိုင်း ပီရူး နိုင်ငံတွင် တွေ့ရှိ



ရှေးခေတ် အသုံးအဆောင် ပစ္စည်းများ ပါဝင်သော ဝါရီ လူမျိုးများ၏ ဂူသင်္ချိုင်း တစ်ခုကို ပီရူးနိုင်ငံ ပိရမစ် တစ်ခုတွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း ရှေးဟောင်း သုတေသန ပညာရှင်များက ပြောကြား ခဲ့သည်။

လီမာမြို့မြောက်ဘက် ၁၇၅ မိုင် အကွာ အီလ်ကက်စ်တီလ် လိုဒီဟူအာ မေးအရပ်တွင် တည်ရှိသော အဆိုပါ ဂူသင်္ချိုင်းသည် ရှာဖွေ တွေ့ရှိထားသော သင်္ချိုင်းများ အနက် အသုံးအဆောင် ပစ္စည်းများ ခိုးယူ ခံရမှုမရှိသည့် ပထမဆုံး သင်္ချိုင်းတစ်ခု ဖြစ်ကြောင်း ဇွန် ၂၇ ရက် ထုတ် Los Algeles Times သတင်းစာတွင် ဖော်ပြထားသည်။

ယင်းဂူသင်္ချိုင်း အတွင်းမှ တွေ့ရှိရသည့် အသုံးအဆောင် ပစ္စည်း ၁၂ဝဝ ကျော်သည် ရွှေနှင့်ငွေ ပေါင်းစပ် ပြုလုပ် ထားသော လက်ဝတ်ရတနာများ၊ ရက်ကန်းစင် များနှင့် ဗိုင်းလိပ်တံများ ဖြစ်ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

ရှာဖွေ တွေ့ရှိသော ဂူသင်္ချိုင်း အတွင်း ယဇ်ပလ္လင်၊ ရုပ်အလောင်း ၆၃ လောင်း တွေ့ရှိခဲ့ကြောင်း၊ ရုပ်အလောင်း အများစုမှာ မိန်းမများ၏ ရုပ်အလောင်းများ ဖြစ်ပြီး ရုပ်အလောင်း များသည် အဝတ်အစား များဖြင့် ရစ်ပတ်ထားပြီး ထိုင်လျက် အနေအထား ရှိကြောင်း စူးစမ်း လေ့လာမှုကို ဦးဆောင်သူ ပိုလန်နိုင်ငံ ဝါဆော တက္ကသိုလ်မှ သုတေသန ပညာရှင် မီလို့စ်ဂီအာဇက်က ပြောကြားသည်။

အေးချမ်းမွန်

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map