အားလုံးလိုလို ငြိမ်သက်နေကြချိန်မှာ -
မိတ်ဆွေကြီး ဆရာကျောင်းနဲ့ ကိုဇော်တို့က လေယာဉ်အခမဲ့စီးပြီး အထုတ်အပိုးနဲ့ ပြန်လာ နိုင်ဖို့၊ ဒိုင်းဆို စစီစဉ်ပေးလိုက်တော့ မလေးရှားရောက်ရွှေမြန်မာများ နတ်ရေကန်ထဲကျသွား သလို ပျော်ရွှင်ကြရပါတယ်တဲ့။
ကျနော်လည်း တညလုံး KL ကရွှေမြန်မာများ mail ပို့တာ Fb ကမေးတာပြန်ကြားနေရတာနဲ့ အပျော်တွေကူးဆက်ပြီး မအိပ်လိုက်ရပါဘူး….။
× × ×
ဒီမှာ …
ပျော်ရ ပြန်ရတော့မယ်ဆိုမှ အခက်အခဲကြီး တစ်ခုက ရှိနေပြန်သေးတယ်လို့ ပြောလာကြပါတယ်။
ပတ်စ်ပို့ကိစ္စပါ။
ကွာလာလမ်ပူရောက် မြန်မာလုပ်သား အများစုကပတ်စ်ပို့ကိစ္စ အ၀၀ကို Agent နဲ့ဘဲ ဆောင်ရွက် လေ့ရှိပါတယ်။ ဘာကြောင့် သံရုံးကိုအားမပြုရတာလည်းဆိုတာတေ
အခုဖြစ်နေတာက မလေးရှားရောက် ရွှေမြန်မာအများစု ပြန်လာခွင့်ရပြီဆိုရင်တောင် Pass Port Inhand မရှိလို့ KLအပြင် မထွက်ရဲဘဲ တံခါးပိတ်ပြီး ခေါင်းမြီးခြုံအိပ်နေရတဲ့ ဘ၀ရောက်နေ ကြတာပါ……..
KL က ရဲနဲ့လ၀ကတွေက အခု ကတွတ်ပေါက်က ဗျိုင်းစောင့်သလို ဗမာမြင်ရင် ရစ်ဖို့၊ လှီးဖို့ ၊ စောင့်နေ၊ ရှာနေ ဖမ်းနေကြလေရဲ့။ သူတို့ ရဲနဲ့ လဝကတွေ ရစ်ပုံကအကြမ်းသား၊ ကျနော်ကိုယ်တိုင် KL က မကြာခင်ကမှ ပြန်လာတာမို့ ကောင်းကောင်းသိနေတယ်။
မလေးရှားမှာကလည်း မြန်မာအချင်းချင်း ဖျံကျသူတစ်ချို့ရှိလို့နေပြန်တယ
ကျနော့်ကို ဆက်သွယ်လာတဲ့ မလေးရှားရောက်မြန်မာ လူမှုရေးအသင်းက ညီငယ်ပြောတဲ့ အတိုင်းဆိုရင် “ သူတို့တွေကို နေ့ရောညပါ Watch အလုပ်ခံနေရတယ်၊ စနစ်တကျ လုယက်သတ်ဖြတ်နေတယ်၊ သူတို့အတွက် ဂွင်တွေကြီးဘဲ’’ လို့ဆိုတယ်။
နဂိုကမှ ပုန်းလျှိုးကွယ်လျှိုးနေထိုင်ရု
အသတ်ခံရတဲ့အလောင်းတွေ သံရုံး Certificate မရလို့ မသဂြိုလ်နိုင်သေး၊ လက်ထဲမှာ အထောက်အထားဘာမှမရှိလို့ အပြင်လဲမထွက်ရဲ၊ အလုပ်မလုပ်ကြရတော့လို့ စားဖို့၊ သောက်ဖို့ငွေ ကလည်းမရှိတော့ ဒီလိုအခြေအနေဆိုးမျိုး မှာ အခမဲ့လေယာဉ်ကြီးတွေ KL လေဆိပ်မှာထိုးထား ဦးတော့ သူတို့ မဆင်းရဲ၊ မစီးရဲတော့ဘူးဖြစ်နေရပါတယ်။
ဒီ မနက်ရတဲ့သတင်းတွေအရ လက်ကျန်ပွဲစား အချို့က ပြန်ချင်ရင် Immigration နဲ့ညှိပေးမယ်။ လက်ဗွေနှိပ်ပြီးပြန်ရမယ်။ တစ်ယောက်ကို ရင်းဂစ် ၁၆၅၀ ဗြောင်တောင်းနေကြတယ်လို့ ဆိုပါတယ်။ ဗူးလေးရာဖရုံဆင့်ပါဘဲ…..။
KL မှာ Master တန်းတက်နေတဲ့ အင်ဂျင်နီယာကျောင်းသူတစ်ဦးက “ သမီးဆီကို ညပိုင်း ဘယ် ကမှန်းမသိတဲ့ ဖုန်းတွေနဲ့ Threat လုပ်နေပါတယ်။ မြန်မာတွေ နံပါတ်ပေးလိုက်တာလည်း ဖြစ်နိုင်တယ်၊ ဒီကမြန်မာမိန်းကလေးအများစုက တစ်ယောက်တည်း၊ နှစ်ယောက်တည်း အခန်းငှားနေရတာ သိပ်အန္တရာယ်များနေပါတယ်” လို့လှမ်းပြောလို့ နောင်တော် စစ်သံမှူးထံ ညတွင်းချင်း ကယ်ပါယူပါလို့ လှမ်းအကူအညီတောင်းလိုက်ရပါတယ်။
ဒီိလိုအခြေအနေဆိုးတွေပြည့်နှက်ေ
ဟိုမှာ ငရဲခန်းလို ဖြစ်နေရရှာသူ တချို့ ပြန်ဆွဲထုတ်လာပေးဖို့အရေးကြီးတာ
အချိန်သိပ်မရှိတော့ပါ…..
မြန်မြန်လေးဝိုင်းဝန်းကူညီကြရအေ
0 comments:
Post a Comment