<div style='background-color: none transparent;'></div>

Home » » အသက် ၇ နှစ်အရွယ်ကျောင်းသားလေးကို မိမိတို့ကိုယ်ပေါ်တွင် နို့ဖိတ်ကျရန် ပြုလုပ်သဖြင့် ကျောက်ခဲနှင့် ပစ်သတ်သည့်ဖြစ်ရပ်

အသက် ၇ နှစ်အရွယ်ကျောင်းသားလေးကို မိမိတို့ကိုယ်ပေါ်တွင် နို့ဖိတ်ကျရန် ပြုလုပ်သဖြင့် ကျောက်ခဲနှင့် ပစ်သတ်သည့်ဖြစ်ရပ်

အသက် ၇ နှစ်အရွယ်ကျောင်းသားလေးကို မိမိတို့ကိုယ်ပေါ်တွင် နို့ဖိတ်ကျရန် ပြုလုပ်သဖြင့် ကျောက်ခဲနှင့် ပစ်သတ်သည့်ဖြစ်ရပ်တစ်ခု တရုတ်ပြည်တွင် ဖြစ်ပွားခဲ့သည်။
၇ နှစ်ကျောင်းသားလေးကို အသက် ၂၁ နှစ်အရွယ် ကျောင်းသားနှင့် အသက် ၁၅ နှစ်အရွယ် ကျောင်းသူတို့က သူတို့အဝတ်အစားများပေါ်သို့ နို့ဖိတ်ကျစေရန် ပြုလုပ်သဖြင့် ထိုသို့ကျောက်တုံးနှင့် ပေါက်သတ်ရခြင်းဖြစ် ကြောင်း တရုတ်နေ့စဉ်သတင်းစာတစ်စောင်တွင် ရေးသားထားသည်။
ကျောင်းသားလေးသည် နေ့လည် ၁ နာရီခန့်အချိန်တွင် သူ့ဖခင် ဓာတ်ပုံဆိုင်ဖွင့်ထားသည့် ဆိုင်ရှေ့တွင် ကစားနေစဉ် ပြစ်မှုကျူးလွန်သူ ကျောင်းသားနှစ်ယောက်က
သူ့နံဘေးမှ ဖြတ်သွားကြသည်။ ကျောင်းသားလေး သောက်နေသည့် နို့ဘူးသည်မှောက်ပြီး ထိုကျောင်းသားနှစ်ယောက်အဝတ်အစားများကို ပေကျံသွားခဲ့သည်။
ကျောင်းသားနှစ်ယောက်က ထိုကလေးကို သူတို့နှင့်အတူ တောအုပ်ထဲလိုက်ခဲ့ရန် လှည့်ဖြားခေါ်ဆောင်သွားပြီး နောက် ကလေး၏မျက်နှာကို အဝတ်ဖြင့်ပတ်ပြီး ကျောက်တုံးဖြင့် ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။
ကလေးမိဘများက ကလေးပျောက်သဖြင့် ရဲစခန်းသို့တိုင်ကြားခဲ့ကြသည်။ လူစုပြီး ကလေးပျောက်ရှာကြရာ တောအုပ်ထဲတွင် ကလေးအလောင်းကို တွေ့ခဲ့ကြရသည်။ ကလေးသည် ဦးခေါင်းတွင် အပြင်းအထန်ဒဏ်ရာ ရပြီး သေဆုံးသွားကြောင်း ရဲများကဆိုသည်။
ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သည့် ကျောင်းသူကို ည ၇ နာရီအချိန်တွင် ဖမ်းမိခဲ့သည်။ မျက်မြင်သက်သေများက ကလေးကို သူတို့ခေါ်သွားကြောင်း ထွက်ဆိုခဲ့ကြသည်။ မိန်းကလေးသည် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ရဲစခန်းတွင် ဝန်ခံခဲ့ပြီး၊ ပူးတွဲပြစ်မှုကျူးလွန်သည့် ကျောင်းသားမှာ မိုင် ၂၀ ခန့်အကွာ မြို့တစ်မြို့ကို ထွက်ပြေးသွားသော် လည်း ပြန်လည်ဖမ်းဆီးမိခဲ့သည်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

မောက္ခ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map