<div style='background-color: none transparent;'></div>

Home » » နှစ်မြွှာပူး သုံးကြိမ် မွေးသည့် မိခင်

နှစ်မြွှာပူး သုံးကြိမ် မွေးသည့် မိခင်

အသက် ၄၁ နှစ်အရွယ် Karen ဆိုတဲ့ အမျိုးသမီးဟာ နှစ်မြွှာပူးကလေး ကို သုံးကြိမ်တိုင်တိုင် မွေးဖွားလိုက်တာကြောင့် ကိုယ်ဝန်သုံးခါ ဆောင်ပြီး ကလေး ခြောက်ယောက်ရဲ့ မိခင်ဖြစ်သွားပါတယ်။ သူ့လို မိခင်မျိုးဟာ အယောက် ငါးသိန်း မှာ တစ်ယောက်သာ ရှိနိုင်တယ်လို့ သိရ ပါတယ်။ ပထမဆုံး အမြွှာ သားနှစ် ယောက်ရဲ့ အသက်ဟာ ၁၄ နှစ်စီ ရှိကြပြီး၊ ဒုတိယ အမြွှာ သားနှစ်ယောက်ဟာ လည်း ၁၂ နှစ်စီ ရှိတဲ့အတွက် သားလေးယောက်မိခင် ဖြစ်နေစဉ်မှာ
ကိုယ်ဝန် ဆောင်ထားရတဲ့အတွက် ဓာတ်မှန်ရိုက် ကြည့်ရာမှာ အမြွှာပူးနှစ်ယောက်ဖြစ် ကြောင်း အံ့သြစွာသိရှိခဲ့ရပါတယ်။ သူ့ မှာ အမြွှာတစ်စုံ ကိုယ်ဝန်ထပ်ရှိကြောင်း သူမရဲ့ အမျိုးသားဖြစ်သူ ကော်လင်းကို Message ပို့ရာမှာ ကော်လင်းက သူ့ကို နောက်နေတယ်လို့ ထင်ပြီး မယုံခဲ့ပါဘူး။ သူတို့ လင်မယားဟာ ဂလက်စကိုမြို့က ဆေးရုံတစ်ရုံမှာ ကိုယ်ဝန်ကို Scan ရိုက် ကြည့်ခဲ့ရာ အမြွှာပူး သမီးနှစ်ယောက် ဖြစ်နေတဲ့ အတွက် အလွန် ပျော်ရွှင်ခဲ့ရတယ် လို့ သိရပါတယ်။
 pyimyanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map