မလေးရှားနိုင်ငံ ကမ်ပွန်း( KamPung )ရှိ
မြန်မာဘုန်းတော်ကြီး ကျောင်း အနီးမှာ ရိုက်ပွဲဖြစ်တယ်၊ ဆလာ ရန်းမှာ
ရိုက်ပွဲဖြစ်တယ်၊ မြန်မာတွေသေ တယ်ဆိုတဲ့ သတင်းတွေ အင်တာနက်ပေါ်မှာ တွေ့နေရ
ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် မလေးရှားမှာ ရှိတဲ့ မြန်မာသံရုံးကို ညနေ ငါးနာရီကျော်ကတစ်ကြိမ်၊ အခု ည ၈နာရီကျော်က တစ်ကြိမ်၊အဲဒီ သတင်းတွေ နဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့ပါတယ်။
သံအမတ်ကြီးက အဲဒီဖြစ်စဉ်တွေမှန်ကန်မှုမရှိကြောင်း၊ မြန်မာ ဘုန်းတော် ကြီးေ ကျာင်းက ဆရာတော် နဲ့လည်း ညနေက စပြီး အဆက်အသွယ် မပြတ်ရရှိနေကြောင်း၊ ဆရာတော်က အဲဒီလို တိုက်ခိုက်မှုများ မရှိကြောင်းပြော တယ်လို့ အကြောင်းပြန်ပါတယ်။
အင်တာနက်ပေါ်က သတင်းများကို အလွယ်တကူမယုံကြည်ကြပါနဲ့။မလေးရှားအပါအ၀င် နိုင်ငံ တကာမှာ ရှိနေတဲ့ မြန်မာသံရုံးများကလည်း မြန်မာနိုင်ငံသားများကို ကာကွယ်ကူညီစောင့်ရှောက် ဖို့ အသင့်ရှိပါ တယ်။
Ye Htut
ဒုဝန်ကြီး
ပြန်ကြားရေးဝန်ကြီး

oppositeyes
0 comments:
Post a Comment