<div style='background-color: none transparent;'></div>

Home » » မလေးရှားမှပြန်လာသူ ရန်ကုန်လေဆိပ်တွင် ငွေကျပ်တစ်သိန်း ပေးဆောင်ရခြင်းမှာ မဟုတ်ဟု တာဝန်ရှိသူ ရှင်းလင်း

မလေးရှားမှပြန်လာသူ ရန်ကုန်လေဆိပ်တွင် ငွေကျပ်တစ်သိန်း ပေးဆောင်ရခြင်းမှာ မဟုတ်ဟု တာဝန်ရှိသူ ရှင်းလင်း


ဇွန်လ ၁၄ရက်နေ့တွင် ထုတ်ဝေသော First Weekly ဂျာနယ်တွင် ပါရှိသည့် မလေးရှားနိုင်ငံမှ ရန်ကုန်သို့ပြန်လာသူတစ်ဦး ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်၏ စစ်ဆေးရေးကောင်တာတွင် ငွေကျပ်တစ်သိန်းပေးဆောင်ရသည်ဟု ဖော်ပြခဲ့သည့် သတင်းမှာ မဟုတ်မှန် ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန ဒုညွှန်ကြားရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။

“ဇွန်လ ၁၁ရက်နေ့မှာ မလေးရှားနိုင်ငံကနေ ကိုယ့်နိုင်ငံကိုယ်ပြန်လာတဲ့ ဒေါ်လှလှဝင်းဆိုတဲ့ အမျိုးသမီးက လေဆိပ်အဝင်စစ်ဆေးရေး ဂိတ် ကောင်တာမှာ ငွေတစ်သိန်းပေးဆောင်ရတယ်ဆိုပြီး First Weekly ဂျာနယ်မှာ ပြောဆိုထားတာနဲ့ ပတ်သက်ပြီးမဟုတ်တဲ့ အကြောင်း အခုလို ရှင်းရတာပါ။

တကယ့်ဖြစ်ရပ်ကတော့ သူမကိုလာကြိုတဲ့သူ့မောင်လေးက လာကြိုရတဲ့အတွက် အိမ်ကနေ ၁သိန်းဆိုပြီး လိမ်တောင်းလို့ အခုလိုမျိုး ဖြစ်ရတာပါ”ဟု ဦးကျော်မြင့်က ပြောကြားသည်။

First Weekly ဂျာနယ်ပါ သတင်းဖော်ပြချက်နှင့် စပ်လျဉ်း၍ ပြန်လည်ဖြေရှင်းရန်အတွက် အဆိုပါ ဂျာနယ်ထွက်သည့်နေ့ ညနေတွင်ပင် လေ ဆိပ်မှတာဝန်ရှိသူများအပါအဝင်
First Weekly ဂျာနယ်မှ တာဝန်ရှိသူနှင့် ကာယကံရှင် ဒေါ်လှလှဝင်းအား ခေါ်ယူတွေ့ဆုံကာ မေးမြန်းမှုများ ပြုလုပ်ကြောင်း သိရပြီးယင်းကိစ္စနှင့် ပတ်သက်၍တခြားတရားစွဲဆိုမှုများပြုလုပ်ရန် အစီအစဉ်မရှိကြောင်း သိရသည်။

“အခုအချိန်မှာ အခုလိုမျိုး ဖော်ပြတယ်ဆိုတာ ဘာပဲပြောပြော သက်ဆိုင်ရာဝန်ကြီးဌာနကို ဂုဏ်သိက္ခာညှိုးနွမ်းစေတာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့က လက်ရှိအချိန်မှာကိုယ့်လူမျိုးအတွက် မျိုးချစ်စိတ်အပြည့်နဲ့ ကူညီရမယ့် အချိန်ပါပဲ။ ပြီးတော့ အရင်ကထက်ကိုပိုပြီး ဂရုစိုက်ဖို့လည်း အားလုံးကို မှာကြားထားပြီးသားပါ”ဟု
အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်

ဇွန်လ ၁၅ရက်နေ့၌ မလေးရှားနိုင်ငံတွင် ဒုက္ခကြုံနေရသူများအား ရန်ုကုန်သို့ပြန်လည် ခေါ်ဆောင်လာရန်အတွက် Myanmar International Airway(MAI) လေယာဉ်ဖြင့် ကူညီခဲ့သူဦးရေမှာ ၉၇ဦးသာ ဖြစ်ကြောင်းနှင့် သတင်းများတွင် ဖော်ပြထားသည့် မလေးရှားနိုင်ငံမှ ရန်ကုန်သို့ ၁၈၀ဦး ပြန်ရောက်လာသည်ဆိုသည်မှာ တခြား အကြောင်းအရာ ကိစ္စရပ်များနှင့် ပြန်လာကြသူများအား ထည့်ထွက်ထားခြင်းကြောင့် ဖြစ် ကြောင်း သိရသည်။

ZinYawNews
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map