<div style='background-color: none transparent;'></div>

Home » » ဟော်လန်ကွင်းလယ်လူငယ်မာကိုဗန်ဂင်ကဲလ်အား ခေါ်ယူလိုက်နိုင်ပြီဖြစ် သည့် ချဲလ်ဆီး

ဟော်လန်ကွင်းလယ်လူငယ်မာကိုဗန်ဂင်ကဲလ်အား ခေါ်ယူလိုက်နိုင်ပြီဖြစ် သည့် ချဲလ်ဆီး



ချယ်ဆီးအသင်းသည် မန်ချက်စတာယူနိုက်တက် ကိုနောက်ကောက်ချကာ ဟော်လန်လူငယ်ကစားသမား ဗီတက်ဆီ အသင်းကွင်းလယ်လူ မာကိုဗန်ဂင်ကဲလ် အားခေါ်ယူလိုက်နိုင်ပြီဟု သတင်းများတွင်ဖေါ်ပြ ထားသည် ။ မော်ရင်ဟိုသည် ချယ်ဆီးကို တာဝန်ယူလိုက်သည့် အချိန်မှစပြီး မာကိုဗန်ဂင်ကဲလ်အား တောက်လျှောက်လိုက်နေခဲ့ရာ အရံခုံတန်းတွင် ထားရန် ဖြစ်နိုင်ချေ မရှိသည့် လူငယ်ကစားသမားဟု အားကစားသတင်း မီဒီယာများက သုံးသပ်ကြသည် ။ အဆိုပါ လူငယ် ကစားသမားအား အခုရက်ပိုင်းတွင် မန်ချက်စတာယူနိုက်တက် ကလည်း ချဉ်းကပ်လာသဖြင့် ချဲလ်ဆီးအသင်းက အလျှင်အမြန်လက်ဦးမှု့ ရယူသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည် ။

အသက် (၂၀)နှစ်သာရှိသေးသည့် ဂင်ကဲလ်သည် ပြီးခဲ့သည့်ရာသီက (၃၃)ပွဲ ပွဲထွက်ခွင့်ရခဲ့ရာတွင် (၈)ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး (၁၀)ဂိုး assists လုပ်ခဲ့သူဖြစ်ပြီး လမ်းပါတ်ကဲ့သို့ပင် ဗဟိုကွင်းလယ်နေရာကို စိုးမိုးနိုင်သူ ဖြစ်ကြောင်း သတင်းများတွင် ရေးသားထားပြီး မော်ရင်ဟို အနေဖြင့် လမ်းပါတ်၏ ပုံရိပ်များကို ဆက်ခံနိုင်မည့် သူအဖြစ် မျှော်လင့်ထားကြောင်းသိရသည်

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map