ယမန်နေ့ ညနေ (၄)နာရီခွဲ အချိန်ခန့်တွင် မန္တလေး၊ပြည်ကြီး တံခွန်မြို့နယ်၊
(က)ရပ်ကွက်၊ လမ်းသွယ်(၁၄)၊သံယော ဇဉ်ခြံ အတွင်းရှိ ဦးဘုန်း(ဓါတု)
တည်ထောင်ဖွင့်လှစ် အုပ်ချုပ်သော ပုဂ္ဂလိကကျောင်း၊အပေါ်ထပ်၊မိန်းကလေး
အဆောင်တွင် အသက်(၁၃)နှစ် အရွယ် အဌမတန်းကျောင်းသူ၊ မ---------သည် အဆိုပါ
အဆောင် မျက်နှာကျက် ထုပ်တန်းတွင် ကျောင်းလွတ်အိတ်အားဇောက်ထိုးထား ချည်၍
မိမိကိုယ် မိမိကြိုး ဆွဲ ချေ သဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါအခင်းဖြစ်ပွားရာသို့ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ကြပြီး
အလောင်းအား ဆေးရုံသို့ ပို့ေ ဆာင် ခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့်
ကြိုးဆွဲချသေဆုံးရသည်ကို ဆက်လက်စစ်ဆေး ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
အခင်းဖြစ်ရပ်နှင့်ပတ်သက်၍ ပတ်ဝန်းကျင်ရှိ ရပ်ကွက်နေပြည်သူတစ်ဦးမှ
``ကြားကြားခြင်းတော့ မယုံသေး ဘူး၊ ဆရာက နာမည်ကြီးကိုး နောက်သွားကြည့်တော့မှ
ယုံတော့တယ်။ အဲဒီလူ(ဦးဘုန်း)က စာရေး ဆရာယောင်ေ ယာင်၊
နိုင်ငံရေးသမားယောင်ယောင်နဲ့ ဟောလိုက် ပြောလိုက်ရင်တော့ တကယ့် မျိုး ချစ်
ပုဂ္ဂိုလ်လိုလို၊ကျန်တဲ့လူတွေ ကနိုင်ငံတော်ကို သူ့လောက်မှ မချစ်တတ်
သလိုလိုနဲ့၊ သူ့လောက်တော် တာ တတ်တာကိုမရှိတော့သလိုမျိုး၊
ကိုယ့်ကျာင်းက ကျောင်းသူလေး တစ်ယောက် ကိုတောင်မှ အန္တရာယ် ကင်းအောင်
မစောင့်ရှောက်နိုင်ဘူး၊ မိဘတွေက ယုံကြည် စိတ်ချလို့ ငွေကြေး အကုန်အကျ
ခံပြီးထား ထားကြ တာ။ အခုတော့ဗျာ နြှေ မာစရာကောင်းလိုက်တာ´´ဟု
ဝေဖန်ပြောကြားခဲ့သည်။
အဆောင်မှတာဝန်ရှိသူများကိုလည်းစုံစမ်းမေးမြန်းခဲ့ရာ ရေရေရာဖြေကြားခဲ့ခြင်းမရှိပေ။
ယခုအခါကျောင်းသူလေး၏ မိဘများထံ အကြောင်းကြား ထားကြောင်း သာသိရသည်။
oppositeyes
0 comments:
Post a Comment