<div style='background-color: none transparent;'></div>

Home » » ခရီးဆောင် အားဖြည့်စက် Apple ကထုတ်မည်

ခရီးဆောင် အားဖြည့်စက် Apple ကထုတ်မည်


ပုံမှာ မြင်တွေ့ရဲ့ အားဖြည့်စက် ကတော့ Apple ကထုတ်လုပ်မယ့် အားသွင်း စက် ဖြစ်ပါတယ်။

Apple ထုတ်ဆိုပေမေယ့် Android ဖုန်းရော၊ iOS သုံး ဖုန်းအတွက်ပါ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ ဖုန်းရယ်လို့လည်း မဟုတ်ပဲ USB plug ပါတဲ့ ဘယ်အီလထရောနစ် စက်ကိုမဆို အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ အားပမာဏက iPhone ၁၀လုံးကို တစ်ပြိုင်နက်တည်းအား သွင်းနိုင်မှာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ ခရီးသွားတဲ့အခါ အသုံးပြုရန်နဲ့ အကြောင်းအမျိုးမျိုး ကြောင့် လျှပ်စစ်ဓာတ်အား ပျက်တောက်တဲ့ အချိန်ကာလနဲ့ ဒေသကို ကြုံတွေ့ ရတဲ့အခါ အသုံးပြုနိုင်စေဖို့ ဖြစ်ပါတယ်။ တစ်ခု ပြောစရာ ရှိတာက Apple ရဲ့  Lightening Connector ဖြစ်ပါတယ်။ ဒါကြောင့် Plug က ဘယ်လို Connector မျိုးမဆိုနဲ့ အသုံးပြုလို့ ရအောင် Apple ကတစ်မျိုးစဉ်းစားရမှာ ဖြစ်ပါတယ်။

ဒီတော့ Apple ထုတ်ကုန်အတွက်ရော၊ အခြား ထုတ်ကုန်များအတွက်ပါ အသုံးပြုလို့ ရစေအောင် ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ မသိသေးပါဘူး။ အနီးစပ်ဆုံးကတော့ လာမယ့် CES မှာ ဝင်ရောက်ပြသ နိုင်ချေ ရှိကြောင်း သိရပါတယ်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map