<div style='background-color: none transparent;'></div>

Home » » ၂ နှစ်သမီးကို ခြေထောက်၊ လက်နှင့် ပါးစပ်များအားတိတ်နှင့်ပတ်ကာ ဓာတ်ပုံရိုက် Facebook ပေါ်တင်ခဲ့သည့်ဖခင်

၂ နှစ်သမီးကို ခြေထောက်၊ လက်နှင့် ပါးစပ်များအားတိတ်နှင့်ပတ်ကာ ဓာတ်ပုံရိုက် Facebook ပေါ်တင်ခဲ့သည့်ဖခင်

ဖခင်ဖြစ်သူသည် ၂ နှစ်သမီးလေးကို ခြေထောက်၊ လက်နှင့် ပါးစပ်များအား တိတ်နှင့်ပတ်ပြီး ဓာတ်ပုံရိုက်ကာ Facebook ပေါ်တွင် ထိုဓာတ်ပုံကိုတင်ထားသည့်ကိစ္စနင့်ပတ်သက်ပြီး ရဲကဖမ်းဆီးအရေးယူလိုက်ကြောင်း သတင်းရရှိသည်။
အသက် ၂၂ နှစ်အရွယ် အန်ဒရေး ကာရီဆိုသူသည် သမီးငယ်ကို တိတ်များဖြင့် ချုပ်နှောင်ပြီး ဓာတ်ပုံရိုက်ခဲ့ရုံမက၊ ကလေးကို ဘက်ထရီကျင်စက်ဖြင့်လည်း အကြိမ်ကြိမ်တို့ကာ နှိပ်စက်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်ဟု ရဲကဆိုသည်။
ရှေ့နေ ဆမ် အဒမ်က သူ့တရားခံသည် လူကောင်းတစ်ယောက်ဖြစ်ကြောင်း၊
ဖခင်ကောင်းတစ်ယောက်လည်းဖြစ်ကြောင်း၊ ကလေးနှင့် ဆော့ကစားခြင်းသာဖြစ်ပြီး အန္တရာယ်ပေးရန်အထိ ရည်ရွယ်ထားခြင်းမရှိကြောင်း လျှောက်လဲခဲ့သည်။
ယမန်နေ့က တရားရုံးတွင်အမှုကိုကြားနာခဲ့စဉ်က ထိုပုံမှာ ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလကတည်းက အပျော်သဘောဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုပုံကို ကင်မရာဖုန်းဖြင့်ရိုက်ပြီး Facebook ပေါ်သို့နောက်ပြောင်သည့်သဘောဖြင့် တင်ခဲ့ခြင်းသာဖြစ်ကြောင်း ဝန်ခံခဲ့သည်။
ဓာတ်ပုံကိုတင်စဉ်က စာသားအနေဖြင့် This is what happens when my baby hits me back. ဟုရေးသားထားသည်။ သူ့ရေး သားချက်နှင့် ဓာတ်ပုံတို့ကိုကြည့်ပြီး လူတိုင်းစိတ်ဆိုးခဲ့ကြသည်။ ထိုပုံကိုတင်အပြီး တစ်ပတ်အကြာတွင် ကာရီကို ရဲကလာ ဖမ်းပြီး ကလေးသူငယ်နှိပ်စက်ညှဉ်းပမ်းမှုဖြင့် အရေးယူခဲ့သည်။
ကာရီက သူ့ကို စက္ကန့်ပိုင်းလောက် ဖမ်းဆီးနှိပ်စက်ခြင်းသာဖြစ်သည်ဟု ပြောခဲ့သော်လည်း လက်ခံနိုင်ဖွယ်မရှိကြောင်း၊ ကန့်ကွက်ဝေဖန်သံများ ဆူညံသွားခဲ့ပြီးမှ နောက်တစ်နေ့တွင် သူ့ Facebook မှ ဖြုတ်ပေးခဲ့သည်ဆိုသော်လည်း ကလေး အပေါ် မတရားပြုမူခြင်းသာဖြစ်ကြောင်း ချီကာဂိုရဲတပ်ဖွဲ့ကပြောကြားသည်။
ကာရီသည် ကလေးကို ကျင်စက်ဖြင့်တို့ခြင်းကပင် အနည်းဆုံးထောင်ဒဏ် ၇ နှစ် အပြစ်ပေးနိုင်သည်။ လက်ရှိတွင် သူ့ကို အာမခံဖြင့် ပြန်လွှတ်ပေးထားပြီး သမီးဖြစ်သူနှင့်လည်း အတူမထားရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် သမီးဖြစ်သူကို ကလေးစောင့်ရှောက်ရေးဂေဟာတွင် လာတွေ့ခွင့်ရှိသည်ဟု အမိန့်ထုတ်ထားသည်။

မောက္ခ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map