<div style='background-color: none transparent;'></div>

Home » » မီးလောင်ဒဏ်ရာကြောင့် အရိုးဆေးရုံတွင် တက်ရောက် ဆေးကုသခံနေရသော အသက် ၃ နှစ်အရွယ် ဖူးဖူးအား နန်းခင်ဇေယျာက သွားရောက်ကြည့်ရှု အားပေး

မီးလောင်ဒဏ်ရာကြောင့် အရိုးဆေးရုံတွင် တက်ရောက် ဆေးကုသခံနေရသော အသက် ၃ နှစ်အရွယ် ဖူးဖူးအား နန်းခင်ဇေယျာက သွားရောက်ကြည့်ရှု အားပေး

မီးလောင်ဒဏ်ရာကြောင့် အရိုးဆေးရုံတွင် တက်ရောက် ဆေးကုသခံနေရသော အသက် ၃ နှစ်အရွယ် ဖူးဖူးအား နန်းခင်ဇေယျာက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။  ဖေ့ဘွတ်စာမျက်နှာတွင် ဖူးဖူး၏ မီးလောင်ဒဏ်ရာများနှင့် ဓာတ်ပုံကို တွေ့မြင်ပြီး ပြင်းပြင်းထန်ထန် စိတ်ခံစားမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကူညီဖြည့်ဆည်းမှုနှင့် ဆေးဝါးကုသရန် ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် ယခုလို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း နန်းခင်ဇေယျာက သူ၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားထားခဲ့သည်။

ဖူးဖူးသည် ပုံမှန်အနေအထား ပြန်လည်ရောက်ရှိရန် အချိန်များစွာ လိုအပ်ဦးမည် ဖြစ်သောကြောင့် လတ်တလောတွင် ရောဂါပိုး ဝင်ရောက်ခြင်း မရှိနိုင်ရန် သီးသန့် လေအေးပေးစက် အခန်းတွင် တက်ရောက်ခွင့် ရရှိရန် ပထမဆုံး စီစဉ်ပေးသွားမည်ဖြစ်ပြီး ဆရာဝန်ကြီးများနှင့် ဆက်လက်ဆွေးနွေး တိုင်ပင်ပြီး လိုအပ်သည်များ ဆက်လက် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း နန်းခင်ဇေယျာက ဆိုသည်။ ယင်းအတွက် အလှူငွေ ထည့်ဝင်လိုသူများ အနေဖြင့်လည်း ဖုန်း ၀၉ ၅၆၀၁၂၅၈ ကို ဆက်သွယ်နိုင်သလို nangkhinzayyar@gmail.com သို့လည်း မေးလ်နဲ့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဖူးဖူးသည် မြောက်ဥက္ကလာပမြို့နယ် (ဂ) ရပ်ကွက်တွင် နေထိုင်ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် သီတင်းကျွတ် လပြည့်ညတွင် သူအိပ်ပျော်နေရာ အပေါ်တည့်တည့်တွင် ထွန်းထားသော ဖယောင်းတိုင်မီး ခြင်ထောင်ပေါ် ပြုတ်ကျရာမှတစ်ဆင့် ခြင်ထောင်၊ စောင်၊ အိပ်ယာခင်း၊ ကောဇောတို့ကို မီးစွဲ လောင်ကျွမ်းခဲ့ကာ မီးလောင်မှုဝေဒနာကို ခံစားခဲ့ရခြင်း ဖြစ်သည်။ အဆိုပါဖြစ်စဉ် ဖြစ်ပွားနေစဉ်တွင် သူ၏ မိခင်ဖြစ်သူမှာ အိမ်ရှင်အိမ်ငှား ပြဿနာကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ရောက်ရှိ ဖြေရှင်းနေချိန် ဖြစ်သည်။

 yatanarpon
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map