<div style='background-color: none transparent;'></div>

Home » » အိမ်ရိုက် သံဟောင်း ခုနစ်ချောင်း မျိုချခဲ့သူအား ဖြူးမြို့ ပြည်သူ့ ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ် ဖယ်ရှားပေးနိုင်

အိမ်ရိုက် သံဟောင်း ခုနစ်ချောင်း မျိုချခဲ့သူအား ဖြူးမြို့ ပြည်သူ့ ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ် ဖယ်ရှားပေးနိုင်

ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ပြည်သူ့ဆေးရုံ၌ အိမ်ရိုက်သံဟောင်း ခုနစ်ချောင်း မျိုချခဲ့သူအား အရေးပေါ် ခွဲစိတ်ပြီး အသက်ကယ် ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၂ ရက် နံနက်ပိုင်းက ဖြူးမြို့နယ် ဖြူးအရှေ့ဘက်ဝဲကြီး ကျေးရွာအုပ်စု ဝဲကြီးတောင် ကမ်း ရွာနေ မောင်ရန် နိုင်ထွန်း ၃၅ နှစ် (ဘ) ဦးသန်းထွန်း (လယ်လုပ်)မှာ စိတ်ရောဂါ အခံရှိပြီး အဆိုပါနေ့ နံနက် ပိုင်းက မခံနိုင်အောင် ဝမ်းဗိုက်အောင့်နေသဖြင့် မိဘများက ဖြူးဆေးရုံသို့ ပို့ဆောင်ခဲ့ရာ နံနက် ၇ နာရီ ၄၅ မိနစ်က ဖြူး ပြည်သူ့ ဆေးရုံသို့ ရောက်ရှိခဲ့သည်။
ဆေးရုံ၌ စစ်ဆေးရာ မောင်ရန်နိုင်ထွန်းသည် ၎င်းအိမ်သားများနှင့် ပတ်ဝန်းကျင်မှ လူများမသိအောင် အိမ် ရိုက် သံ ခုနစ် ချောင်း မျိုချထားသည်ကို အသိပေး ပြောကြားခြင်း မပြုဘဲ ဗိုက်အောင့်သည် ကိုသာ ပြောနေ သဖြင့် ဖြူးဆေးရုံ အုပ်ကြီး နှင့် တိုင်ပင်၍ အရေးပေါ်ဌာနမှ ခွဲစိတ် အထူးကု ဆရာဝန်ကြီး ဒေါက် တာ သက်သက်မော်က စမ်းသပ်စစ်ဆေးရာ အူအတက်နေရာ အနီးတစ်ဝိုက်တွင် အလုံး အဖုအသေး တစ် ခု စမ်းသပ်တွေ့ရှိ၍ ချက်ချင်းပင် အရေးပေါ် ခွဲစိတ်ရာ အူအတက်နှင့် ကပ်လျက် အူမကြီးအတွင်းမှ အိမ် ရိုက် သံဟောင်း လေးလက်မနှစ်ချောင်း၊ နှစ်လက်မ ခွဲ လေးချောင်း၊ နှစ်လက်မ သံတစ်ချောင်းနှင့် နှစ်လက် မခန့်ရှိ ဝါယာကြိုးမျှင် တစ်ခုတွေ့ရှိ ဖယ်ထုတ်၍ ၎င်း၏ အသက်ကို ကယ်တင် ပေးခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် မောင်ရန်နိုင်ထွန်းမှာ ဖြူးမြို့ ပြည်သူ့ဆေးရုံ၌ အတွင်းလူနာ အဖြစ် ဆေးကုသမှုများ ခံယူ နေရ သေးကြောင်း သိရသည်။
မြ၀တီ
oppositeyes
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map