<div style='background-color: none transparent;'></div>

Home » » သရုပ်ဆောင် ရဲတိုက်အားဇွန်လ ၇ ရက်တွင် ရုံးထုတ်မည်

သရုပ်ဆောင် ရဲတိုက်အားဇွန်လ ၇ ရက်တွင် ရုံးထုတ်မည်



ဘုန်းနေလ (ဒဂုံတက္ကသိုလ်) | သောကြာနေ့၊ မေလ ၃၁ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၄၇ မိနစ်

သရုပ်ဆောင်ရဲတိုက်အား ဇွန်လ ၇ ရက်တွင် ဗိုလ်တထောင်မြို့နယ် တရားရုံးသို့ ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း ရဲတိုက် ၏ သူငယ်ချင်းဖြစ်သူ ကိုဇင်နောင် မှ မဇ္ဈိမ သို့ ပြောကြားခဲ့ပါသည်။

''ပြီးခဲ့တဲ့ မေလ ၂၉ ရက် မွန်းလွဲ ၁၁ နာရီအချိန်ကလည်း ဗိုလ်တထောင် တရားရုံးကို ရုံးထုတ်ခဲ့တယ်လို့ သိရတယ်။ အခု ထက်ထိတော့ အခြေအနေစောင့် ကြည့်နေ ရသေးတယ်။ အာမခံလည်း လောလော ဆယ် မရသေးပါဘူး။ ရဲတိုက်ဘက်က ခုချိန်ထိတော့ ရှေ့နေခေါ်တာ မတွေ့ရသေးပါဘူး။

ဥပဒေအတွင်းကနေပြီး ကူညီပေးလို့ရတာ မှန်သမျှကူညီပေးသွားမှာပါ။ အခု လက်ရှိ အချိန်ထိ သူ့ရဲ့ ကျန်းမာရေး အခြေအနေကောင်းတယ်လို့ သိရပါတယ်'' ဟု ဆိုသည်။

ရဲတိုက်သည် မေလ ၂၈ ရက် မွန်းလွဲပိုင်းက စိန့်မေရီကာသီဒြယ်ဘုရား ကျောင်းရှေ့အတွင်းသို့ ဒုတိယအကြိမ် ဝင်ရောက်ရန် ကြိုးစားရာတွင် ဝင်ခွင့်မပြုသဖြင့် ၁ နာရီ ၃ဝ မိနစ်ကြာ တစ်ကိုယ်တော်ဆန္ဒပြသခဲ့သဖြင့် ဗိုလ်တထောင်ရဲစခန်းမှ အရေးယူထားရသူ တစ်ဦး ဖြစ်သည်။

 Mizzima
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map