<div style='background-color: none transparent;'></div>

Home » » တစ်ကိုယ်တော်ဆန္ဒပြသူသရုပ်ဆောင် ရဲတိုက်သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူခံရ

တစ်ကိုယ်တော်ဆန္ဒပြသူသရုပ်ဆောင် ရဲတိုက်သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူခံရ

                                              Photo - မင်းမင်းထွန်း
သရုပ်ဆောင် ရဲတိုက်(ခ)လင်းထွန်းဦးအား သာသနာ ညှိုးနွမ်းအောင် ရည်ရွယ်ချက်အကြံအစည် အပြုအမှု လုပ်ဆောင်ခြင်းကြောင့် အမှုဖွင့်အရေးယူထားကြောင်း ဗိုလ်တထောင်ရဲစခန်းမှ သိရသည်။ဗိုလ်တထောင် စခန်းမှူး ဦးသာဇံ က ”ဗီဒီယိုသရုပ်ဆောင် ရဲတိုက်က ဘုရားကျောင်းဝင်းထဲကို ဝင်လာတယ်။ ဘုရားကျောင်းဝန်ထမ်းက ပြောပြတာ မရဘဲနဲ့ တံခါးဂျက်တွေကို အတင်းဆွဲ ဖွင့်ပြီး အထဲကို ဝင်သွားတယ်။ ပြီးတော့ ပြန်ထွက်သွားတယ်။ ၁၂ နာရီမှာ ဘုရားကျောင်းထဲကို ထပ်ဝင်လာတယ်။ ဘုရားကျောင်းအနောက်ဘက်က ဘုန်း တော်ကြီးတွေကို ပေးထားတဲ့ အခန်း တွေထဲကို ဖွင့်ပြီး ဝင်တယ်။ ၁၂ နာရီ ကနေ ဘုရားဝတ်ပြုနိုင်ကြောင်း ဘုရား ကျောင်းက ရှင်းပြပါတယ်။ ရဲတိုက်က
ဘုရားစင်ကို ကျောခိုင်းပြီး ရှိခိုးအော် ဟစ်တယ်။ ၁၂ နာရီ မိနစ် ၂ဝ မှာ ရဲတိုက်က ဘုရားကျောင်းထဲကို ထပ် ရောက်လာပြီး အင်္ဂလိပ်စာနဲ့ ရေးထား တဲ့ ဆိုင်းဘုတ်ကို ကိုင်ပြီးတော့ ခရစ် ယာန်ဘာသာ သာသနာကို ညှိုးနွမ်းစေ နိုင်တဲ့ အပြုအမူတွေပါနိုင်တယ်ဆိုပြီး ဘုရား ကျောင်းက တာဝန်ရှိတဲ့သူတွေက ပြောတာကို မနာခံဘူး။ ဒါကြောင့် ကျွန် တော်တို့ ရဲစခန်းကို ဘုရားကျောင်းက ဆက်သွယ်တော့ ကျွန်တော်တို့ သွားပြီး ထိန်းသိမ်းလိုက်ပါတယ်”ဟု ပြော သည်။
သရုပ်ဆောင်ရဲတိုက်သည် ဗိုလ် အောင်ကျော်လမ်းနှင့် ဗိုလ်ချုပ်လမ်း ထောင့်ရှိ စိန်မေရီကာသီဒြယ် ခရစ် ယာန် ဘုရားကျောင်းသို့ မေ ၂၈ ရက် နံနက်က ဘုရားကျောင်းအတွင်း ဝင်၍ ဝတ်ပြုရာမှ တင်းမာမှု ဖြစ်ပေါ်ခဲ့သဖြင့် နံနက် ၁၁ နာရီကျော်မှ စတင်ကာ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့သည်။ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် ရဲတိုက်က ”This about Love, this not about religion ” (ဒါဟာ မေတ္တာတရားအတွက်သာ ဖြစ်တယ်။ ဘာသာရေးအတွက် မဟုတ်ဘူး)”ဟု ပြောခဲ့ သည်။
Photo - St.Mary Cathedral
သရုပ်ဆောင် ရဲတိုက်ကို ညနေ ၃ နာရီ ၄၅ မိနစ်တွင် ဗိုလ်တထောင် ရဲစခန်းမှ လာရောက် ထိန်းသိမ်းခဲ့သည်။မြို့နယ်မှူး ဦးစိန်ဝေက ကျွန်တော် တို့ ရဲတိုက်ကို မင်း ဘယ်ဘာသာကိုး ကွယ်လဲ လို့ မေးတဲ့အခါမှာ လောလောဆယ် မဖြေနိုင်ဘူးလို့ ကျွန်တော့်ကို ပြောပါ တယ်။ အာမခံနဲ့ ပေးဖို့ကတော့ မရှိပါ ဘူး။ ဒီပုဒ်မဟာလည်း အာမခံပေးလို့ မရ ပါဘူး။ တိုင်ကြားတဲ့သူက ဘုရားကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးရစ်ချက်(ခေါ်) ဦးခင်မောင်ဦး အသက် (၅၅) နှစ်ပါ”ဟု ပြောသည်။ ဗိုလ်တထောင် စခန်းမှူး ဦးသာဇံ၏ သတင်းထုတ်ပြန် ပေးချက်အရ သရုပ်ဆောင် ရဲတိုက်အား ဘာသာသာသနာကို ညှိုးနွမ်းအောင် ရည်ရွယ်ချက် အကြံအစည်၊ အပြုအမူ လုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၂၉၅/က)ဖြင့် အရေးယူထား ကြောင်း သိရသည်။
ပုဒ်မ ၂၉၅ ဆိုသည်မှာ လူတစ်စား   ကိုးကွယ်သည့် ဘာသာ သာသနာကို စော်ကားရန် အကြံဖြင့်ဖြစ်စေ၊ ကိုးကွယ် ဝတ်ပြုသော နေရာကို သော်လည်း ကောင်း၊ အထွတ်အမြတ်ထားသော အရာဝတ္ထုကိုသော်လည်းကောင်း၊ ဖျက် ဆီးခြင်းသည် သို့တည်းမဟုတ် ပျက်စီး နစ်နာစေခြင်းသည် သို့တည်းမဟုတ် ယုတ်ညံ့စေခြင်းသည် ထိုဘာသာ သာ သနာကို စော်ကားသည်ဟု လူတစ်စား က ယူဆတန်ရာသည်ကို သိလျက်နဲ့ဖြစ် စေ မည်သူမဆို ထိုလူတစ်စားက ဘာ သာ သာသနာရေးဆိုင်ရာ ကိုးကွယ် ဝတ်ပြုသော နေရာကိုသော်လည်း ကောင်း အထွတ်အမြတ်ထားသော အရာဝတ္ထုကိုသော်လည်းကောင်း၊ ဖျက် ဆီးလျှင် သို့တည်းမဟုတ် ပျက်စီး နစ်နာစေလျှင် သို့တည်းမဟုတ် ယုတ် ညံ့စေလျှင် ထိုသူကို နှစ်နှစ်ထိ ထောင် ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟု (အခန်း ၁၅၊ သာသနာရေးဆိုင်ရာ ပြစ် မှုများ၊ ရာဇသတ်ကြီး)အရ သိရသည်။
သရုပ်ဆောင်ရဲတိုက် ဆန္ဒဖော် ထုတ်ခြင်းနှင့် ပတ်သက်သည့် ဖြစ်ရပ်ကို စိန်မေရီကာသီဒြယ် သာသနာ့အကျိုး ဆောင်အဖွဲ့မှ မေ ၂၈ ည ၈ နာရီခန့်က တင်ပြချက်တစ်ခုကို
ဖေ့ဘွတ်မှတစ်ဆင့် ထုတ်ပြန်ခဲ့ရာ ယင်းထုတ်ပြန်ချက်တွင်-
”ယနေ့ဖြစ်စဉ်မှာ သူတော်စင်များ သာဝင်ရောက်ရသည့်၊ ဓာတ်တော် မွေ တော်များထားရှိရာ သန့်ရှင်းသည့်နေရာ၊ အထွတ်အမြတ်ထားရာ (Sanctuary) အတွင်းသို့ ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ စရိုက်နှင့်ဆန့်ကျင်သည့် မတင့်တယ် သော အဝတ်အစား(စွပ်ကျယ်လက်ပြတ်) နှင့် ဝင်ရောက်ကာ အထွတ်အမြတ်ထား ရာ ဗိမာန်တော်ကိုကျောပေးလျက်၊ မသင့်တင့် မလျောက်ပတ် မလျော်ကန် သောအပြုအမူမျိုး ပြုလုပ်ခြင်းကို တွေ့ရှိ ရလေရာ သက်ဆိုင်ရာ မှသတိပေးပြော ကြားခဲ့ခြင်းမှစ၍ မကျေမနပ် ဖြစ်သွားပုံ ရသည်။
ထိုမှတစ်ဖန် တတိယအကြိမ် ပြန်လည်ရောက်ရှိလာရာတွင်၊ သတင်း ထောက်များ၊ Media အဖွဲ့ဝင်များခေါ် လာပြီး အသင့်ရေးလာသော ဆိုင်းဘုတ် ကိုင်ဆောင်ကာ၊ ဘုရားကျောင်းသာသ နာ့ပရိဝုဏ်အတွင်းဝင်ရောက်ကာ၊ မည် သည့်အာဏာပိုင်အဖွဲ့အစည်း၏ခွင့်ပြု ချက်မျှရယူခြင်းမရှိဘဲ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါသည်။ သာသနာ့အကျိုး ဆောင်အဖွဲ့မှ အကြိမ်ကြိမ် မေတ္တာရပ်ခံ နေသည့်ကြားမှပင် ကာယကံရှင်မှကိုယ် ထိလက်ရောက် စတင်ကျူးလွန်ခဲ့ပါ သည်။
ပိတ်ပင် တားမြစ်ခြင်းခံရသည်ဟု ကာယကံရှင်က အပြစ်တင်စွပ်စွဲပြော ဆိုနေသော်လည်း သုံးကြိမ်သုံးခါတိုင် တိုင်ဝင်ရောက်ခဲ့ခြင်းသည်၊ ကာယကံ ရှင်၏ စွပ်စွဲချက်နှင့်လုံးဝဆန့်ကျင်နေ သည်မှာထင်ရှားပါသည်။အထက်ပါအပြုအမူများသည် ရည်ရွယ်ချက်ရှိရှိနှင့် ကြိုတင်ကြံစည် ထားသည်ဟု ယူဆနိုင်ပါသည်။ ကက် သလစ်သာသနာဘုရားကျောင်းတော် ဝင်းသည် ဝတ်ပြုကိုးကွယ်ခြင်းနှင့် ငြိမ်း အေးရာနေရာဖြစ်ပြီး မည်သည့်ဆန္ဒပြ ခြင်းမဆို၊ ထိုသဘောသဘာဝအကြောင်း တရားများနှင့် ဖီလာဆန့်ကျင်နေပါ သည်”ဟု ထည့်သွင်းရေးသား ဖော်ပြ ထားသည်။
သီဟ၊ ထက်လူလူ
popularmyanmar.com
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map