<div style='background-color: none transparent;'></div>

Home » » မိုင်ပေါင်း ၄၀၀၀ ဆီကသယ်ဆောင်လာမည့်ဂုဏ်သတင်း

မိုင်ပေါင်း ၄၀၀၀ ဆီကသယ်ဆောင်လာမည့်ဂုဏ်သတင်း

“ပါလက်စတိုင်းနိုင်ငံမှာကျင်းပနေတဲ့၂၀၁၄ အာရှအမျိုးသမီးချန်ပီယံရှစ် ခြေစစ်ပွဲကိုပါဝင် ဆင်နွှဲနေတဲ့မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း ပုံရိပ်များနှင့်ဆရာအိုကိုချာ၏ငါ့ညီမတွေအတွက်အားပေးဂုဏ်ပြုစာလွှာ” -
ငါ့ညီမတွေအတွက်.... ---------------------- ကြမ်းတမ်းတယ်ဆိုရမယ့် လမ်းခရီး မင်းတို့ တစ်ချက်မငြီးခဲ့ဘူး။ ပင်ပန်းတယ်ဆိုရမယ့် အချိန်တွေ မင်းတို့ အကြိမ်ကြိမ် ကျော်ဖြတ်ခဲ့တယ်။ မင်းတို့ရင်မှာရော ဘာတွေဖြစ်နေသလဲ ငါသိတယ်...... အမိမြန်မာပြည် ဂုဏ်သိက္ခာအတွက် စွမ်းသလောက် မင်းတို့လုပ်ပေးခဲ့တယ် မင်းတို့ လုပ်ပေးနေတယ်....လုပ်ပေးဖို့ရှိသေးတယ် အသိအမှတ်ပြုသူ-မပြုသူ မင်းတို့မမှုခဲ့ကြဘူးမဟုတ်လား။ ငါသိတယ်..... အကြောင်းအကျိုး အကောင်းအဆိုးကို မင်းတို့မတွေးဘူး အကျိုးအကြောင်း အဆိုးအကောင်းလည်း မင်းတို့မသိဘူး မင်းတို့တွေးတာ ဘာလဲ၊ မင်းတို့သိတာဘာလဲ.... ငါသိတယ်......အောင်ပွဲမဟုတ်လား။ ဒီအောင်ပွဲအတွက် နှစ်လုံးပေါက် ကျခဲ့ရတဲ့ ချွေးစက်တွေ ကုန်ဆုံးခဲ့ရတဲ့ အချိန်တွေ၊ ဒါတွေမင်းတို့ပဲသိတယ် ဒီအောင်ပွဲကို တရားမျှတစွာယူဖို့ ပါလက်စတိုင်းမြေမှာ မင်းတို့ ကြောက်ရမယ့်သူ ဘယ်သူရှိလို့လဲ မင်းတို့ စိုးရိမ်ရမယ့် အသင်းက ဘာအသင်းမို့လို့လဲ မင်းတို့လို သံမဏိတွေကို ဘယ်အရာက ပျော်ကျသွားအောင်လုပ်နိုင်မှာမို့လဲ.. မင်းတို့နဲ့အတူ ငါတို့လည်း ရှိနေတယ်။ မင်းတို့နောက်မှာလည်း သန်း ၆၀ သော လူထုကြီး ရှိနေတယ်။ ငါပြောတာ မင်းတို့မယုံရင် အသေအချာ နားစွင့်ကြည့် မင်းတို့အတွက် လက်ခုပ်သံတွေ....ကန္တာရနဲ့ပင်လယ်ကို ကျော်ဖြတ်ပြီး လာနေတယ်...။ လက်ခုပ်သံတွေယူလိုက်ကြစမ်း ဒါတွေနဲ့ ငါတို့အနိုင်ကန်မယ်။ အိန္ဒိယ၊ တိုင်ပေနဲ့ ပါလက်စတိုင်းပဲ ဂျပန်မဟုတ်၊ဘရာဇီးလ်မဟုတ်၊ ဂျာမနီမှ မဟုတ်တာ ဒီနေ့ညကစလို့ အားလုံးကို အနိုင်ယူမယ်မဟုတ်လား ပြည်တော်ပြန်ရင် ငါတို့တိုင်းပြည်အတွက် ဂုဏ်သိက္ခာတွေ ယူသွားကြမယ်လေ...။ အို ကို ချာ https://www.facebook.com/mrokocha.jj (ရန်ကုန်မှဘန်ကောက်၊ ဘန်ကောက်မှ ဒိုဟာ၊ ဒိုဟာမှ ဂျော်ဒန်၊ဂျော်ဒန်မှပါလက်စတိုင်း၊ အဖြောင့်တိုင်းသော် မိုင်ပေါင်း ၄၀၀၀ ၊ မတူညီတဲ့ နေထိုင်စားသောက်မှုပုံစံ၊ရာသီဥတု အချစ်နှင့်ဝေးကွာ ၁၀ ရက်၊ အပြန်မှာ အောင်မြင်မှု။)

 popularmyanmarjournal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map