<div style='background-color: none transparent;'></div>

Home » » Facebook ပေါ်တွင် လူပျောက်ကြော်ငြာခဲ့သည့် မိန်းကလေးအား အလောင်းအဖြစ် ပြန်တွေ့သည့်ဖြစ်စဉ် အပြည့်အစုံ

Facebook ပေါ်တွင် လူပျောက်ကြော်ငြာခဲ့သည့် မိန်းကလေးအား အလောင်းအဖြစ် ပြန်တွေ့သည့်ဖြစ်စဉ် အပြည့်အစုံ

၂၂.၄.၂၀၁၃ ရက်နေ့က သူငယ်ချင်းတစ်ယောက်အကူအညီတောင်း၍ လူပျောက်ကြော်ငြာPost တစ်ခု တင်ခဲ့ပါသည် ထို လူပျောက်ကြော်ငြာထဲကမိန်းကလေးပြန် လည်တွေ့ရှိပါသည် သို့သော်အသက်ရှင်လျက်တော့ မဟုတ်ပါ ထို့ကြောင့်၎င်းသေဆုံးမှုသည် လူသေမှုဖြစ်နိုင်လား လူသတ် မှုဖြစ်နိုင်လား ဆိုသည်ကို ဝိုင်းဝန်းစဉ်းစားစုံ စမ်းနိုင်ရန် ဒီစာကိုမေးမြန်းရေးသားပါသည် ။

ယနေ့အချိန်ခါတွင် facebookခေါ်လူ မှုကွန်ယက်အားအလွှာအသီးသီး မှအသုံး ပြုနေသဖြင့် မိမိထက်သိ မိမိထက်တက် တက်သိနားလည် သူများရှိပါကကာယကံ ရှင်များအားမိမိထက်ပိုမိုကူညီနိုင်ရန်၎င်း မိမိ တက်စွမ်းသ၍ကူညီချင်သူများရှိပါက ကူညီနိုင်ရန်အ သိပေးခြင်း သာဖြစ်ပါသည်။

သေဆုံးသူမှာရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေး ရွာအုပ် စု ရေတာရှည်ကျေးရွာမှ အဖ ဦးဇော်ထွန်း အမိဒေါ်နော်မယ်စေး ၏ သမီး ရန်ကုန်မြို့ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်တွင် ဒုတိယနှစ်တွင် တက်ရောက် ပညာသင်ကြားနေသောကျောင်းသူ မနော်မေသူသူaဇ်ာဖြစ်ပါသည် ၄င်း၏ချစ်သူမှာ ရန်ကုန် ဆေး၁ တွင်ပညာ သင်ကြားနေသော ဒုတိယနှစ်ကျောင်းသားမောင်ရဲမင်းဦးဖြစ်ပါ သည်

အခင်းဖြစ်ပွားသည့်နေ့ ၁၉.၄.၂၀၁၃ေooနေအိမ်မှအပြင်ထွက် သွားခဲ့ပါသည် မောင်ရဲမင်းဦးမွေးနေ့သို့ သွား၍ ထိုမှတဆင့်မိဘများနေထိုင်ရာရေတာရှည်ကျေးရွာသို့သွားမည်ဖြစ်ကြောင်းသိရပါသည်

၁၉.၄.၂၀၁၃ရက်နေ့ ည၈း၀၀နာရီခန့် တွင် ဒေါ်နော်မယ်စေး ထံသို့ မောင်ရဲမင်းဦးမှ ဖုန်းဆက်၍ `အန်တီသမီးကိုည ၇း၃၀နာရီကမှော်ဘီကားပေါ်သို့ တင်ပေးလိုက်ကြောင်း သွားကြိုရန်ပြောကြားခဲ့သည်´

ထို အခါဒေါ်နော်မယ်စေးမှ လူလွတ်၍ အကြို ခိုင်းသော်လည်းပြန် လည်ရောက်ရှိလာခြင်းမရှိပေ ထို့ကြောင့်ဒေါ်နော်မယ်စေးမှ ည၁၀း၃၀ခန့်တွင်မောင်ရဲမင်းဦးထံဖုန်းဆက်၍ ၄င်၏သမီးအား ကားပေါ် တင်ပေး လိုက်တာသေချာလားဟုမေးသောအခါသေ ချာကြောင်း ၄င်းကိုယ်တိုင်ကားထွက်မှပြန် လာကြောင်းပြောကြားခဲ့ပါသည်။

(မှတ်ချက် ယခင်က မောင်ရဲမင်းဦးသည် မနော် မေသူသူဇော်၏မိဘများထံသို့ တစ်ခါမျှဖုန်း ဆက်သွယ်ဖူးခြင်း မရှိကြောင်းသိရသည်)

၂၀.၄.၂၀၁၃ရက်နေ့တွင်ဒေါ်နော်မယ် စေးသည်သမီးနှင့်အတူနေထိုင်ရာ၎င်း၏ မောင်နေအိမ်သို့သို့ သွားရောက်၍သမီး၏ သူငယ်ချင်းလိပ်စာ ဖုန်းနံပတ်များစုံစမ်း၍ ဆက်သွယ်မေးမြန်း ရာ၎င်းတို့ထံ သို့မလာ ကြောင်းသိရှိခဲ့ရပါသည်

ထို့နောက်မှော်ဘီသို့ပြန်လာ၍ မှော်ဘီရဲစခန်းသို့ လူ ပျောက် အမှုဖွင့်သောအခါမှော် ဘီရဲစခန်းမှ တာဝန်ရှိသူများ အကြံပေးချက်ဖြင့် ၄င်းသမီးနေထိုင်ရာမရမ်းကုန်းမြို့နယ် ဘုရင့်နောင်ရဲစခန်းသို့အ မှုဖွင့်ရန်စီစဉ် ရပါသည် ။

ထိုနေ့မိုးချုပ်သွားသဖြင့နောက်တစ်နေ့တွင်မှသာအမှုဖွင့်နိုင်ပါသည် ၂၁.၄.၂၀၁၃ရက်နေ့တွင် ဦးဇော်ထွန်းဒေါ် နော်မယ်စေး တို့သည် မောင်ရဲမင်းအောင် နေအိမ်ကို စုံစမ်းသွားရောက် ၍ မောင်ရဲမင်းဦးနေအိမ်ကို စုံစမ်းသွားရောက်၍ ၄င်း၏မိဘများနှင့်အတူ မရမ်းကုန်းမြို့နယ် ဘုရင့် နောင်ရဲစခန်းသို့ သွားရောက်၍နေ့လည် ၁၀း၀၀နာရီအချိန်ခန်တွင် ရဲတပ်ကြပ်ကြီး ကျော်ဆန်းဝင်း ထံ လူပျောက်အမှုဖွင့်၍တိုင်ကြားခဲ့ပါသည်

၎င်းရဲတပ်ကြပ်ကြီးကျော် ဆနးဝင်းမှ နှစ်နာရီအချိန်တွင်စခန်းအား လုံးဖြန့်ဝေပေးမည်ဟုပြောကြားခဲ့ပါသည်

ထိုနေ့ညနေ၀၆၀၀အချိန်ခန့်တွင်မောင်ရဲမင်းဦးမှဒေါ်နော်မယ်စေးထံ ဖုန်းဆက်၍ `၄င်းသည် မနော်မေသူသူဇော် ကိုင်သောဖုန်းအား ညနေ၄း၀၀နာရီခန့်က ဆက်၍ရ ကြောင်း သို့ရာတွင်ယောက်ျား တစယောက်ကိုင်ကြောင်းလှိုင်သာယာလို့ပြောသံ ကြားကြောင်းထို့နောက် ဖုန်းချ သွားကြောင်း´ ပြောကြားခံ့ပါသည် ။

၂၂.၄.၂၀၁၃ရက်နေ့တွင်ဒေါ်နော်မယ် စေးထံသို့ဝါးနက်ချောင်းကျေးရွာ မှော်ဘီမြို့ နယ်ချင်းကျောင်းမှ မနော်မေသူသူအောင် ၏ ပစ္စည်းများလှိုင် သာယာရဲစခန်းတွင် အပ်နှံထားကြောင်း ၄င်းတို့ထံသို့ လှိုင်သာယာခရစ်ယာန်ဘုရားကျောင်းမှ အကြောင်းကြားသောကြောင့်ပြောခြင်းဖြစ်ကြောင်းမှန် မမှန် သွားကြည့်ရန်ပြောခဲ့ပါသည်။

ထို့ကြောင့်နေ့လည်၁၁း၀၀နာရီခန့်တွင် မောင်ရဲမင်း ဦးထံနှင့် ဘုရင့်ရဲစခန်းမှရဲတပ်ကြပ်ကြီးကျော်ဆန်းဝင်း ထံသို့ ဖုန်းဆက်အကြောင်း ကြားပြီးလှိုင်သာယာရဲစခန်းသို့ လိုက်သွားရာနေ့လည်၂း၁၅အချိန် ခန့်တွင်ရောက်ရှိ၍ ပစ္စည်းများစစ်ကြည့်ရာ မှန်ကန်ကြောင်းတွေ့ရပါသည် ။

၎င်းပစ္စည်းများကို၁၉.၄.၂၀၁၃ရက်နေ့တွင် ည၈း၁၅အချိန်ခန့် တွင်အောင်ဇေယျတံတား (လှိုင်သာယာ ဘက်ကမ်း)တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသောတာဝန်ကျရဲ ထံသို့ အမည်မသိအမျိုး သမီး ၃ ဦးမှ လာ၍ အပ်နှံ သွားကြောင်းသိရသည်

ပစ္စည်းများမှာ မေ န်ာမေသူသူဇော်ကိုင်ဆောင်သော လက် ကိုင်အိတ် ကျောင်း သားကဒ် အမေရိကန် သံရုံးစာကြည့်တိုက် အသင်းဝင် ကဒ်ဒေါက်ဖိနပ်တစ်ရံ စုစုပေါင်းပစ္စည်း ၁၁ မျိုး တို့ ဖြစ်သည် ထို့နောက်ဘု ရင့်နောင် ရဲစခန်းသို့ လိုက်သွားပြီး ထွက်ဆိုချက်များပေးခဲ့ရပါသည်


၂၃.၄.၂၀၁၃ရက်နေ့တွင်မနက်၀၉း၀၀ အချိန်ခန့်တွင် ဘုရင့်နောင်ရဲစခန်းသို့ ဒေါ် နော်မယ်ဆေးနှင့်အတူ ၄င်း၏မောင်နှင့် တူမတို့ ထွက်ဆိုချက်များသွားပေးခဲ့ပါသည် ထိုအချိန်တွင် အမှုစစ် ဒုရဲအုပ်ကျော်ဝင်းနိုင် သည် ပစ္စည်းများ စတင်သိမ်းဆည်းခဲ့သော ရဲတပ်ကြပ်ကြီးဟာတူးမောင်အား စစ် ဆေးရန်လှိုင်သာယာ ရဲစခန်းသို့ သွားမည် ဖြစ်သဖြင့်၎င်းနှင့်အတူလိုက်သွားခဲ့ပါသည်

ထိုသို့စစ်ဆေးနေစဉ်ဒုရဲအုပ်ကျော် ဝင်းနိုင်ထံသို့ ပိုင်ရှင်မဲ့ အလောင်း တစ် လောင်းအင်းစိန်ဆေးရုံကြီး သို့ရောက် ရှိနေကြောင်းဖုန်း သတင်းဝင်လာပါသည်

ထိုအကြောင့် အမှုစစ်ဒုရဲအုပ်ကျော်ဝင်းနိုင်နှင့်အတူ အင်းစိန်ရဲစခန်းသို့သွားရောက်ခဲ့ရပါသည် ထို့နောက် အင်းစိန်စခန်းမှူး ဓါတ်ပုံများထုတ်ပြ၍မနော်မေသူသူဇော် ဟုတ်မဟုတ်ကြည့်ခိုင်းပါ သည်

ဒေါ်နော်မယ်စေး၏ ဆွေမျိုးများ မှ အင်းစိန်ဆေးရုံကြီးသို့ ဖုန်းဆက်၍ အလောင်းရှိမရှိမေးမြန်း၍ ရှိသည်ဟု ပြော သဖြင့်၀၄း၀၀နာရီ အချိန်ခန့်တွင် အင်း စိန်ဆေးရုံကြီးသို့ လိုက်သွားခဲ့သည်

ထိုနေ့ ကအလောင်းသယ်ယူသော ကားမအား၍ နောက်ကျခြင်းကြောင့်သာ အလောင်းကို ပြန်ရခြင်းဖြစ် သည် အကယ်၍ကားနောက် မကျပါက မိခင်မှာသမီးကိုမြင်တွေ့ ခွင့်ရမည် မဟုတ်ပေ ထိုအလောင်း ကို၂၀.၄.၂၀၁၃ရက်နေ့ နံနက်၉း၀၀နာရီအချိန်ခန့်တွင် အင်းစိန်ရွာမအနောက် ၆ ရပ်ကွက် ငါးဒိုင်အနီးရှိမြစ် ကမ်းမှ ၅ပေအကွာ တွင်တွေ့ရှိဆယ်ယူပြီး အင်းစိန်ရဲစခန်းသို့အကြောင်းကြားခဲ့ကြ သည်

စခန်းမှလာရောက်၍ နေ့လည်၁နာ ရီခန့်တွင်အင်းစိန်ဆေးရုံကြီး သို့ပို့ဆောင် ခဲ့သည် ၂၄.၄.၂၀၁၃ရက်နေ့ တွင်ထိန်ပင်သို့ ပို့ဆောင်ဂူသွင်းသည်

အထက်ပါဖြစ်စဉ်များကိုသေချာဖတ် ၍အကြံပြုပေးကြပါ ဖြန့်ဝေပေးပါ ၁ စော်ဘွားကြီးကုန်းမှအောင်ဇေယျ တံတား ညနေ ၀၇း၃၀ တွင်သွားပါက ၄၅ မိနစ်ဖြင့်ရောက်နိုင် ပါသလား ၂ ဘုရင့်နောင်ရဲစခန်းမှ လူပျောက်အ မှုဖွင့်ထားပြီး

၂နာရီအတွင်းရန်ကုန်တိုင်းရှိ စခန်းအားလုံးဖြန့်မည်ဆိုသော်လည်း အ ဘယ့်ကြောင့် လှိုင်သာယာရဲစခန်းမှ ပစ္စ ည်းများလက်ခံထိန်း သိမ်းပြီးလူပျောက်အ မှုကိုမသိရှိသလဲ ၃ ၄င်းပစ္စည့်းများထဲတွင် ကျောင်းသား ကဒ် မှတ်ပုံတင်များပါရှိပြီး ၄င်းကဒ်များတွင်နေရပ်လိပ်စာများ ပါရှိသော်လည်းအဘယ့်ကြောင့် ကာယကံရှင် များအား အကြောင်းမကြားသနည်း (သိ့မဟုတ်)ကာယကံရှင် များနေထိုင်ရာမြို့ နယ်ရဲစခန်းသို့ အ ကြောင်းမကြားသလဲ ၄ လူသေမှုဖြစ်နိုင် သလား(သို့မဟုတ်) လူသတ်မှုဖြစ်နိုင်သလားစာ ဖတ်သူများလည်းသေချာဖတ်၍ စဉ်း စားပေးပါ အမှားအယွင်းပါပါကတောင်း ပန်ပါသည် အမှန်တရား တန်ဖိုးထားနိုင်ကြပါစေ။

Kothein Htike

Posted From လူထု မောင်ကာဠု
shwenaingan

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map