<div style='background-color: none transparent;'></div>

Home » » သင်္ကြန်ပိတောက်နဲ့ အမေ

သင်္ကြန်ပိတောက်နဲ့ အမေ



သင်္ကြန်မိုးလေးမြန်မာပြည်
တစ်နှစ်မှာ တစ်ခါ၊
တစ်လမှာ တစ်ရက်၊
တစ်ရက်မှာ တစ်မနက်သာ
သင်္ကြန်ကိုအလှဆင်ခွင့် ရပေမယ့်
သင်္ကြန်ကိုတော့ မဖျက်စီးစေ့ ချင်ဘူး၊

အဖြူရောင်နှလုံးသားကြမ်းကြမ်းတွေနဲ့ 
လိမ်ညာလိုက် လှည့်ပတ်လိုက်၊
ကောက်ကျစ်လိုက်၊ ယုတ်မာလိုက်နဲ့
ပြောချင်ရာ ပြော၊
လုပ်ချင်ရာ လုပ်ပြီး
အပြောနဲ့ အလုပ် တစ်ခြားစီ၊



နေရတဲ့ လူ့ဘ၀လေးမှာ
အတ္တများတယ်
မုသားသုံးပြီးကိုယ်စီကိုယ်စီနဲ့
အချင်းချင်း လှည့်ပတ်နေကြတာ၊
စက်ဆုတ်စရာ။
သစ္စာ၊ အကြင်နာ၊ နွေးထွေးတဲ့ ကရုဏာ
သင်္ကြန်မှာ ပျော်စရာကအပြည့်
တရားကျလိုက်တာ ..ရိပ်သာမှာ။

လောကသဘာဝတရားအရဆိုရင်
ရွက်နုဝေပြီးရင် ငုံဖူးမယ်၊
ငုံဖူးပြီးရင် ပွင့်မယ်၊
ပွင့်ရင်းနဲ့ လောကကို အလှဆင်မယ်၊
မြန်မာသင်္ကြန်ဆိုတာ ဘယ်မှာမှာမရှိ။

အမေ့ ခေါင်းပေါ်ကပန်းပိတောက်
တနှစ်မှတစ်ခါ ငါမြင်ရ
လောကကို အလှဆင်တယ်၊
ပြည်သူတွေကိုမေတ္တာထားတဲ့ဒီအမေ
လူထုအတွက်အလုပ်လုပ်ပြီး
ကိုယ့်အတ္တကို အလှဆင်တယ်၊
လောကကို တစ်ခဏသာ..
အလှဆင်ခွင့် ရပေမယ့်
အမေ့ ခေါင်းပေါ်က
သင်္ကြန်ပန်းပိတောက်လေး
ဖြစ်လိုက်ချင်ပါဘိ။ ။

ကိုထွန်းဝေ
6.4.2013
စိတ်ထဲရှိရာရေးလိုက်မိပါတယ်။
တိုက်ဆိုင်ခဲ့လျှင်ခွင့်ပြုကြပါ.။
 အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map