<div style='background-color: none transparent;'></div>

Home » » သင်္ကြန်မတိုင်မီ ဖွင့်လှစ်မည့် လှည်းတန်းခုံးကျော်တံတား

သင်္ကြန်မတိုင်မီ ဖွင့်လှစ်မည့် လှည်းတန်းခုံးကျော်တံတား




ရန်ကုန် မြောက်ပိုင်းခရိုင် ၊ ကမာရွတ် မြို့နယ် ရှိ လှည်းတန်း လမ်းဆုံမှာ လမ်း ၅ ခု ဆုံရပ် ဖြစ်သဖြင့် နေ့စဉ် ယာဉ်ကြော ကျပ်တည်းခြင်း ၊ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေပြီး အချိန် ကြန့်ကြာမှုများ ဖြစ်ပေါ် နေသောကြောင့် ယာဉ်မောင်းများ နှင့် ခရီးသည် များမှာ အဆင်မပြေ မှုများ ဖြစ်ပေါ် နေသော်လည်း ယခုအခါ လှည်းတန်း ခုံးကျော် တံတားကြီး တည်ဆောက် ပြီးစီးနေမှုကို မျက်ဝါးထင်ထင် မြင်တွေ့ နေပြီးဖြစ်ရာ စိတ်အမောများ ပြေပျောက်၍ ပီတိစိတ်များ ဖြင့် ကြည်နူး နေကြသည်။


အဆိုပါ လှည်းတန်း လမ်းဆုံမှာ ပြည်လမ်း ၊ ရန်ကုန် - အင်းစိန်လမ်း နှင့် တက္ကသိုလ် ရိပ်သာလမ်း တို့ ပေါင်းဆုံသည့် နေရာ ဖြစ်သဖြင့် နေ့စဉ် ယာဉ်ကြော ကျပ်တည်းလျက် ရှိသည်။ ယခုအခါ ယာဉ်ကြော ကျပ်တည်းမှု ကို ဖြေလျော့နိုင်ရန် လှည်းတန်း ခုံးကျော်တံတား ကြီးမှာ တည်ဆောက် ပြီးစီး နေပြီး အချောသတ် လုပ်ငန်းများ လုပ်ဆောင် နေသည်ကို တွေ့မြင်ရသည်။ လှည်းတန်း ခုံးကျော် တံတားကြီး သည် ပြည်လမ်းမကြီး အပေါ်တွင် တည်ရှိပြီး တံတား အရှည်မှာ ပေ ၂၈၁၀ ကျော် ၊ အကျယ် ၅၄ ဒသမ ၈ ပေ ရှိသည်။ တံတား အမျိုးအစားမှာ ဘိုးပိုင် ဖောင်ဒေးရှင်း ၊ သံကူ ကွန်ကရစ်တိုင် ၊ သံမဏိ သံပေါင် ယက်မ ၊ သံကူ ကွန်ကရစ် ကြမ်းခင်း ဖြစ်ပြီး ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ ကြီးကြပ်၍ ရွှေတောင် ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် နေခြင်း ဖြစ်ကြောင်း ယင်းတံတား စီမံကိန်းတွင် လုပ်ငန်းခွင် ၀င်နေသည့် အင်ဂျင်နီယာ တစ်ဦးက ပြောကြားသည်။

ယင်း လှည်းတန်း ခုံးကျော်တံတား ကြီးကို ယခုနှစ် သင်္ကြန် မတိုင်မီ ဖွင့်လှစ်နိုင်ရန် နေ့ - ည ကြိုးပမ်း အားထုတ်လျက် ရှိသဖြင့် အနာဂတ် ကာလတွင် လှည်းတန်း လမ်းဆုံ၌ ယာဉ်ကြော ကျပ်တည်းခြင်း ၊ ပိတ်ဆို့ခြင်း မဖြစ်ပေါ် နိုင်တော့ဘဲ ခန့်ညား ထည်ဝါသော ခုံးကျော် တံတားကြိး အပေါ်နှင့် တံတားအောက်ခြေ တို့တွင် မော်တော်ယာဉ်များ အစီအရီ သွားလာ နိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map