<div style='background-color: none transparent;'></div>

Home » » ၆နှစ်သမီး သန်းကြွယ်သူဌေး မော်ဒယ်မလေး

၆နှစ်သမီး သန်းကြွယ်သူဌေး မော်ဒယ်မလေး



Isabella Barrett လို့အမည်ရတဲ့ ၆ နှစ်အရွယ်ကလေးမငယ်လေးဟာ အမေရိကန်မှာ သန်းကြွယ်ချမ်းသာတဲ့မော်ဒယ်မလေး ဖြစ်ပါတယ်။

မော်ဒယ်အလုပ်တစ်ခုတည်းနဲ့ ချမ်းသာတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့  ကိုယ်ပိုင် စိတ်ကူး ဒီဇိုင်းနဲ့ ဖန်တီးတဲ့ လက်ကောက်နဲ့ လက်ဝတ်ရတနာ များရှိပြီး အသက် ၃၉ နှစ်အရွယ် အမေဖြစ်သူနဲ့ အတူ ကုမ္မဏီ တည်ထောင် ထုတ်လုပ်ရောင်းချရာမှာ အမေရိကန်ဒေါ်လာ ၁ သန်း ထက်မက အမြတ်ရရှိခဲ့ပါတယ်။

နောက်ထပ်လည်း ပစ္စည်းများ ထုတ်လုပ်နေပြီး ဆက်လက်ဖြန့်ချိရောင်းချမှာ ဖြစ်ပါတယ်။ မိမိကုန်ပစ္စည်းရဲ့  တစ်ပင်တိုင် မော်ဒယ် ဖြစ်တဲ့အပြင် အခြားသော ဖက်ရှင်စစ္စည်းနဲ့

အဝတ်အထည်များအတွက်လည်း မော်ဒယ်အဖြစ် သရုပ်ဆောင်နေပါတယ်။ မော်ဒယ်ပြိုင်ပွဲများမှာလည်း ဆုတံဆိပ်များ ရရှိပြီး အသက်ငယ်ငယ်နဲ့ အောင်မြင်နေပါတယ်။

ဒါကြောင့် တီဗီရှိုးတွေထဲမှာလည်း ပါဝင်လာတဲ့ ကလေးမလေး Isabella ဟာ ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ်တိုင်ငွေရှာတဲ့ မီလျံနာ တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
--
Ref: International news for myanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map