<div style='background-color: none transparent;'></div>

Home » » "သမ္မတပုံတူကို မွေးနေ့လက်ဆောင် အဖြစ် နံရံပေါ်ဂရပ်ဖစ်တီအနုပညာ ရေးဆွဲခဲ့သည့်အာကာကျော်"

"သမ္မတပုံတူကို မွေးနေ့လက်ဆောင် အဖြစ် နံရံပေါ်ဂရပ်ဖစ်တီအနုပညာ ရေးဆွဲခဲ့သည့်အာကာကျော်"



နိုင်ငံတော်သမ္မတဦးသိန်းစိန် ၏ ဧပြီ၂ဝရက်နေ့တွင် ကျရောက် ခဲ့သော ၆၈နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လူငယ်ဂရပ်ဖစ်တီ ပညာရှင်အာကာကျော်က ယင်းနေ့မနက်ပိုင်း ၄နာရီက ချော်တွင်းကုန်း မီးပွင့်အနီးရှိနံရံတွင် Happy Brithday Mr. President စာတန်းဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပုံတူကို ဂရပ်ဖစ်တီရေး ဆွဲပြီး ဖော်ပြခဲ့သော်လည်း မွန်းလွဲတစ်နာရီ ခန့်တွင် အာဏာပိုင်များက လာ ရောက် ဖျက်ပစ်သွားခဲ့သည်။ "ဒီ မနက် ၄နာရီလောက်က ဆွဲခဲ့တာပါ။ ဖျက်ခံနေရတာကတော့ ကျွန် တော်ဆွဲတဲ့ပုံတိုင်းနီးပါးအဖျက်ခံရတာ ဆိုတော့ ဘာမှာတော့ သိပ်မခံစားရ တော့ပါဘူး။ဒါပေမဲ့ စိတ်တော့ မကောင်းဘူး"ဟု အသက် ၂ဝအရွယ် သာရှိသေးသည့် လူငယ် ဂရပ်ဖစ်တီ ပညာရှင်အာကာကျော်က ပြောပြသည်။


ယခုကဲ့သို့လာရောက် ဖျက်သွားခဲ့သော အာဏာပိုင်များဘက်က လုပ်သည့်ကိစ္စကလည်း သူတို့ဘက်က ကြည့်လျှင်မမှားကြောင်း အာကာ ကျော်က ပြောသည်။ "စည်ပင်က ပါမစ်ထုတ်ထားတာက နံရံမှာဆွဲလို့ မရဘူးလို့ ပြောထားတာ။ ကျွန်တော် ကလည်း နံရံရှာရင်း ဒီနံရံလေးလှ တော့ အဲဒီနေရာမှာ ဆွဲဖြစ်သွားတာ။ သမ္မတကြီးမွေးနေ့ အတွက် အားလုံး ကိုယ်စားလက်ဆောင်အဖြစ် ရေးဆွဲ ပေးခဲ့တာပါ။ ဖျက်တာကတော့ နေ့ခင်း ၁နာရီလောက်ဆိုတော့ စောလွန်း တယ်။ ညနေလောက်မှ ဖျက်ရင် တော်သေးတာပေါ့ဗျာ"ဟု အာကာ ကျော်က သူ၏ ရေးဆွဲဖြစ်ခဲ့သည့် ခံစားချက်ကို ပြောပြခဲ့သည်။

လူငယ်ဂရပ်ဖစ်တီပညာရှင် အာကာကျော်အနေဖြင့် ယခုရေးဆွဲ ခဲ့သော မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ ပုံတူ ကို နှစ်ကြိမ် မြောက်ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ထက်လူလူ
 popularmyanmarjournal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map