လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့် မြန်မာသက္ကရာဇ်
၁၃၁၅ ခုနှစ် တပို့တွဲလပြည့်နေ့က ရန်ကုန်မြို့၌ ကျင်းပခဲ့သော
ရဟန်းခံရှင်ပြုအလှူမင်္ဂလာပွဲတစ်ခုတွင် ထူးခြားသောရှင်လောင်းလှည့်ပွဲတစ်ခု
ပြုလုပ်ခဲ့သည်။ အလှူဒါယကာ၊ ဒါယိကာမများမှာ ရန်ကုန်မြို့နေ ပွဲစားဦးချစ်မောင်နှင့် ဇနီး ဒေါ်ညွှန့်ခင်၊ ပွဲစား ဦးတင်လှနှင့် ဇနီး ဒေါ်စိန်ရုံတို့ ဖြစ်ကြသည်။
ရဟန်းလောင်း ရှင်လောင်း ၂၆ ပါးကို မြင်းများပေါ်တင်၍လည်းကောင်း
တစ်ဖန်မော်တော်ယာဉ်များပေါ်တင်၍ လည်းကောင်း ရန်ကုန်မြို့အနှံ့ ရှင်လောင်းလှည့်ခဲ့ပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး (UBA) မှ ဒါကိုတာလေယာဉ်ကို စင်းလုံးငှား၍ ရဟန်းလောင်း၊ ရှင်လောင်းများကို လေယာဉ်ပေါ်တင်ဆောင်ကာ ရန်ကုန်မြို့တစ်ပတ် ထူးထူးခြားခြား ရှင်လောင်းလှည့်ခဲ့လေသည်။ ထို့နောက် ရဟန်းခံ၊ ရှင်ပြု၊ အလှူ မင်္ဂလာပွဲကို ရန်ကုန်မြို့ တောင်းဟော(လ်) မြို့တော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
တစ်ခေတ်တစ်ခါက ထူးထူးခြားခြား ဝေဟင်ပေါ်က ရှင်လောင်းလှည့်ပွဲကို စာဖတ်ပရိသတ်များအတွက် သုတ၊ ရသအလို့ငှာ ရှာဖွေတင်ပြလိုက်ရပါသည်။
Credit- ကြေးမုံ
သုတဘဏ်
Myanmar News Update

0 comments:
Post a Comment