<div style='background-color: none transparent;'></div>

Home » » နယ်စပ်က နိုင်ငံတကာအမျိုးသမီးများနေ့မြင်ကွင်း

နယ်စပ်က နိုင်ငံတကာအမျိုးသမီးများနေ့မြင်ကွင်း

ဒီနေ့ကျရောက်တဲ့  နိုင်ငံတကာအမျိုးသမီးများနေ့ကို ကမ္ဘာအရပ်ရပ်မှာ ကျင်းပနေကြပါတယ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ ထိုင်းနဲ့မြန်မာအမျိုးသမီး အများအပြား ပူးပေါင်းပြီး  နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပကြတာ တွေ့ရပါတယ်။

ဒီအခမ်းအနားကို မဲဆောက်မှာရှိတဲ့ မြန်မာအမျိုးသမီးအဖွဲ့တွေ၊ အလုပ်သမားအဖွဲ့တွေ၊ ဒေသအခြေစိုက် NGO တွေနဲ့စုဖွဲ့ထားတဲ့ MRPWG ခေါ် ရွှေ့ပြောင်းအလုပ်သမားအရေးမြှင့်တင်ရေး လုပ်ဆောင်မှုအဖွဲ့ကနေ ကမကထပြုတာ ဖြစ်ပါတယ်။

တက်ရောက်လာတဲ့အမျိုးသမီး ၂၀၀ ကျော်က မြို့လယ်ကနေ မြို့နယ်အားကစားကွင်းကို လမ်းလျှောက်ချီတက်ခဲ့ကြပြီး နိုင်ငံတကာအမျိုးသမီးများဆိုင်ရာ အခွင့်အရေးတွေနဲ့ပတ်သက်တဲ့ ဟောပြောပွဲတွေနဲ့အခြားပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။

တက်ရောက်လာသူအများစုက မြန်မာအလုပ်သမတွေပါ။

မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြူနီစပယ်ရုံးတို့က အရာရှိတချို့တက်ရောက်အားပေးကြပါတယ်။

(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)







irrawaddy
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map