Home »
သတင်း
» မုံရွာခရီးစဉ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သုံးသပ်ပြောကြားချက်
မုံရွာခရီးစဉ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သုံးသပ်ပြောကြားချက်

(လက်ပံတောင်းတောင် အစီရင်ခံစာ ထုတ်ပြန်ပြီး နှစ်ရက်အကြာ မတ်လ ၁၃ ရက်နှင့်
၁၄ ရက်နေ့တို့တွင် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များသည် ကြေးနီစီမံကိန်း နယ်မြေအတွင်းရှိ
ကျေးရွာ ရှစ်ရွာနှင့် ကြေးနီစီမံကိန်း စက်ရုံသို့ သွားရောက်လေ့လာခဲ့ရာတွင်
ကန့်ကွက်ဆန္ဒပြမှု အချို့နှင့် တွေ့ကြုံခဲ့ရခြင်း အပေါ် မုံရွာမြို့မှ
မထွက်ခွာမီ မိနစ်ပိုင်း အလိုတွင် မီဒီယာများက မေးမြန်း ခဲ့သည်များမှ
ကောက်နှုတ် ဖော်ပြ ပါသည်။)
"ကော်မရှင်ရဲ့ စီရင်ချက်ဟာ မှန်ကန်တယ်ထင်လို့ အကောင်းဆုံးဖြစ်အောင် ချတဲ့
စီရင်ချက်။ အဲဒီ စီရင်ချက်ကို အမေ တာဝန်ယူတယ်။ ဒီကိစ္စကို သဘောမတူဘူးဆိုရင်
သဘောမတူပိုင်ခွင့် ရှိတယ်။ အတင်းအကျပ် သဘောတူ ရမယ်လို့ ဘယ်သူကိုမှ
ပြောလို့မရဘူး။
အမေတို့ တွေ့ရှိချက်တွေအရ ရဲတွေက
ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ဘူး။ မီးလောင်ဗုံး ဆိုတာလည်း မဟုတ်ဘူး။ ဒါ
Smoke ဗုံး။ မီးခိုးဗုံးကို မီးလောင်ဗုံးလို့ ပြောရမယ်ဆိုရင် အမေ
မပြောနိုင်ဘူး။ အမေဒါကို ထုတ်တဲ့စက်ရုံမှာ ကိုယ်တိုင်သွားပြီး
စမ်းသပ်ပြီးသွားပြီ။ အမေတို့သွားခဲ့တဲ့ တချို့ရွာ တွေက အစီရင်ခံစာလည်း
ဖတ်မထားကြတဲ့အပြင် ရှင်းပြတာ ကိုလည်း နားမထောင်ကြဘူး။ ဒါဟာလဲ သူတို့မှာ
ဟိုးအရင် ကတည်းက ပဋိပက္ခတွေ ဖြစ်ခဲ့ကြတာဆိုတော့ ပြေပြေလည်လည် လုပ်တဲ့အကျင့်
မရှိသေးလို့ပါ။ ဒါကိုအမေ အပြစ် မတင်ပါဘူး။ ဒီခရီးက စည်းရုံးဖို့သွားတာ
မဟုတ်ဘူး။ ရှင်းပြဖို့ သွားတာ။ အများစုက ဖတ်တောင် မဖတ်ရသေးဘူး။ ဘာလို့
မဖတ်ရလဲဆိုတော့ သတင်းစာမရလို့ ပြောတယ်”
“နိုင်ငံရေး လုပ်တယ်ဆိုတာ
အမုန်းခံသင့်ရင် အမုန်းခံရမှာပဲ။ ကိုယ်မှန်တယ်ထင်တာ လုပ်လို့ရှိရင်။
အမုန်းခံရဲရမယ်။ အမုန်း မခံချင်ရင် နိုင်ငံရေး မလုပ်နဲ့။ အချစ်ခံချင်လို့
လုပ်တာဆိုရင် နိုင်ငံရေး မဟုတ်ဘူး။ အမေတို့မှာတော့ ဇာတ်ကဖို့
အချိန်မရှိဘူး"
The Voice Weekly
0 comments:
Post a Comment