မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ အသက် ၂၈ နှစ်အရွယ် ဘာသာရေး ဆရာမတစ်ဦးဟာ
၁၄ နှစ်အရွယ် ကျောင်း သား နှစ်ဦးကို တက်တူးထိုးသည့်အတွက် ဆုံးမမိသည့်
အတွက် ချြိန်းခြောက်ခြင်း ခံခဲ့ရပါတယ်။
ပြီးခဲ့သည့် အပတ် ကြာသပတေးနေ့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ကိစ္စတွင် ဆရာမမှ
တက်တူးထိုးခြင်းသည် ကျောင်း ရဲ့ စည်းကမ်းကို ဖောက်ဖျက်ခြင်း ဖြစ်ကြောင်း
ပြောဆိုဆုံးမရာ တစ်ယောက်က သူမကို သတ်ပစ် မည် ဟု ခြိမ်းခြောက်ခဲ့ခြင်း
ဖြစ်ပါသည်။
ထိန်းသိမ်းဖျောင်းဖျလို့ မရမှန်း သိသည့်အခါ ဆရာမမှ
စည်းကမ်းထိန်းသိမ်းရေးကို တိုင်ခဲ့ပြီး ၄င်းမှ တစ် ဆင့် Salak Selatan
ရဲစခန်းကို တိုင်ခဲ့ကြောင်း သိရပါသည်။ နောက်ပိုင်းတွင်တော့ အဆိုပါဖြစ်စဉ်မှ
ကျောင်း သား တစ်ဦးမှာ အခြား ရာဇ၀တ်မှုတစ်ခုအတွက် ရဲတပ်ဖွဲ့မှ
စစ်ဆေးစုံစမ်းနေသူ တစ်ဦးဖြစ်ေ ကြာင်း သိရပါသည်။
ဒါကတော့ နိုင်ငံတိုင်းမှာ ကျောင်းသားအရွယ် ကလေးငယ်တွေရဲ့ ဆိုးသွမ်းမှုတွေပါ။
မနေ့ကလဲ စင်္ကာပူက ကျောင်း သူလေး ၅ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ
အယုံသွင်းလုပ်ခဲ့သူ တစ်ဦး အကြောင်း ဖော်ပြခဲ့ ပါတယ်။ မြန်မာနိုင်ငံမှာ
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့ ဆရာတို့
ကျင့်ဖို့ ၀တ်ငါးဖြာ ဆိုပြီး ရှိခဲ့ပေမယ့် ယခုအခါမှာတော့ အတတ်လည်းသင်
တစ်ခုလောက်နဲ့ပဲ ရပ်ဖို့ အားလုံး တောင်းဆိုနေကြပါတယ်။
ဆရာမရိုက်လို့ ၀ါခြမ်းပြားရာ ထင်ရာမှ ဆရာမကို တရားစွဲတဲ့ ကျောင်းသားမိဘ၊
ကျောင်းအုပ် ဆရာမကြီး က စည်းကမ်းမရှိလို့ ရိုက်မိသည်ကို ရုံးတင်တရားစွဲသည့်
ကျောင်းသူ၊ ထိုမှ တစ်ဖန် မရိုးနိုင်သော ပြစ်မှု အမျိုး မျိုးကို
ကျူးလွန်ပြီး ဆရာများ လက်ရှောင်ရတဲ့ ကလေးများ ဖြစ်လာစေဖို့
ဆောင်ရွက်နေကြပါတယ်။ ဗက သ များကလည်း စာမေးပွဲကျ ကျောင်းသားများကို အားပေး၊
ကျောင်းသားများ ကျောင်းစာသင်ခန်းမှ ထွက် ဖို့ တွန်း အားပေးနေသည်ကိုလည်း
လက်ပိုက်ကြည့်ခြင်း ခံနေရပါတယ်။
တစ်နေ့မှာ ဒီမလေးက ပြစ်မှုလို ဆရာမရဲ့ အသက်အန္တရာယ်ကို ပြန်ခြိမ်းခြောက်တဲ့ ကျောင်းသားများ မဖြစ် လာ စေဖို့..
oppositeye
0 comments:
Post a Comment