<div style='background-color: none transparent;'></div>

Home » » ဥပဒေအထက်က လက်မည်းကြီးနှင့် လုံခြုံမှုမဲ့ ဘဝများ

ဥပဒေအထက်က လက်မည်းကြီးနှင့် လုံခြုံမှုမဲ့ ဘဝများ

တစ်ခါတစ်ရံ စကားပုံနှင့် ဆိုရိုးများက သံသယ ဝင်စရာ ဖြစ်သည်။ ကမ္ဘာလောက အတွက် အားအဖြစ် နှစ်သိမ့် စေနိုင်သော အတွေးနှင့် စိတ်တက် ကြွစေနိုင်သော စကားပုံ များစွာ ရှိသော်လည်း ယခုတော့ မသေချာတော့ သယောင်။ အထူးသဖြင့် လွတ်လပ်ပွင့် လင်းမှု အလင်းရောင် သန်းစပြုလာ ချိန်တွင် ပိုမိုအားကိုး စရာဖြစ်လာရ မည့်အစား အချို့ စကားများက လက်တွေ့ ဘဝနှင့် ပိုပိုဝေးကွာသွား သလိုလို။ ခုနစ်နှစ် ကျော်ကြာ မပြီးသေး သည့်အမှု ရန်ကုန်နှင့် မန်းတွင် ၁ဝ မှုရှိ၊ တစ်နှစ် ကျော်ထိ တရားခံ မပေါ်သေးသည့် သာယာဝတီမှ မျက်နှာ ဖုံးခေါင်းစွပ် လူသတ်မှု၊ စိမ်းလဲ့ကန် သာငါးလောင်းပြိုင် လူသတ်မှု၊ စသည် စသည် များစွာနှင့် တကွ ပူပူနွေးနွေး မတ်လ ၁၇ ရက်နေ့အင်း လျားအနီး ပြိုင်ကား တစ်စီးမှ
ထားခဲ့သည့် ဓားဒဏ်ရာနှင့် လူတစ်ဦး သေဆုံးမှု။ ထိုအနည်း ငယ်ထုတ်ပြသော သာဓက များအရ စကားပုံ များအပေါ် သံသယ ဖြစ်လောက် စရာပင် ဖြစ်သည်။ ‘မကောင်းမှု ဟူသည် ဆိတ်ကွယ်ရာ မရှိ’ ‘တရားကို နတ်စောင့်’ အကြွင်းမဲ့ မှားယွင်း သည်ဟု မဆိုပါ။ သို့သော် ဆိုရေးရှိ၍ ဆိုအပ် ၏ဟုသာ သတ်မှတ်ရ တော့မည်ဖြစ်သည်။ ”အမှုကြီး တွေဖြစ်တယ်။ တရားခံ မဖော်နိုင်ဘူး ဆိုရင် ပြည်သူ လူထုရဲ့ ဘဝဟာ ပူပင်ကြောင့်ကြမှု ကင်းကင်းနဲ့ နေဖို့ အခွင့်အရေးမရ နိုင်ဘူးဗျာ။ ကျွန်တော်တို့ အမြဲတမ်း စိုးရိမ်သောက တွေနဲ့ပဲ နေရတော့ မယ်”ဟု ဆိုလိုက် သူက ရှေ့နေ ကွန်ရက်မှ …..ဦးကိုနီဖြစ်သည်။
ရိုးရာလေး
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map