<div style='background-color: none transparent;'></div>

Home » » တီရှပ်ဝတ်ရင်း သူဌေး ဖြစ်သွားသူ

တီရှပ်ဝတ်ရင်း သူဌေး ဖြစ်သွားသူ



တီရှပ်ဝတ်ရင်း သူဌေးဖြစ်နိုင်မယ်လို့ ဘယ်သူမှ ထင်မထားပါဘူး။ ပုံမှာ တွေ့မြင်နေရတဲ့ Jason Sadler ကတော့ သူဌေး ဖြစ်ပြီး ယခုဆိုရင် ဝန်ထမ်းများစွာနဲ့ သူ့လုပ်ငန်းကို လည်ပတ်နေပြီ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်တုန်းကပါ။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေချိန် အတွေး တစ်ခု ဝင်လာပါတယ်။ ဒါကတော့ ဘေလ်ဘုတ်ကြော်ငြာပဲ ဖြစ်ပါတယ်။ လူသား ဘေလ်ဘုတ် ကြော်ငြာစနစ်မရှိသေးပါဘူး။ ဒီတော့ သူက စတင်ဖို့ စိတ်ကူးရပြီး ဝဘ်ဆိုဒ် တစ်ခု လုပ်ပါတယ်။ ကုမ္မဏီ နဲ့ ထုတ်ကုန်ပစ္စည်းအကြောင်း ကြော်ငြာထားတဲ့ တီရှပ်ကို တစ်ရက်ဝတ်ခ ၁ ဒေါ်လာနှုန်းနဲ့ စတင်ပါတယ်။

ယင်းထုတ်ကုန်ပစ္စည်းကြော်ငြာထားတဲ့ တီရှပ်ကို မနက်အိပ်ယာထက စလို့ ညအထိ ဝတ်ဆင်ပြီး ရောက်တတ်ရာရာ သွားပါတယ်။ လူစည်ကားရာ သွားပါတယ်။ ဆန်းလဲဆန်းတော့ လူသိများလာပြီး သူ့ဝဘ်ဆိုဒ်လည်း လူဝင်ကြည့်များ၊ သူ့ကြော်ငြာစနစ်ကိုလည်း စိတ်ဝင်စားလာ

ကြပါတယ်။ နောက်တော့ တစ်ရက် ၁ ဒေါ်လာ ကနေ ၂ ဒေါ်လာ၊ ၃ ဒေါ်လာ၊ ၄ ဒေါ်လာ ဈေးအဆင့်ဆင့် တက်လာပြီး ၂၀၀၉ ခုနှစ် တစ်နှစ်ထဲမှာကို အမေရိကန်ဒေါ်လာ ၈၃၀၀၀ တောင် ရှာဖွေနိုင်ခဲ့ပါတယ်။

ဒါကြောင့် ပထမ နှစ်ကိုအခြေခံလို့ ဒုတိယ နှစ်မှာ တစ်ယောက်တည်း မဟုတ်တော့ပဲ အဖွဲ့လိုက်လုပ်ပါတယ်။ ကုမ္မဏီပေါင်းများစွာလည်း လာရောက်ပြီး စာချုပ်ချုပ်ပါတယ်။ တစ်လဝတ်ဆင်ကြော်ငြာပေးခ၊ ၆ လ ကြော်ငြာပေးခ အစရှိသဖြင့် ရရှိတဲ့ ဝင်ငွေတိုးလာပြီး ကြော်ငြာအေးဂျင့် ကုမ္မဏီကြီး တစ်ခုလို ဖြစ်လာပါတယ်။ ယနေ့မှာဆိုရင် လုပ်ငန်းကို အမေရိကန်မှာတင် မဟုတ်တော့ပဲ ကမ္ဘာအနှံ့ နယ်ချဲ့ တော့မှာ ဖြစ်ပါတယ်။

ယင်း ကြော်ငြာစနစ်က အတွေးကောင်းတဲ့ Jason Salder ကို တီရှပ်ဝတ်ရင်း ပိုက်ဆံရသူလို့ ယနေ့တိုင် လူသိများစေခဲ့ကြောင်း သိရပါတယ်။
 International news for myanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map