<div style='background-color: none transparent;'></div>

Home » » ဇာတ်ကားနာမည်ကို’သမ္မတထံပေးစာ’ကနေ ‘လူကြီးမင်း ခင်ဗျား’လို့ပြောင်းလိုက်ရတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ပြေတီဦး

ဇာတ်ကားနာမည်ကို’သမ္မတထံပေးစာ’ကနေ ‘လူကြီးမင်း ခင်ဗျား’လို့ပြောင်းလိုက်ရတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ပြေတီဦး



လတ်တလောမှာ ပြေတီဦးက ‘လူကြီးမင်းခင်ဗျား’ ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကို ဝတ်မှုံရွှေရည်နဲ့ ပြင် ဦးလွင်မှာရိုက်ကူးနေပါတယ်။ ဒီဇာတ် ကားကို အရင်တုန်းက သမ္မတထံ ပေးစာလို့ နာမည်ပေးထားတာဖြစ် ပြီး ဒီနာမည်က ခွင့်ပြုချက်မရတဲ့ အတွက်’လူကြီးမင်းခင်ဗျား’ လို့ ပေး ဖြစ်သွားတြာ ဖစ်ကြောင်း ပြောပါ တယ်။ ‘သမ္မတထံပေးစာ’ ဆိုတဲ့ နာ မည်ကို ဘာကြောင့် ခွင့်ပြုချက်မရ တာလဲဆိုတာကို နားမလည်ဖြစ်ရ ကြောင်း ကို ပြေတီ ဦးက”ကျွန် တော် တို့က အပျက်သဘောဆောင်ပြီး ရိုက်တဲ့ဇာတ်ကားမျိုးလည်းမဟုတ် ဘူး။

ဒါအပြုသဘောဆောင်ခြင်း အားဖြင့် သမ္မတရဲ့ဂုဏ်ကို လည်း မြှင့်တင်ပေးတာတောင် ဘာကြောင့် ဒီနာမည်ပေးလို့မရတာလဲဆိုတာကို ကျွန်တော်လည်း နားမလည်ဘူး။ သမ္မတနဲ့ ပတ်သက်တဲ့အေ ကြာင်း အရာတွေ နည်းနည်းပါး ပါးပါတယ်။အခက်အခဲတွေတင်ပြတဲ့ သဘောမျိုး တွေ ပေါ့။ဒါကို သမ္မတဘက်က လိုက်လျောပေးလို့ အားလုံးစိတ် ချမ်းသာပြီးပျော်ရွှင်သွားကြတဲ့ ပုံစံ မျိုးတွေပါပါတယ်။ကျွန်တော်တို့က အပျက်သဘောဆောင်လို့ ခွင့်မပြု ဘူးဆိုရင် တစ်မျိုးပေါ့။ ကျွန်တော် တို့က
အပြုသဘောဆောင်တာပါ။ အဲဒါကို မရဘူးဆိုတော့ တော်တော် နားမလည်နိုင်ဘူး”

လို့ပြောပါတယ်။လတ်တလောမှာ ရုပ်ရှင်အစည်း အရုံးမှာဖြစ်ေ ပ်ါနေတဲ့ကိစ္စရေးရာ တွေအပေါ် သူ့ရဲ့အမြင်ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“အမှန်ကတော့ အားလုံးက ပြေပြေလည်လည်ညှိညှိနှိုင်းနှိုင်း နဲ့သွားနေတဲ့ လမ်းကြောင်းတစ်ခုကို အားလုံးအကောင်းဆုံးဝိုင်းဝန်း စဉ်း စားပြီး ပူးပေါင်းသင့်တာပေါ့။ ဒီ ရုပ်ရှင်အစည်းအရုံးဆိုတာ ကျွန် တော်တို့ ကိုယ်တိုင် အပါအဝင် အားလုံးကသဘောတူညီစွာနဲ့ ရွေးကောက်တင် မြှောက်ထားတဲ့ ရုပ်ရှင်အစည်းအရုံးလေ။အနုပညာ လောကမှာ ကိုယ်ပိုင်ဆုံြး ဖတ်ချက်တွေနဲ့ ကိုယ်ပိုင်စဉ်းစား ဆင်ခြင်ဥာဏ်တွေနဲ့ အားလုံးအောင်မြင်အောင်ကြိုး စားခဲ့တဲ့ လူတွေတော်တော်များများပါတယ်။ ဒီလောက်
လူတွေအများကြီးကဒီအဖွဲ့အစည်းကိုတစ်ညီတစ်ညွတ်တည်း ထောက်ခံထား တယ်ဆိုရင် ဒါက အကြောင်းမဲ့ သက်သက်တော့ မဖြစ်နိုင်ပါဘူး။ဒီ အပေါ်မှာ အပြုသဘော ဆောင်တယ် ဆိုတာကိုလည်း နားလည်တယ်။လက်ခံလို့ရတယ်။ဒါပေမဲ့အပြုသဘောဆောင် တယ်ဆိုရင်ပြေပြေလည် လည်ညှိညှိနှိုင်းနှိုင်း လေးနဲ့ ၊စည်းစည်းလုံးလုံးလေးနဲ့ သွားမယ်ဆိုတဲ့ လမ်းကြောင်းကိုပဲ စတင်ရွေးချယ်သင့်တယ်။အခုကတော့ ပြဿနာတွေ မဖြစ်စေချင်ဘဲနဲ့ ဖြစ်သွားပြီပေါ့လေ။ ဒီအပေါ်မှာ ကျွန်တော်တို့ ဘာမှ ပြန်ပြီးလုပ်လို့မရတော့ဘူး။ ရှေ့ဆက်ပြီး တော့ စည်းစည်းလုံးလုံးနဲ့သွားနိုင် ပါစေပဲ ဆုတောင်းပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
 popularmyanmarjournal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map