<div style='background-color: none transparent;'></div>

Home » » ဒီနှစ်သင်္ကြန်မှာ လုံလုံခြုံခြုံဝတ်မယ်လို့ စဉ်းစားထားတဲ့ သင်ဇာဝင့်ကျော်

ဒီနှစ်သင်္ကြန်မှာ လုံလုံခြုံခြုံဝတ်မယ်လို့ စဉ်းစားထားတဲ့ သင်ဇာဝင့်ကျော်

မနှစ်က သင်္ကြန်မှာ နာမည် ကြီးချင်လို့ ဝတ်လိုက်တာ မဟုတ်ပါဘူး။ စိတ်ကူးထဲမှာ ပေါ်တာကို ဝတ်လိုက်တာ။ ဒီနှစ်လည်း အဲဒီပုံစံ မဖြစ်အောင် နည်းနည်းတော့ ဆင်ခြင် ရမှာပေါ့။ မနှစ်က အင်္ကျီက အပြဲပေါ့နော်။ ရေမစိုခင် ကြည့်လို့ ကောင်းတယ်။ ရေလည်း စိုရော ကြည့်မကောင်း တော့ဘူး ဖြစ်သွားတယ်။ ဒီနှစ်လည်း အင်္ကျီကို ရေစို ရင်ရွဲနိုင်လား မရွဲနိုင်လား ဆိုတာ ကြည့်ပြီး ဝတ်ရမှာပါ။ သင်ဇာ အမေ ကလည်း အပြင်သွားရင် လုံလုံခြုံခြုံ ဝတ်ဖို့ မှာထားတယ်။ သင်ဇာ ကတော့ ဘာမှ ဂရုမစိုက် တတ်တဲ့သူ။ ဘယ်သူ ပြောပြော ဘာမှ မဖြစ်တတ် တတ်တဲ့သူ။ ကိုယ့်စိတ်နဲ့ ကိုယ်ဆို ဒီနှစ်လည်း ဝတ်ဖြစ်မှာပဲ။ ဒါပေမဲ့ အမေ့စကား တစ်ခွန်းကြောင့် လုံလုံ ခြုံခြုံ ဝတ်မယ်လို့
စဉ်းစားပါတယ်။ မော်ဒယ်တွေ Show လျှောက်ကြ တယ်။ ပြက္ခဒိန်တွေ ရိုက်ကြတယ်။ ရင်ဘတ်တွေပေါ် ဘာပေါ်ကြတော့ ပရိသတ်တွေ လက်ခံပေး ကြတယ်။ သင်ဇာ မင်းသမီး တစ်ယောက်ဖြစ် နေလို့လား မသိဘူး။ ပရိသတ်က လက်မခံ နိုင်ကြဘူး။ မော်ဒယ်နဲ့ မင်းသမီးတောင် ကွဲပြားခြားနားတယ် လို့ စိတ်ထဲမှာ ထင်မိတယ်။ မင်းသ မီးတွေ လျှပ်ပေါ်လော်လီတဲ့ ပုံစံတွေ ပရိသတ် တွေက လက်မခံနိုင် ဘူးဆိုတာတော့ တွေးမိတယ်။ ကိုယ့်ထက် ဆိုးတဲ့သူ ရှိတာတောင်မှ ကိုယ့်ကိုပဲ သတိထား မိသွားတာက ကိုယ့်ကိုပဲ ပြောချင်ကြလို့ပဲ ထင်ပါ တယ်။ ကိုယ့်ကိုပဲ ရွေးပြီးပြောချင် ကြတယ်လို့ ထင်ပါတယ်။ ဒီနှစ် သင်္ကြန်ကတော့ ရန်ကုန်မှာပဲ ရှိမှာပါ။ 
8day news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map