<div style='background-color: none transparent;'></div>

Home » » အဆိုတော် ကိုသာစိုးမှ ဒေါ်စုကြည်အားစော်ကားလိုက်ခြင်း ယမန်နေ့ တွင်ဖြစ်ပွားခဲ့

အဆိုတော် ကိုသာစိုးမှ ဒေါ်စုကြည်အားစော်ကားလိုက်ခြင်း ယမန်နေ့ တွင်ဖြစ်ပွားခဲ့

အဆိုတော်ကိုသားစိုးမှ ကျနော်တို့ ရဲ့ အဘွားအရွယ်ရှိပီဖြစ်သော ဒေါ်စုကြည်အား စော်ကားလိုက်ခြင်းသည်ပြည်သူများ
အတွက်သာမက အနုပညာရှင်အ သိုင်းအ၀ိုင်းအတွက်ပါ အံ့သြတုန်လှုပ်သွားစေခဲ့ ပါသည်။ထို့ အတူ လိုင်းပူတတ်သော အနုပညာရှင်များကိုပါ သာကူးဟုအမည်တပ်လိုက်သောကြောင့် သာကူးတို့  အကြီးအကျယ်အမျက်ထွက်နေကြသည်။အဆိုတော်ကိုသာစိုး သည် တပ်မတော်အစိုးရအုပ်ချုပ်စဉ်အချိန်အခါကပင် နိုင်ငံတော်အတွက်ကောင်းနိုးရာရာတို့ ကို ထောက်ပြပြောဆိုတတ်သူဖြစ်ပါသည်။ထို့ ကြောင့်ပြည်သူအများမှ ကိုသားစိုးအားအစိုးရအတိုက်အခံဟုပင်ထင်မှတ်ခဲ့ကြပါသည်။သို့ သော်ယခု ဒေါ်စုကြည်အား
 စော်ကားလိုက်သောအခါတွင်မှု အတိုက်အခံတို့ မှာ မိမိဘက်ပါလာမည်ဟုထင်သောကိုသားစိုးအား ပိုမို၍အပြစ်တင်ဝေဖန်ကြသည့်ကိုသားစိုးပြောကြားလိုက်သည့်
”ကျွန်တော်က သာကူး မဟုတ်ပါဘူး။ အရင်တုန်းက အဘ အဘ နဲ့အခုမှ အစ်မ အစ်မ ဖြစ်သွားတဲ့ လူတွေထဲမှာလည်း ကျွန်တော်မပါဘူး။ ကျွန်တော် နဂိုကတည်းက BBC, VOA, RFA စသဖြင့် နိုင်ငံရေး အကျပ်အတည်း ရှိတဲ့ အချိန်ကတည်းက ကမ္ဘာ့ သတင်းစာတွေ နဲ့ကအစ မြန်မာ နိုင်ငံရေး အခြေအနေကို ပွင့်လင်း စွာပြောခဲ့တယ်။ ကျွန်တော်က ဖြစ်သင့်တာ၊ ကောင်းတာကို ပြောတဲ့အတွက် ဘယ်သူမှ အနှောင့် အယှက်မပေးဘူး။ အခုမှ ဒီလိုမျိုးသွားတဲ့ အထဲမှာ အရင်တုန်း ကတော့ အခွင့်အရေး ရတဲ့ဘက်မှာ နေပြီး၊ အခုမှ ပြောင်းလာကြတဲ့ လူတွေလည်းပါတယ်။ ဘယ်သူတွေ ဘာလဲဆိုတာ ပရိသတ် က သိပါတယ်။ ဒါကြောင့် ကျွန်တော့်လိပ်ပြာ ၊ကျွန်တော် လုံတဲ့ အတွက်ကြောင့် ဘာမှလုပ်စရာ မလိုပါဘူး။ ကျွန်တော် ဘာလုပ်သလဲ ဆိုတာ ပရိသတ်က သိပါလိမ့်မယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လည်း ကျွန်တော့် ရဲ့ရပ်တည်ချက် ကဒေါ်အောင်ဆန်းစုကြည်က ကော ကျွန်တော်တို့ကို ဘာတွေလုပ်ပေးမှာလဲ။ အခုလက်ရှိ အစိုးရ ကကော ဘာတွေ လုပ်ပေးမှာလဲ။ ကျွန်တော်တို့ တိုင်းပြည်ကို ဦးဆောင်မယ့်သူက ဘယ်သူပဲ ဖြစ်ပါစေ။ တိုင်းပြည် တိုးတက်အောင်၊ အခြေအနေ တိုးတက်အောင် ဦးဆောင်ပေးနိုင်တဲ့ သူတွေ ဘက်ကို ကျွန်တော် လိုက်မှာပါပဲ။ ကျွန်တော့်မှာ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်းစပ်ထားပါတယ်။ သာကူး နဲ့နှာဘူး၊ နှာဘူး နဲ့ဂန်ဒူး၊ ဂန်ဒူးနဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ်” ဟုအဆိုတော် သားစိုပြေားကြားချက်နဲ ပတ်သက်ပီး ဝေဖန်လာသံတွေကြားနေရပါတယ်။တကယ်တော့ ကိုသာစိုး ပြေားတာတွေဟာယောက်ျားပီပီ နိုင်ငံရေးနဲ့ ပတ်သက်ပီးရဲရဲဝင့်ဝင့်ပြောသွားတာဖြစ်ပါ တယ် ။သူ ပြောသလိုပါပဲ အမှန်တကယ် နိုင်ငံတော်ကောင်းစားအောင်လုပ်ဆောင်နိုင်တဲ့မည်သူမဆိုထောက်ခံသင့်ပါတယ်။မရောင်ရာဆီလူး
 နေတတ်တဲ့ ဒေါ်စု ကြည် ထံသို့ အနုပညာရှင်များသွားရောက်တွေ့ ဆုံကြခြင်းမှာတစ်ချို့ မှာ လူမှု့ ရေးအရ အားနာ၍သွားရောက်ခြင်းဖြစ်ပီးတစ်ချို့ မှာတော့ ကိုသားစိုးပြောသလို သာကူး သဘောမျိုးနဲ့ သွားရောက်တွေ့ ဆုံကြခြင်းဖြစ်နေပါသည်။ တပ်မတော်အစိုးရအုပ်ချုပ်နေချိန်မှာတော့ တပ်မတော်အစိုးရကိုဖားနေပြီး ယခုမှ သာရာသို့  ကူးတတ်ကြသောလူအမျိုးမျိုး အနုပညာရှင်အမျိုးမျိုးအားတွေ့ နေရပါသည်။မြန်မာပြည်မှ အနုပညာသည်များသည်များသောအားဖြင့်လိုင်းပူးတတ်ကြသည်မှာ ပရိတ်သတ်များလည်းအသိပင်ဖြစ်ပါသည်။အဆိုတော်ကရုပ်ရှင်လိုင်းဘက်သို့ ကူးချင်သည်၊ ရုပ်ရှင်မင်းသားမင်းသမီးဘ၀မှ အဆိုတော်ဘက်သို့ လိုင်းကူးချင်သည် ဘက်အမျိုးမျိုး၊ သာရာသို့ ကူးတတ်သော မြန်မာပြည်က အနုပညာသည်များအား ကိုသားစိုးခုလို ပြောဆိုသည်မှာ နည်းတောင်နည်းပါသေးသည်။ယခုလည်းအနု ပညာသည်လိုင်းမှ နိုင်ငံရေးလိုင်းဘက်သို့ ပူးချင်နေကြသော မြန်မာ့အနုပညာရှင်များ ဒေါ်စုကြည်ကိုဖားနေကြပြန်ပီ။ "ကိုယ့်ငါးကြင်းကိုယ်ချဉ် " ဆိုသလို ကိုယ့် အထင်နဲ့ ကိုယ်ရိုက် ကိုယ့်အချင်းချင်းပြန်ဆုပေး ပြီးလျှင်ကိုယ့်အချင်းချင်းမြှောက်ပင့်နေကြသည်မှာရီစရာတော့
အတော်ကောင်းလှပါသည်။လူဆိုသည့်ဗီဇမှာ ရ လေရလေ အိုတစေ ဒီဟာရပြီးနောက်ဟာထပ်လိုချင်သည် နောက်ဟာရလည်း ထပ်လိုချင်ကြသေးသည်။အနုပညာလုပ်ငန်းမှာအောင်မြင်လာပြန်တော့ မိမိကိုယ် ကိုအဟုတ်ကြီးထင်ကာမာန်တက်ချင်လာကြသည်။ စင်ပေါ်တက်ကာ ပြည်သူအားဖျော်ဖြေမှ ထမင်းဝတတ်ကြသော အနုပညာရှင်တစ်ချို့ အနုပညာအားရောင်းစား မှ အဆင်ပြေဘ၀လှကြသော ထိုသူများ သာရာကူးတတ်ကြသည်မှာတော့မထူးဆန်းတော့ပါ။ (မှတ်ချက်။ ။သဘာဝ ပြောသောအနုပညာရှင်များမှာမည်သူတို့  ကိုပြောဆိုသည်မှာ ထိုအနုပညာရှင်များကိုယ်တိုင်သိနိုင်ပါသည်။ ) အမှန်တကယ်နိုင်ငံတော်ကိုကောင်းစားစေချင်လျှင်ပုဂ္ဂိုလ်စွဲမထားသင့်ပါ ထို သို့ ပုဂ္ဂိုလ်စွဲထား တတ်သောအတိုက်အခံပြည်သူများ သည်နိုင်ငံတော်ကိုအမှန်တကယ်ချစ်သည်မဟုတ်ပါ။ယခု အနုပညာရှင်များကဲ့ သို့ သာကူးခြင်းသည်လည်းနိုင်ငံတော်ကိုချစ် မြတ်နိုး၍မဟုတ်ပါ မိမိအကျိုးစီးပွားအားမျှော်ကိုးကာ လိုင်းပူးသွားကြခြင်းသာဖြစ်ပါသည်။
refer by: http://www.fusarshinlay.net/forum/topics/6384739:Topic:5278973
Share this article :

2 comments:

စံပယ်ချို said...

အောင်သက်ခိုင်ရေ ဖတ်ကောင်းတဲ့သတင်းပါပဲ
ဘယ်သူမှန် ဘယ်သူမှားဆိုတာတော့ အမှန်ပြောရရင် မသိပါဘူး
သတင်းအတွက်ကျေးဇူးပါနော်

witch83 said...

အင်း... သတင်းအတွက်တော့ ကျေးဇူးတင်ပါတယ်။ ဘက်မလိုက်တဲ့ အတွေးအခေါ်ရှိတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ သားစိုးပြောတာထက် သတင်းရေးသူရဲ့ ထင်မြင်ချက်က ပိုများနေသလိုပဲ။ တစ်ဦးနဲ့တစ်ဦး အပြစ်အတင်နေကြတာထက်၊ သူများကို ဝေဖန်နေကြတာထက် အဲ့ဒီအစား တစ်ခုခုကို လက်တွေ့ အလုပ်လုပ်ပြရင် ပိုကောင်းမယ် ထင်တယ်နော်..

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map