<div style='background-color: none transparent;'></div>

Home » » ရွှေတိဂုံရင်ပြင်ပေါ် မည်သူမဆို အင်တာနက် သုံးနိုင်ပြီ

ရွှေတိဂုံရင်ပြင်ပေါ် မည်သူမဆို အင်တာနက် သုံးနိုင်ပြီ

ရွှေတိဂုံဘုရား ရင်ပြင်ပေါ်တွင် ဝိုင်ဖိုင်စနစ်ဖြင့် မည်သူမဆို အင်တာနက် သုံးစွဲခွင့်ရရှိပြီဟု ရွှေတိဂုံဂေါပကအဖွဲ့မှ သိရသည်။ “ဒီလဆန်းပိုင်းမှာပဲ သုံးစွဲခွင့် ပေးလိုက်တာပါ” ဟု ရွှေတိဂုံဂေါပကအဖွဲ့မှ ဦးထွန်းအောင်ငွေက ပြောသည်။ ယင်းသို့ အင်တာနက် သုံးစွဲခွင့်ပေးရာတွင် နိုင်ငံခြားသားများ အင်တာနက်သုံးသကဲ့သို့ ရွှေတိဂုံ သတင်းအချက်အလက် မေးမြန်းရေးဌာနတွင် ဝိုင်ဖိုင် Password တောင်းခံစရာ မလိုဘဲ တိုက်ရိုက်သုံးစွဲခွင့် ပေးထားကြောင်း ၄င်းကဆက်လက် ပြောသည်။ “လက်ပ်တော့ကတော့ မပေးပါဘူး။ နိုင်ငံခြားသား သီးသန့်ပဲ ပေးပါတယ်။ သုံးချင်ရင်တော့ ကိုယ်ပိုင်လက်ပ်တော့ ယူလာမှ ရမှာပါ။ အဓိကကတော့ ဘုရားနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လာရောက်လေ့လာသူတွေ ကိုယ့်မြို့၊ ကိုယ့်ဒေသကို သတင်းပြန်ပို့ချင်ရင် ရအောင် နိုင်ငံခြားသား
သာမက ပြည်တွင်းဘုရားဖူးတွေကိုပါ သုံးစွဲခွင့်ပေးလိုက်တာပါ” ဟု ၄င်းက ဆက်ပြောသည်။ လက်ရှိတွင် ရွှေတိဂုံဘုရား၌ ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက် သုံးစွဲခွင့်ကို တစ်ဦးလျှင် မိနစ် ၃၀ အထိ အသုံးပြုခွင့် ပေးထားပြီး ဝိုင်ဖိုင်စနစ်ကို ခရစ်စ္စတယ်ရှိုင်း ကုမ္ပဏီမှ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ အင်တာနက် သုံးစွဲနိုင်သည့် ဘုရားများမှာ ရွှေတိဂုံအပြင် ကျိုက်ထီးရိုး၊ ရွှေစည်းခုံ၊ အာနန္ဒာနှင့် ရွှေဆံတော်ဘုရားတို့ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
 Khit Lu Nge
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map