မနှစ်ကခရစ္စမတ်နေ့ အဲယားပုဂံ လေယာဉ်ပျက်ကျမှုမှာ ကံကောင်းစွာ သေဘေးမှလွတ်မြောက်ခဲ့တဲ့ သြစတေးလျှနိုင်ငံသားနှစ်ဦး
Anna Bartsch နဲ့ Stuart Benson ဟာ ဒီနှစ်ကုန်မှာ လက်ထပ်တော့မယ်လို့
သိရပါတယ်။ အစတုန်းက ချစ်သူနှစ်ယောက်စလုံးက လက်ထပ်ဖို့ မစဉ်းစားထားခဲ့ပါဘူး။
ဒါပေမဲ့ လေယာဉ်ပျက်ကျတဲ့ အဖြစ်အပျက် ကြုံတွေ့ပြီးတဲ့နောက်ပိုင်း သူတို့ရဲ့ဘ၀နဲ့ပတ်သက်ပြီး ခံယူချက်တွေ ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ကုန်မှာ ဆွေမျိုးသားချင်းမိတ်ဆွေတွေနဲ့ အကျဉ်းချုံး မင်္ဂလာလက်ထပ်ပွဲကျင်းပမှာ ဖြစ်ပြီး မြန်မာပြည်ရဲ့ အတွေ့အကြုံက သူတို့ကို နောက်ထပ်မသွားရဲအောင် ဖြစ်စေမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ရဲ့ ဟန်းနီးမွန်းအတွက် မြန်မာပြည်ကိုပြန်လာဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
myanmar 1
http://www.adelaidenow.com.au/news/south-australia/south-australian-couple-who-survived-burma-plane-crash-to-marry/story-e6frea83-1226570630723

0 comments:
Post a Comment