<div style='background-color: none transparent;'></div>

Home » » အိန္ဒိယနိုင်ငံက ရာချီမြို့တွင် လွန်ခဲ့သော တစ်လခန့်က ကွယ်လွန်သွားတဲ့ ကောလိပ်ကျောင်းသူလေး တစ်ယောက်ရဲ့ ခြောက်ခြား စရာဖြစ်ရပ်

အိန္ဒိယနိုင်ငံက ရာချီမြို့တွင် လွန်ခဲ့သော တစ်လခန့်က ကွယ်လွန်သွားတဲ့ ကောလိပ်ကျောင်းသူလေး တစ်ယောက်ရဲ့ ခြောက်ခြား စရာဖြစ်ရပ်

အိန္ဒိယနိုင်ငံက ရာချီမြို့တွင် လွန်ခဲ့သော တစ်လခန့်က ကွယ်လွန်သွားတဲ့ ကောလိပ်ကျောင်းသူလေး တစ်ယောက်ရဲ့ ခြောက်ခြား စရာဖြစ်ရပ်ပါ။

သူမနာမည်က saba ဖြစ်ပြီး ထရပ်ကားတစ်စီး တိုက်မိပြီး သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

saba ဟာ ဖုန်းအရောင်းဆိုင်တစ်ဆိုင်မှာအချိန်ပိုင်း အလုပ်လုပ်ပါတယ်။ သူမမှာ shahrukh ဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။
သိပ်ချစ်ကြတဲ့ သူတို့ဟာ ဖုန်းပြောရင်လည်း နာရီနဲ့ချီပြီး ကြာပါတယ်။ saba ကို ဘယ်အချိန်ကြည့်ကြည့် ဖုန်းတစ်လုံးနဲ့ တတွတ်တွတ်ပြောနေတာပါပဲ။
shahrukh ကို သူမမိဘတွေကလည်း သဘောတူကြည်ဖြူပြီး အလွန်လဲ ခင်မင်ရင်းနှီးကြပါတယ်။
saba ဟာ မသေဆုံးခင်က သူငယ်ချင်းတွေနဲ့ မိဘတွေကို သူမသေသွားခဲ့ရင် သူမရဲ့ ဖုန်းကိုပါ တပါတည်း သူမအခေါင်းထဲ ထည့်ပေးလိုက်ဖို့ မှာခဲ့ပါတယ်။



ဒီလိုနဲ့ သူမသေဆုံးပြီးသင်္ဂြိုလ်ဖို့ ခေါင်းကိုမတဲ့အခါ ခေါင်းဟာဘယ်လိုမှ မလို့ မရဖြစ်နေပါတော့တယ် လူအင်အားသုံးပြီးပုံစံမျိုးစုံနဲ့ မပေမဲ့ ခေါင်းက လုံးဝကြွတက်မလာပါဘူး။ ကြံရာမရတဲ့အဆုံးမှာ ဝိဥာဉ်တွေနဲ့ စကားပြောရာမှာ နာမည်ကြီးတဲ့ ဆရာတစ်ပါးကိုပင့်ပြီး မေးရပါတော့တယ်။ ဆရာဟာခေါင်းနားမှာ ထိုင်ချလိုက်ပြီး အလောင်းကိုကြည့်ကာ ပါးစပ်မှ တတွတ်တွတ်ရွတ်လို့နေပါတယ်။
ခနအကြာမှာ အိမ်သားတွေဘက်လှည့်ပြီး ပြောပါတယ် "သူ့ပစ္စည်းတစ်ခုပါမှ သွားမယ်လို့ ပြောနေတယ်။"

ဒီတော့မှ သူငယ်ချင်းတွေနဲ့ မိဘတွေဟာ သူမပြောခဲ့ဖူးတာကို သတိရသွားပြီး သူမရဲ့ ဖုန်းကို ဆင်းကဒ်နဲ့တကွ ခေါင်းထဲ ထည့်ပေးလိုက်ပါတယ်။ ဖုန်းကို ထည့်လိုက်ပြီး ခေါင်းကို အလွယ်တကူ မလို့ရသွားပါတယ်။

saba ရဲ့ မိဘတွေဟာ သူမကွယ်လွန်သွားတာကို သူ့ချစ်သူ shahrukh ကို မပြောဘဲ ထားခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပါတ်လောက်ကြာတော့ shahrukh က saba ရဲ့ အမေဆီကို ဖုန်းဆက်ပါတယ်
"အန်တီ သားဒီနေ့ အိမ်လာလည်မယ်၊ ဟင်းကောင်းကောင်းချက်ထားနော်။ saba ကိုတော့ မပြောနဲ့ဦး surprise လုပ်မလို့" ဆိုတော့ saba ရဲ့ အမေက "အိမ်ကိုသာလာခဲ့ပါကွယ် သားကိုပြောစရာရှိတယ်"

shahrukh အိမ်ရောက်တဲ့အခါ saba သေသွားပြီ ဆိုတဲ့အကြောင်း ပြောပြလိုက်ပါတယ်။
shahrukh က "မနောက်ကြပါနဲ့ဗျာ saba ကို ထွက်လာခိုင်းလိုက်ပါတော့ သူ့အတွက် ကျွန်တော် လက်ဆောင်ဝယ်လာလို့ပါ" လို့ မယုံဘဲရယ်မောနေလိုက်ပါတယ်။
နောက်ဆုံး saba ရဲ့ သေစာရင်းကို ထုတ်ပြလိုက်မှ shahrukh မျက်လုံးပြူးသွားပြီး ခြွေးတွေ ပျံလာပါတော့တယ်။
"မဟုတ်ဘူး မနေ့ကပဲ သူနဲ့ကျွန်တော် ဖုန်းပြောနေကြသေးတယ်" မိဘတွေကလဲ မဖြစ်နိုင်တဲ့အကြောင်း saba ဆုံးတာ နှစ်ပတ်ကျော်ပြီဖြစ်ကြောင်း ပြောနေစဉ်မှာပဲ shahrukh ရဲ့ ဖုန်းမြည်လာပါတယ်။
သူက ဖုန်းကိုကြည့်လိုက်ပြီး တုန်ယင်စွာနဲ့ အိမ်သားတွေဘက်ကို ဖုန်းကိုပြလိုက်ပြီး
"ဒီမှာ saba ဖုန်းခေါ်နေတယ်"
အားလုံးက သူ့ကိုဖုန်းဖြေလိုက်ဖို့ပြောတဲ့အခါ shahrukh ဟာ ဖုန်းစပီကာကို ဖွင့်ပြီး ထူးလိုက်ပါတယ်။

shahrukh : အချစ်ရေ ဘယ်ရောက်နေလဲ သူတို့က ချစ်ကို သေပြီလို့ ပြောနေကြတယ် . .
saba: မောင်ရေ ကျွန်မတစ်ကယ်ပဲ သေခဲ့ပါပြီ ~
shahrukh: ဒ ဒါဆို ချစ်က ခုဘယ်က ပြောနေတာလဲ?
saba: တမလွန်က ပြောနေတာလေ မောင့်ရဲ့ ~ လိုင်းကြည်ရဲ့လား
shahrukh: ကြ ကြည်ပါတယ် .

saba: ကြည်ဆို ခုပြောနေတာ "ချစ်ရဲ့ samsaung galaxy နဲ့လေ မောင်ရဲ့ လိုင်းဆွဲအားကောင်းတယ် video call ခေါ်မလို့ပဲ . . ချစ်က နားရွက်ပြတ်ပြီး မျက်လုံးတစ်လုံး ထွက်နေတာ ~ မောင်မြင်ရင် ကြောက်မှာစိုးလို့" ဆိုသတဲ့

Samsung တို့များ မိုက်ချက် ~ တမလွန်ထိတောင် လိုင်းဆွဲအားကောင်း ဆိုပဲ ~

Samsung Galaxy ကြောင်ငြာဝင်ခြင်းဖြစ်ပါတယ် :xp
 General Knowledge
Share this article :

2 comments:

စန္ဒကူး said...

အာ.. အဟုတ်မှတ်လို့ ဖတ်နေတာ..စိတ်တောင်မကောင်းဘူ...
တော်တော်နောက်...

ရင်လှိုင်းခတ်သံ said...

မိုက်တယ်ကွာ..ကြော်ငြာကတော့...။

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map