ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ဖူလ်ဟမ် -
မန်ချက်စတာယူနိုက်တက်ပွဲမတိုင်မီ ဒါဏ်ရာရ ပွဲပါယ်စာရင်းများ၊
ထူးခြားချက်များကို တင်ပြလိုက်ပါသည်။
ဖူလ်ဟမ်အသင်းအတွက် ဒါဏ်ရာရ ကစားသမားများ များနေပြီး ကီဗင် ဒါဗီးစ် (ဒူးဒါဏ်ရာ)၊ ကယ်ရင် ဖရိုင်း (ပေါင်ခြံဒါဏ်ရာ)၊ မိုဟာမက်ဒူ ဒီယာရာ( ဒူးဒါဏ်ရာ) တို့ဟာ ယခုပွဲစဉ်မှာ လွဲချော်မည်ဖြစ်သည်။ ကီရန် ရစ်ချက်ဆင်နှင့် ဒီမီတာ ဘာဘာတော့ဗ်တို့မှာလည်း ယခုပွဲစဉ်မှာ ပါဝင်နိုင်ရေးအတွက် နောက်ဆုံး ဆေးစစ်ချက်အဖြေများကို စောင့်ကြည့်ရအုံးမည် ဖြစ်သည်။ ဇန်နဝါရီ ဈေးကွက်မှာ အငှားစာချုပ်ဖြင့် ခေါ်ယူထားသည့် အာဘီ အီမန်ညူယယ်ဆင်နှင့် ဖရင်းပေါင် တို့ကတော့ အရံခုံမှာ ပါဝင်လာဖွယ် ရှိနေသည်။
မန်ယူနိုက်တက်မှာတော့ ဒါရင်းဖလက်ချာကို ရာသီကုန်ထိ လက်လွှတ်ထားရပြီး အက်ရှ်လေယန်းနှင့် အီဗန်တို့ဟာလည်း ပါဝင်နိုင်ဖို့ မသေချာသေးသည့်အနေအထားဖြစ်သည်။
☻ ပြီးခဲ့သည့် အပါတ်က ဝက်စ်ဟမ်းအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ဖူလ်ဟမ်ဟာ နောက်ဆုံး ၈ ပွဲမှာပထမဆုံး နိုင်ပွဲ ရခဲ့ခြင်း ဖြစ်သည်။
☻ ဖူလ်ဟမ်အသင်းဟာ အိမ်ကွင်း နောက်ဆုံး ၅ ပွဲမှာ ၈ မှတ်ရယူနိုင်ခဲ့ပြီး ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ တစ်ပွဲ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
☻ ဖူလ်ဟမ် အသင်းဟာ ဒီရာသီမှာ ဂိုးမသွင်းနိုင်သည့်ပွဲ ၆ ပွဲသာ ရှိခဲ့သည်။
☻ ဇန်နဝါရီ ၂၆ ရက်နေ့က အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်အဖြစ် ဒီနှစ်သင်း ကစားခဲ့ရာမှာ မန်ယူနိုက်တက်က ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
☻ မန်ချက်စတာယူနိုက်တက်ဟာ ဖူလ်ဟမ်အသင်းနှင့် ကစားခဲ့ရသည့် နောက်ဆုံး ၅ ပွဲမှာ ပထမပိုင်းရော ပွဲပြီးအထိပါ အနိုင်ရလာဒ်အနေအထားဖြင့် ကစားနိုင်ခဲ့သည်။
☻ မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီမှာ ကစားသမား တစ်ယောက်မှ အနီကဒ် ပြသခံခဲ့ရခြင်း မရှိသေးပေ။
☻ အဝေးကွင်း နိုင်ပွဲ ၈ ပွဲအထိ စွမ်းဆောင်ထားနိုင်သည့် မန်ယူနိုက်တက်ဟာ ပရီးမီးယားမှာ အကောင်းဆုံး အဝေးကွင်း ခြေစွမ်း ဖြစ်သည်။
အောင်စိုးမိုး
Football Cafe

0 comments:
Post a Comment