<div style='background-color: none transparent;'></div>

Home » » ဒီဗီဒီရိုက်ကွင်းပေါ်က အိန္ဒြာကျော်ဇင်ရဲ့ မိခင်မေတ္တာနဲ့အနုပညာသည်ဘဝ

ဒီဗီဒီရိုက်ကွင်းပေါ်က အိန္ဒြာကျော်ဇင်ရဲ့ မိခင်မေတ္တာနဲ့အနုပညာသည်ဘဝ

“ဒီဗီဒီက နိုင်ငံခြားမှာလည်း မရှိဘူး။ အရင်ကတည်းက မရှိသင့်၊ မဖြစ်သင့်တာကို ရိုက်ကူးနေကြတာပဲလေ။အခုတော့ပုံမှန်သမားစဉ်အတိုင်း ပြန်သွားနေပြီပေါ့။ကျန်တဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား တွေအတွက်ပိုကောင်းသွားတာပေါ့”လို့ ဒီဗီဒီဇာတ်ကား တွေ ရိုက်ကူး ခွင့်ရပ်ဆိုင်းတဲ့အပေါ် အိန္ဒြာကျော်ဇင်က ပြောပြပါတယ်။အိမ်ထောင်သည်မိခင်ဘဝမှာပင် အနု ပညာသည်ဘဝကိုလည်းအချိုးညီညီပေါင်းစပ်နေထိုင် နေတဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်အနေနဲ့ လတ်တလောမှာ ဒါရိုက်တာကြည်စိုးထွန်းရိုက်ကူးတဲ့ “ပိတောက်တစ္ဆေ”ဒီဗီဒီဇာတ်ကားကို နေတိုးနဲ့ သရုပ်ဆောင်နေပါတယ်။ ၂ဝ၁၃ဇန်နဝါရီ၁ရက်နေ့မှ စတင်ပြီးဒီဗီဒီဇာတ်ကားတွေ ရိုက်ကူးခွင့်ရပ်ဆိုင်းလိုက် ပေမယ့်အခုရိုက်ကူးဆဲဇာတ် ကားကတော့ မနှစ်ကတည်း က ရိုက်ကူးခွင့်ပြုထားတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် ရိုက်ကူးခြင်းပဲဖြစ်ပါတယ်။

ဇာတ်ကားတွေသာ ဗီဒီယို၊  ဒီဗီဒီ၊ရုပ်ရှင်အဖြစ် အမျိုးမျိုးရိုက်ကြ ပေမယ့် သရုပ်ဆောင်တွေအနေနဲ့ ကတော့ အိုက်တင်ကတော့ မကွာခြားပါဘူးလို့ပြောတဲ့ အိန္ဒြာကျော် ဇင်က “အူဝဲတို့အနေနဲ့ကတော့ သရုပ်ဆောင်ရတာဘာမှမကွာပါ ဘူး။ ဗီဒီယိုပဲဖြစ်ဖြစ်၊ ဒီဗီဒီပဲဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ကိုယ်လုပ်ရမယ့် သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး တော့ ကိုယ့်အိုက်တင်ပိုင်းကိုပဲ တာဝန်ယူပြီးအကောင်းဆုံးလုပ်ရတာလေ။အဲဒီလိုကွာခြားမှုတွေနဲ့ ဘာမှမပတ်သက်ပါဘူး။ ဗီဒီယိုမှာ လည်းရုပ်ရှင်ဇာတ်ကားကြီးတွေ လောက် ကောင်းတဲ့ ဇာတ်ကားမျိုး တွေလည်း ရှိတယ်”လို့ ပြောပါတယ်။ဒီ ဇာတ်ကား ပြီးရင် လူမင်းနဲ့ဇာတ် ကား ရိုက်ကူး မှာဖြစ်ပြီးအခုနောက်ပိုင်းမှာ အရင် ဇာတ်ကားတွေနဲ့ မတူတော့ဘဲ နည်း နည်းတော့ကွဲထွက်လာတာတွေ့ရ ကြောင်း အိန္ဒြာကျော်ဇင်က ပြောပါ တယ်။
အိန္ဒြာကျော်ဇင်က တစ်လကို ပုံမှန် ဇာတ်ကား၂ကားပဲ လက်ခံ ရိုက်ကူးဖြစ်ပြီးကျန်တဲ့ရက်ကတော့ သမီးလေး ပြေသုဒြာပိုင်ဆိုင်တဲ့ရက် လို့ ပြောပါတယ်။ သမီးလေးကို အမြဲ လိုလိုအရိပ်တကြည့်ကြည့်နဲ့ နေတတ် တဲ့ အိန္ဒြာကျော်ဇင်က သမီးလေးနေ မကောင်းဖြစ်ရင် သူပါ လိုက်ပြီးငိုရ ကြောင်းကို..”ကိုယ့်ရဲ့သား သမီးတိုင်းကို စိတ်ပူတာကတော့ မိဘတိုင်းပဲဖြစ်မှာပါ။ အရင် တုန်းကတော့ ပူပန်ရတာသိပ်ပြီး မရှိဘူး။ ပူပန်စရာတော့ ရှိတာပေါ့။ ဒါပေမဲ့ ပူပန်ပုံချင်းမတူဘူး။ ကလေး အပေါ်မှာထားတဲ့ပူပန်မှုကကျတော့ ဘာနဲ့မှ မတူဘူး။ စိတ်တွေပူပြီး စိုး ရိမ်စိတ်တွေများတယ်။သူနှာစေးတာ ပဲဖြစ်ဖြစ်၊ ဗိုက်နာလို့ ငိုတာပဲဖြစ်ဖြစ်၊ သူငိုရင် ကိုယ်မခံစားနိုင်ဘူး။ ကိုယ်ပဲ ဖြစ်လိုက်ချင်တယ်။သူငိုရင်ကိုယ် လိုက်ငိုတယ်။သူ့အဖေက ကလေး ချော့ရမှာလား၊ အမေချော့ရမှာလား ဆိုတာ မသိဘူး။ကလေးအစား ကိုယ်ပါလိုက်ခံစားရသလိုဖြစ်နေ တယ်”လို့ပြောပါတယ်။တစ်သားမွေး တစ်သွေးလှလာတဲ့ အိန္ဒြာကျော်ဇင်က “အမှန်က ကလေးထိန်းရင်း ထိန်း ရင်းနဲ့ ဝိတ်ကျနေတာ။ ကလေးထိန်း တာနဲ့ ဇာတ်ကားရိုက်တာနဲ့ ဆိုတော့ ဝိတ်က မတက်တော့ဘူး။ အခုသမီးက တတောက်တောက်နဲ့ လျှောက်သွား နေတာ။ သူ့နောက်ကနေလိုက်နေရ တာနဲ့ ဝိတ်က တော်တော်ကျနေပြီ။ လေ့ကျင့်ခန်းလုပ်သလိုပဲ။ မျိုးရိုးနဲ့ လည်းဆိုင်မယ်ထင်တယ်။ အူဝဲအမေ လည်းကလေးသုံးယောက်မွေးပြီး ဝိတ်လည်း မတက်ဘူး။ ကံကောင်း တယ်လို့ပဲ ပြောရမှာပေါ့။ စက်ပေါ် မှာတော့ ပုံမှန်ပြေးဖြစ်တယ်။  အစားကိုလည်းညဘက် သိပ် ပြီ့း နလေပ မစားတတ်ဘူး”လို့ ပြောပါတယ်။အိန္ဒြာကျော် ဇင်က ဇွန်လမှာတော့ ဒါရိုက်တာဇော်ကို ကိုနဲ့ရုပ်ရှင်ဇာတ် ကားရိုက်ကူးမှာ ဖြစ်ပြီးနေတိုး၊ ကျော်ကျော်ဗို ၊ ဝတ်မှုံရွှေရည် တို့လည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်ကြောင်းပြောပါ တယ်။
ခိုင်ဝေလွင်
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map