ထွန်းအိန္ဒြာဗိုက ဇန်နဝါရီ ၃၁ ရက်နေ့မှာ လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာ ကို ဖတ်ကြားပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ခရီးသွားနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာကိုဖတ်ပေးဖို့ ဇာဂနာက ပြောတဲ့အတွက် သွားရောက် ဖတ်ပေးခဲ့တာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဝဏ်လွှာကို ဖတ်ကြားတာက ဒါပထမဆုံးအကြိမ်ပဲဖြစ်ပြီး ဖတ်ကြားခွင့်ရတဲ့တွက် ဂုဏ်ယူစရာ ကောင်းကြောင်း၊ အမေခိုင်းတဲ့ ကိစ္စတစ်ခုကို တာဝန် ကျေအောင်လုပ် ခွင့်ရခဲ့တဲ့အတွက် ဝမ်းသာကျေနပ်မိ ကြောင်း ထွန်းအိန္ဒြာဗိုက ပြောပါတယ်။ ဒီရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာဆုတစ် ဆုကိုလည်း ဖွင့်ဖောက်ကြေညာပေးခဲ့ပြီး ထွန်းအိန္ဒြာဗိုကဆုလည်း ချီးမြှင့်ပေးခဲ့ပါတယ်။ လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော်နဲ့ ပတ်သက်ပြီး ထွန်းအိန္ဒြာဗိုက “ပွဲလေးက တကယ် ပေါ့ပေါ့ ပါးပါးပါ။ ဆုရသွားတဲ့ လူတွေ ကျေးဇူးတင် စကားပြောတာကအစ အောက်က ကြည့်ရတာပျော်စရာကြီးလေ။ စကားပြော မှားမှာစိုးလို့ ထိန်းချုပ်ရတာတွေ မတွေ့ရဘူး။ အားလုံးက ပွင့်ပွင့်လင်းလင်း ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းတဲ့ပွဲပါ။
ဒီလိုမျိုး ရုပ်ရှင်ပွဲတော်တွေလည်း နောက်ထပ်လုပ် သင့်ပါတယ်။ ပထမတစ်နှစ်က အကျိုး ဆက်ကြောင့် ဒုတိယနှစ်မှာ၊ ပိုပြီးကြိုးစား ယှဉ်ပြိုင်ကြတာလည်း တွေ့ရတယ်။ ဘာပဲပြောပြော ဒါဟာ အနုပညာအနာဂတ်အတွက် အစပျိုးတဲ့ သဘောလည်း ရောက် တယ်။ တအားအရည်အချင်းရှိတဲ့ မျိုးဆက် သစ်များစွာလည်း ပေါ်ထွက်လာမှာပေါ့။ အရည်အချင်းရှိသူတွေကို မွေးထုတ်ပေးတဲ့ လုပ်ရပ်တစ်ခုပါပဲ။ ဒီပွဲကို အဓိက တက် ဖြစ်ရတာကလည်း မျိုးဆက်သစ်များကို ကြိုဆိုပါတယ်ဆိုတာကို ထောက်ခံချင်တဲ့သဘောနဲ့ တက်ဖြစ်တာပါ”လို့ပြောပါတယ်။
ထွန်းအိန္ဒြာဗိုက ဖေဖော်ဝါရီ ၂ရက်နေ့ နှလုံးသားဂီတအလှူ ဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေခဲ့ပြီးဖေဖော် ဝါရီ၉ရက်နေ့မှာတော့ တင်ဇာမော်ရှိုးပွဲမှာ ပါဝင်ဖျော်ဖြေမှာ ဖြစ် ကြောင်း ပြောပါတယ်။
ခိုင်ဝေလွင်
popular journal


0 comments:
Post a Comment