<div style='background-color: none transparent;'></div>

Home » » ဒူဘိုင်းကမ်းခြေ၌် ချစ်သူကို နမ်းမိ၍ ထောင်ဒဏ် တစ်နှစ်ကျခံခဲ့ရ

ဒူဘိုင်းကမ်းခြေ၌် ချစ်သူကို နမ်းမိ၍ ထောင်ဒဏ် တစ်နှစ်ကျခံခဲ့ရ




အာရပ်စော်ဘွားများ ပြည်ထောင်စုရှိ ဒူဘိုင်းကမ်းခြေ၌ စုံတွဲတစ်တွဲသည် နှုတ်ခမ်းခြင်းနမ်းမိ၍ ရဲများက ထိုစုံတွဲကို ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းများအရ သိရသည်။ ဒူဘိုင်း McDonald's စားသောက်ဆိုင်တွင် လာရောက်အလုပ် လုပ်ကိုင်လျက်ရှိသော အသက် ၂၈နှစ်အရွယ်ရှိ အိန္ဒိယအမျိုးသားသည် ပန်းနာရင်ကျပ် ရောဂါကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားနေရသောကြောင့် လုပ်ဖော်ကိုင်ဖက်ချစ်သူ ဖိလစ်ပိုင် အမျိုးသမီးကို နှုတ်ခမ်းချင်း လေမှုတ်သွင်း ကုသပေးခြင်းသာဖြစ်ကြောင်း

အာဏာပိုင်များအား ပြောကြားခဲ့သည်။ သို့ရာတွင် ကမ်းခြေအနီးရှိ မျက်မြင် သက်သေများက အဆိုပါစုံတွဲသည် တစ်နာရီကျော်ခန့် ကမ်းခြေတွင် မဖွယ်မရာ ပြုမူနမ်းရှုပ်နေသောကြောင့် အာဏာပိုင်များကို တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ထိုစုံတွဲသည် လိုင်စင်မရှိဘဲ အရက်သေစာများ သောက်စားထားသည်ကို တွေ့ရှိရသောကြောင့် ဒူဘိုင်းတရားရုံးက ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၃၂ဒေါ်လာ ဒဏ်ရိုက်ခဲ့သည်။ ထောင်ဒဏ် အပြစ်ဒဏ်မှ လွတ်မြောက်လာချိန်တွင်လည်း ထိုစုံတွဲအား နေရပ်သို့ ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း အာဏာပိုင်များက သတင်းထောက်များကို ပြောကြားသွားခဲ့သည်။

  ပြည်မြန်မာ

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map